မသန်စွမ်းသူများစာရင်း ပထမဆုံးအကြိမ် ကောက်ယူ

0
398

တနင်္သာရီတိုင်းတွင် ပထမဆုံး အကြိမ် မသန်စွမ်းသူများစာရင်းကို သီးခြားကောက်ယူလျက်ရှိကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ထံမှ သိရသည်။
ယင်းစာရင်းကို ဧပြီလဆန်းပိုင်းမှ စတင်ကောက်ယူလျက်ရှိပြီး ဧပြီလ ၁၁ ရက်အထိ စာရင်းအရ ထားဝယ်ခရိုင်တွင် ၁၄၂၃ ဦး၊ ကော့သောင်းခရိုင်တွင် ၁၄၃ ဦး ကောက်ယူရရှိနေပြီဖြစ်ကြောင်း အထက်ပါဦးစီးဌာန စာရင်းများအရ သိရသည်။

မြိတ်ခရိုင်တွင်မှု ကောက်ခံနေဆဲ ဖြစ်သောကြောင့် စာရင်း မရရှိသေး ကြောင်း အထက်ပါရုံး ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ဦးက ပြောသည်။
“ရုံးချုပ်က ညွှန်ကြားလို့ကောက် တာဆိုတော့ ဘာအတွက် ကောက်တာလဲ ဆိုတာတော့ ပြောဖို့ စောသေးတယ်” ဟု ဒေါ်ခိုင်ခိုင်ဦးက ဆိုသည်။

အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံ ချို့တဲ့သူ၊ ကိုယ်အင်္ဂါ မသန်စွမ်း၊ ဥာဏ် ရည်မသန်စွမ်း စသည့် မသန်စွမ်း အမျိုး အစား လေးမျိုးကို လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများ ကိုယ်တိုင် ကွင်းဆင်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်မှ ယင်းကဲ့သို့ မသန် စွမ်းသူများအရေးကို အလေးထားပြီးစာရင်း ကောက်ယူပေးခြင်းအတွက် ဝမ်းမြောက် မိပြီး မသန်စွမ်းများ၏ ရေရှည် ဘ၀ ရပ်တည်နိုင်ရေးအတွက် စီမံဆောင်ရွက် ပေးစေလိုကြောင်း ထားဝယ်မြို့ရှိ အသက် ၂၇ နှစ်အရွယ် မသန်စွမ်း အမျိုး သားတစ်ဦးက ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ တနင်္သာရီတိုင်းတွင် မသန်စွမ်းသူ အမျိုး အစားအားလုံး စုစုပေါင်း တစ်သိန်းနီးပါး (၉၈၁၃၃) ဦးရှိကြောင်း သိရသည်။