ကော့သောင်း အစိုးရနည်းပညာ အထက်တန်းကျောင်း လာမည့်လ ကျောင်းအပ်လက်ခံမည်

0
427

ကော့သောင်းမြို့နယ်၊ ဆယ်မိုင် ကျေးရွာတွင် ဖွင့်လှစ်ထားသည့် အစိုးရ နည်းပညာ အထက်တန်းကျောင်းတွင် မေလ ပထမအပတ်မှစပြီး ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း ယင်း ကျောင်း ကျောင်းအုပ်ထံမှ သိရသည်။

အဆိုပါကျောင်းကို ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး အဋ္ဌမတန်းအောင် လက်မှတ်ရှိသူ မည်သူမဆို အသက် အရွယ် အကန့်အသတ်မရှိ လာရောက် လျှောက်ထားနိုင်ကြောင်း အထက်ပါ ကျောင်းအုပ် ဒေါက်တာ အောင်ကျော် စိန်က ဆိုသည်။” အဲလိုကျောင်းတစ်ကျောင်း အကောင်အထည်ဖော်လာတဲ့အတွက် မြို့အတွက် ဂုဏ်ယူမိတယ်၊ မျိုးဆက် သစ် လူငယ်တွေ အလုပ်လက်မဲ့၊ အလေ အလွင့် မရှိတော့ဘူး” ဟု အေးမြကန်သာ ရပ်ကွက်နေ ဦးဝင်းနိုင်က ဆိုသည်။

ယင်းကျောင်းတွင် ဘာသာရပ်တစ် ခုကို ကျောင်းသူ ကျောင်းသား အယောက် ၄၀ လက်ခံရန် သတ်မှတ် ထားသည်ဟု ဒေါက်တာ အောင်ကျော်စိန် ထံမှ သိရသည်။အဆိုပါ ကျောင်းတွင် အဆောက် အအုံ နည်းပညာသင်တန်း၊ လျှပ်စစ် နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်းတို့ကို အဓိက ဦး စားပေးသင်ကြားမည်ဟု သိရသည်။