မဲဆွယ်အပြုံး သရော်စာအမှု တရားလိုပြသက်သေ မစစ်ဖြစ်

0
915

မဲဆွယ်အပြုံးသရော်စာ ရေးသား ဖော်ပြမှုကြောင့် တနင်္သာရီဂျာနယ်ကို တိုင်းအစိုးရက တရားစွဲထားသည့် အမှုအတွက် ယနေ့ ဧပြီ ၂၃ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေကို မစစ်ဆေးဖြစ်ခဲ့ကြောင်း တနင်္သာရီ ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။

ရုံးချိန်းတွင် တရားလိုပြသက်သေ ထပ်မံစစ်ဆေးရန် ချိန်းဆိုထားသော် လည်း တနင်္သာရီဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ မအားလပ်၍ ခွင့်ယူခြင်းကြောင့် တရားလိုပြသက်သေကို မစစ်ဆေးဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့် တရားလိုပြသက်သေကို ဆက်လက်စစ်ဆေးရန် လာမည့် မေလ ၇ ရက်ကို ပြည်လည်ချိန်းဆိုထားသည်။

တနင်္သာရီဂျာနယ်တွင် သရော်စာရေးသားဖော်ပြမှုဖြင့် တနင်္သာရီတိုင်း အစိုးရက တရားစွဲဆိုထားသည့်အမှု၏ ပြီးခဲ့သည့် မတ်လ ၂၂ ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် NLD ပါတီ၏ ထားဝယ်ခရိုင်အလုပ်အမှု ဆောင်အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးမိုးက လာရောက် ထွက်ဆိုခဲ့သည်။

တရားလိုပြသက်သေ ဒေါ်အေးအေးမိုးကို နှစ်ဖက်ရှေ့နေများက စစ်ဆေး မေးမြန်းခဲ့ပြီး စစ်ဆေးရန် ကျန်ရှိနေသေးသည့်အတွက် ထပ်မံချိန်းဆို ထားခြင်းဖြစ်သည်။