မွန်ရှိ မြို့နယ်အချို့တို့တွင် သောက်သုံးရေပြတ်လပ်မှု ဆိုးဆိုးရွား ရွားကြုံ

0
421

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အချို့တွင် သောက်သုံးရေပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရသည်ဟု ဒေသခံ နှင့် ရေပေးဝေလှူဒါန်းနေသူတို့၏ ပြောပြချက်အရ သိရသည်။
မတ်လအကုန် ဧပြီလဆန်းပိုင်းမှ စပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အ ချို့တို့တွင် သောက်သုံးရေပြတ်လပ်မှု ကြုံတွေ့နေရပြီး အထူးသဖြင့် ပေါင်မြို့ နယ်၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်မြို့ နယ်တို့တွင် ဆိုးဆိုးရွားရွား ဖြစ်ပွားနေ သည်ဟု ဒေသခံတို့က ပြောသည်။

“သံဖြူဇရပ်မှာက လွန်ခဲ့တဲ့ ဆယ်စု နှစ်တွေနဲ့ချီပြီး ရေလုံးဝမရှားပါးခဲ့ဖူးတဲ့ ရပ်ကွက်တွေ ရေရှားကုန်လို့ ရေတွေ လိုက် ဝေနေရတယ်၊ ဒီလိုရှားတာ ၃ နှစ် ဆက် တိုက်ရှိပြီလို့ ပြောလို့ရတယ်၊ စံချိန်တင် ရေရှားပါးတယ်လို့ ပြောလို့ရတယ်”ဟု သံဖြူဇရပ်မြို့နယ် စည်ပင်သာယာ ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။
လက်ရှိတွင် ရေပေးဝေလှူဒါန်း သည့် ပရဟိတအသင်းအဖွဲ့နှင့် တာဝန် ရှိသူတို့၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ရေလိုအပ်ချက်များကို ဖြည့်ဆည့်ပေးဝေ နိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

“ပေါင်မှာကနှစ်တိုင်းပဲ သောက် သုံးရေရှားမှုဖြစ်နေတာ အခုဆိုရင် ရေ လာရောက်ပေးဝေမှ သောက်သုံးနေရတဲ့ အနေအထား ဖြစ်နေတယ်။ လွယ်လွယ်နဲ့ မိုးမရွာသေးဘူးဆိုရင် အခြေအနေပိုဆိုး လာနိုင်တယ်”ဟု ပေါင်မြို့နယ် အလှပ် ကျေးရွာမှ ဦးတင်အောင်က ပြောသည်။
ဘီးလင်းတွင်လည်း ကျေးရွာများ တွင်သာမက မြို့ပေါ်ရပ်ကွက်များတွင် လည်း သောက်သုံးရေပြတ်လပ်မှုဖြစ် ပေါ်နေကြောင်း ရာသီဥတုပူပြင်းသည့်အ တွက် ရေတွင်း၊ ရေကန်များလည်း ခမ်း ခြောက်ကြောင်း အထူးသဖြင့် ပင်လယ် နှင့်နီးသည့်အပိုင်းတို့တွင် ပိုဆိုးနေသည် ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ယခုနှစ်နွေရာသီ ကာလတွင် မြို့နယ် ၅ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၇ ခုတို့တွင် ရေရှားပါးမှု ကြုံ တွေ့နိုင်သည့် နေရာဒေသများဖြစ် ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်း ထားသည်။

သို့သော်လည်း လက်တွေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားသည့်မြို့နယ် ၅ မြို့နယ်ထက်မက သောက်သုံးရေပြတ် လပ်ရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း သိရသည်။ သောက်သုံးရေရှား ပါးသည့် မြို့နယ်ကျေးရွာတို့တွင် ကျေး လက် ဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ် မီးသတ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များ လူမှုအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ နှင့် ဒေသခံအလှူရှင်တို့က သောက်သုံး ရေများ ပေးဝေလှူဒါန်းလျက်ရှိသည်။