ထားဝယ်၊ မြိတ်နှင့် ဘုတ်ပြင်းမြို့ နယ် အုပ်ချုပ်ရေးမှူးများ အပြောင်းအလဲ ပြုလုပ်

0
518

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ဘုတ်ပြင်းမြို့နယ် တို့မှ မြို့နယ် အုပ်ချုပ်ရေးမှူး သုံးဦးကို ဧပြီလ ၂၆ ရက်မှစပြီး အပြောင်းအလဲ ပြုလုပ်လိုက် သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ၏ အမိန့်ကြေညာစာများကို ရည်ညွှန်း ၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဧပြီလ ၂၆ ရက်စွဲပါ စာဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လက်ထောက် ညွှန်ကြားရေးမှူး ၇၅ ဦးအား ပြောင်း ရွှေ့တာဝန် ပေးအပ်ခဲ့ကြောင်း ညွှန်ကြား စာအရ သိရသည်။

ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က ဖားကန့်မြို့နယ်အုပ်ချုပ် ရေးမှူးအဖြစ် လည်းကောင်း၊ မြိတ်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက ကရင်ပြည်နယ်၊ လက်ထောက်ညွှန်ကြား ရေးမှူးအဖြစ်လည်းကောင်း၊ ဘုတ်ပြင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်း လှိုင်က ရခိုင်ပြည်နယ်၊ လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး အဖြစ် သာကေတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက လည်းကောင်း၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် လှိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် က လည်းကောင်း၊ ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ကျောက်ကြီးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ကြမည် ဖြစ်သည်။