ဂက်စ်တင်သွင်းမှုကြောင့် ထီးခီးနယ်စပ်ကုန်သွယ်မှုတန်ဖိုး တစ်ဆနီးပါးတိုးလာ

0
402

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ဖြစ်သည့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်း မှတစ်ဆင့် ဂက်စ်တင်သွင်းမှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် တစ်ဆနီးပါးတိုးလာကြောင်း ထားဝယ် မြို့နယ် အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

ထီးခီးနယ်စပ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၂ သန်းကျော် (၂ ဒဿမ ၈၄၆ သန်း) သာရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစကာ မီးဖိုချောင်သုံးဂက်စ် တင်သွင်းမှုကြောင့် အမေရိကန်ဒေါ်လာ ၄ သန်းကျော် (၄ ဒဿမ ၃၀၇ သန်း) ရှိလာကြောင်း အထက်ပါဌာန စာရင်း အရ သိရသည်။

ယင်းစာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က ထီးခီးနယ်စပ်မှတစ် ဆင့် ဂက်စ်တင်သွင်းခဲ့ခြင်းမရှိခဲ့ပေ။”နှစ်ကုန်ခါနီးမှာ ဂက်စ်တင်သွင်း တာကြောင့် ပိုများလာတယ်” ဟု မြို့နယ် အကောက်ခွန်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ငှက် ပျောသီး၊ ရေထွက်ကုန်ပစ္စည်းများနှင့် ဝါးလုံးများကို တင်ပို့ပြီး ထိုင်းနိုင်ငံမှ မီးဖိုချောင်သုံးဂက်စ်၊ စားသောက်ကုန် များ၊ စက်သုံးဆီများ ပြန်လည်တင်သွင်း ကြောင်း အထက်ပါရုံးထံမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သွင်းကုန်တင်သွင်းမှု အမေရိကန်ဒေါ် လာသန်း ၀.၇၈၂ ရှိပြီး ပို့ကုန် အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၃.၅၂၅ ရှိ ကြောင်း အထက်ပါဌာန စာရင်းများအရ သိရသည်။ထီးခီးကုန်သွယ်ရေးစခန်းကို ပြီးခဲ့ သည့် ၂၀၁၃ ခုနှစ် မေလတွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။