ထားဝယ်တွင် ညဘက်အုပ်စုဖွဲ့ လူငယ်များ အကြောင်းမဲ့ ရိုက်နှက်

0
374

ထားဝယ်မြို့တွင် ဧပြီလ ၂၅ ရက် ညက အသက်နှစ်ဆယ်ဝန်းကျင်အရွယ် လူငယ်များ၏ အကြောင်းမဲ့ အုပ်စုဖွဲ့ရိုက် နှက်မှုကြောင့် လူသုံးဦးဒဏ်ရာရရှိပြီး ဆိုင်ခန်းတစ်ခန်း ဖျက်ဆီးခံခဲ့ရသည်။

ယင်းနေ့ ည ၉ နာရီကျော်ခန့်တွင် လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင် ကျေးရွာသားနှစ်ဦး ထားဝယ်မြို့ပေါ်တွင် မင်္ဂလာဆောင်ပစ္စည်းများ ဝယ်ယူပြီးအ ပြန်တွင် နခံတောရွာပိုင် လူပြတ်သည့် နေရာတွင် အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက် ခံခဲ့ရကြောင်း တောင်မင်းပြောင်ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးဝင်းကိုလတ်က ပြော သည်။

ထိုညတွင်ပင် ဦးခေါင်းဒဏ်ရာဖြင့် ရဲကင်းရှေ့ရောက်လာသူတစ်ဦးအား သာ ယာကုန်းကျေးရွာအထိ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း ကမြော ကင်းတံတားရဲကင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
၎င်းသည် လောင်းလုံးမြို့နယ် မင်း ရပ်ကျေးရွာသားတစ်ဦးဖြစ်ပြီး ထားဝယ် မြို့တွင်းတစ်နေရာတွင် ဦးခေါင်းကို အ ရိုက်ခဲ့ရကြောင်း သိရသည်။

၎င်းအပြင် ယင်းနေ့ ည ၁၂ နာရီ ခန့်တွင်လည်း ထားဝယ်မြို့ပေါ် ဝဲကျွန်း ထိန်သစ်ရပ်ကွက်ရှိQUEEN အအေး ဆိုင်ရှိ စားပွဲခုံတစ်ခုနှင့် အအေးဗူးများ ထည့်သည့် မှန်ပုံးတစ်ပုံးအား လူငယ် ၇ ဦးခန့်က လာရောက်ဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း ဆိုင်ပိုင်ရှင် ဒေါ်မေမေဦးက ပြောသည်။

“ကျွန်မတို့မှာ ဘာရန်ငြိုးရန်စလဲ မရှိဘဲနဲ့ ဒီလိုလာလုပ်သွားတယ်”ဟု ဒေါ်မေမေဦးက ဆိုသည်။
ဒဏ်ရာရသူသုံးဦးတွင် နှစ်ဦးကို ဆေးရုံတင်ထားရပြီး ပြစ်မှုကျူးလွန်သူ များကို ဖမ်းဆီးနိုင်ရန် ထားဝယ်မြို့မရဲစ ခန်းနှင့်ပူးပေါင်းကာ သတင်းစုဆောင်း ခြင်းများ ဆောင်ရွက်နေကြောင်း လောင်းလုံး မြို့နယ် မောင်းမကန် နယ်မြေရဲစခန်းမှ ရဲအုပ်သက်ဦးက ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင်သည့် ကျေးရွာနှင့် ရပ်ကွက်တို့တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ည ဘက်ကင်းစောင့်ခြင်း၊ သတိထားစောင့် ကြည့်ခြင်းများ ပြုလုပ်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။