ပင်လယ်ပျော်တို့ရဲ့ ရေငန်သင်္ကြန်

0
1087

မြန်မာ့သင်္ကြန်နေ့များတွင် ဖိုး သကြားမင်းသည် ကုန်းမြေသို့သာ ဆင်းသက်သည်မဟုတ်ပါ။ ရေပျော် ကိုတံငါတို့ကျက်စားရာ ပင်လယ်သို့ လည်း ဆင်းသက်လေသည်။

သင်္ကြန် အိမ်ပြန်ခွင့်မရသော တံငါလှေအကြီးအငယ်တို့သည် သင်္ကြန် နေ့များထဲမှ အနည်းဆုံး တစ်နေ့ အလုပ် နားကာ အတာသင်္ကြန်ပွဲ ဆင်နွဲကြလေ သည်။
ယင်းသို့ အလုပ်နားကာ သင်္ကြန် အထိမ်းအမှတ် ပျော်ခွင့်မရက လှေသား များက အလုပ်ထွက်မလုပ်ကြဘဲ ဆန္ဒပြ တတ်ကြောင်း ငါးဆွဲလှေ(ဝါလတ်)ပဲ့နင်းတစ်ဦးက ပြောသည်။

” ကျွန်တော်လှေသားဘ၀ကလည်း ဒီလိုပဲ။ ရန်မဖြစ်ရင်ရပြီး ပျော်ရင် ကြိုက်သလိုပျော်။ ကလေးတွေကိုလည်း တစ်ခါတစ်လေ ကျွန်တော်တို့က ဘီယာ တွေ ဘာတွေ ဝယ်ပေးတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ နားကြက လှေပဲ့နင်းကြီး တို့က သူ့အုပ်စု(လှေကုမ္ပဏီတူ)အလိုက်၊ ခင်မင်ရင်းနှီးမှုအလိုက် အချိန်းအချက်ပြု နားတတ်ကြသည်။
သင်္ကြန်ပျော်လှေအုပ်စုများ စုဝေး ပူးကပ် သင်္ကြန်ကျနေသည်ကို လူနေ ကျွန်း တစ်ကျွန်းကျွန်း၏အနီးတွင် တွေ့ ရတတ်သည်။ နားပြီဆိုက လှေတစ် စီးစီးမှ ဆောင်းဘောက် အကျယ်ကြီးဖွင့် ထားပါသည်။ လှေသားတို့သည် လှေ တစ်စီးစီးတွင် စုဝေးကာ ကျွန်းဈေးလှေမှ လာရောက်ရောင်းချသော အရက်ဘီယာ များကို ဝယ်ယူသောက်စား ကခုန်ပျော် ပါးကြသည်။

သူတို့၏ သင်္ကြန် မဏ္ဍပ်က သူတို့ နိစ္စဒူဝ အလုပ်လုပ်ရာ လှေကုန်းပတ် ဖြစ်ပါသည်။ သူတို့ကခုန်ရာ ကုန်းပတ် ကို နေကာတလပတ်ပိုင်းဖြင့် အလှဆင် ကြသည်။ လှေသားတို့၏ သင်္ကြန်အတာ ရေကား ရေငန်။လှေတွင် နှိုးထားသောမီးစက်၏ ရေပန်းပိုက်မှတစ်ဆင့်ထွက်လာသည့် ရေငန်ဖြင့် တစ်ယောက်နှင့်တစ်ယောက် တစ်လှေနှင့်တစ်လှေ ပက်ကြသည်။ သူတို့၏ ကုန်းပတ်မဏ္ဍပ်ကိုလည်း ရေပန်းဖွားများ ကျနေရန် ရေငန်ပိုက် များဖြင့် ဆင်ကြသည်။
လှေပဲ့နင်းတို့သည်လည်း လှေတစ် စီးစီးတွင်စုဝေးကာ သောက်ကြစား ကြရင်း၊ လှေသားတို့ ကခုန်နေသည်ကို အပြုံးဖြင့် ကြည့်နေကြတတ်သည်။
လှေများကပ်ထားသည့်နေရာတွင် ကျွန်းမှ ရေရောင်းသည့်ရေသည်ဖောင် ရှိနေလျှင် ယင်းရေဖောင်သည်ပင် သူတို့၏ သင်္ကြန်အပူရှောင်ရာ၊ ကခုန် မြူးတူးရာ၊ ရေဆော့ရာနေရာ ဖြစ်လေ သည်။

ယင်းသို့ကခုန်ပျော်ပါးရင်း ကျွန်း ပေါ်ရှိ သင်္ကြန်မဏ္ဍပ်မှ သီချင်းသံထွက် လာလျှင် လှေငယ်လေးများဖြင့် ကျွန်း ပေါ် တက်ကြသည်။
သူတို့အား ကျွန်းပေါ်မှ သင်္ကြန် မယ် အပျိုအအိုများက ငွေဖလားဖြင့် စောင့်နေပါသည်။ လှေသားတို့အား ကျွန်းသင်္ကြန်မယ်များက အတင်းတုတ် နှောင်ကာ အလှူခံပါလိမ့်မည်။

“နှစ်ဆန်းတစ်ရက်နေ့မှာ လုပ်မယ့် သက်ကြီးပူဇော်ပွဲအတွက် အလှူခံ တာပါ” ဟု ကော့သောင်းမြို့နယ် ဂျလမ်း ကျွန်းမှက သင်္ကြန်မယ်တစ်ဦးက ဆို သည်။
ယင်းအချိန်တွင် ကျွန်သူကျွန်း သားများက သူတို့အား ရေချိုသင်္ကြန် ဆီသို့ အရောက်ပို့ကြပါသည်။ အလှူ ငွေမထည့်မချင်း ရေပက်ကြမည်။ အတင်း ဖက်ထားကြမည်။ အလှူငွေ ထည့်ပြီးက သူတို့တွင်ရှိသော ဘီယာ ဘူးများ ပြန်ပေးကြမည်ဖြစ်သည်။

အချို့ကျွန်းများ၏ သင်္ကြန်မဏ္ဍပ် များကာ သာမန် ကျေးရွာမဏ္ဍပ်ထက်ပင် ခမ်းနားပါသည်။ ယင်းမဏ္ဍပ်များရှေ့ တွင် နေ့ခင်းရော ညနေပါ ကခုန်ကြမည်။ မဏ္ဍပ်ပေါ်က အသံချက်စက်များက လည်း ဟီးထနေအောင်ဖွင့်ထားသည်။ စင်နောက်ရှိ မီးစက်ကြီးကား သင်္ကြန် ကာလ အနားရဟန်မတူ၊ အငွေ့တလူလူ။
ကျွန်းသင်္ကြန်ကခုန်ပွဲများက အတုယူဖွယ်။ အမျိုးသမီးများ ကချိန် အမျိုးသာများက လက်ခုပ်တီးပေးကြ စောင့်ရှောက်ကြသည်။ အမျိုးသမီးများ နှင့် ရောနှောကခုန်ခွင့်မရှိ။ ကလိုသော အမျိုးသားများက လွတ်သည့် နေရာ (အမျိုးသမီးအုပ်စုနှင့် ခပ်လှမ်းလှမ်း)တွင် ကခုန်ရသည်။

သို့ကြောင့် ရေစိုအလှဖြင့် လွတ် လပ်စွာကခုန်နေသည့် ကျွန်းသူအလှ ပဂေး သင်္ကြန်မေလေးများကို ကျွန်း သင်္ကြန်မဏ္ဍပ်ရှေ့တွင် တွေ့နိုင်ပါသည်။ စတုဒီသာကျွေးသည့်ကျွန်းများတွင် သင်္ကြန်တွင် စားရလေ့ရှိသော မုန့် ဥပမာ ရွှေရင်အေးတို့ကို သူတို့ ဝင်တီး ခွင့် ရပါသည်။
အသောက်အစား ဝါသနာနည်း သော၊ သောက်စားရန် မတတ်နိုင်သော ဘောလုံး ကန်ဝါသနာပါသော လှေသား တို့သည် တစ်လှေနှင့်တစ်လှေ အချိန်း အချက်ပြုကာ ကျွန်းသဲခုံတွင် ဘောလုံး ကန်ကြသည်။

ပင်ပန်းလာလျှင် ပင်လယ်ထဲဆင်း ပြေးကာ အပန်းဖြေမည်။ မဏ္ဍပ်မှ တီးလုံးသံကြားလျှင် ပြေးကမည်။ ကျွန်း သူသင်္ကြန်မယ်လေးများကို စနောက် ကြမည်။
” ပင်လယ်ထဲမှာ အလုပ်လုပ်နေရ တော့ ကမ်းဝင်ပြီး သင်္ကြန်ပေးနားတော့ တော်တော်ပျော်တယ်” ဟု လှေသား တစ်ဦးက ပြောသည်။
ရေပျော်တို့၏ သင်္ကြန် စည်းကမ်း ချက်က ရန်မဖြစ်ရ။ ရန်ဖြစ်လျှင် ရေပျှော်တို့သင်္ကြန် ချက်ချင်းရပ်ကာ ပဲ့နင်းက ပင်လယ်သို့ထွက်ခွာသွား လိမ့်မည်။
ယင်းကြောင့် လှေသားတို့ တော်ရုံ ဖြင့် ရန်မဖြစ်ကြ၊ မဖြစ်ရဲကြ။ တစ်ခုခု ဆိုက သည်းခံချော့မော့ကြသည်။

အရမ်းမူးနေပါ က တစ်ယောက်ကို တစ်ယောက်တွဲကာ ကိုယ့်လှေကိုယ် အရောက်ခေါ်သွားပါလိမ့်မည်။ လိုအပ် က ထမ်းခေါ်ကြလိမ့်မည်။ ချော့ခေါ်ကာ အမူးပြေရန် ပြုစုကြလိမ့်မည်။ လှေသားတို့ ကျွန်းသင်္ကြန်ကား တိုတောင်းလှပါသည်။ တစ်နှစ်လုံးမှ တစ်နေ့ခင်းခန့်သာ။

ပဲ့နင်းက “လှေထွက်ကြစို့၊ လှေထဲ ဆင်းကြစို့” ဟု ခေါ်လိုက်လျှင် သူတို့ သင်္ကြန်ကား တနှစ်တာ ပြီးဆုံးလေပြီ။
ထိုသို့ ထွက်ခွာသွားပါက သင်္ကြန် သီချင်းများဖြင့် ထုံမွှန်းထားသော တစ်နေ့တာ ကခုန်ပျော်မြူးခွင့်ရခဲ့သည့် သင်္ကြန်ကျွန်းကလေးအား ဆွေးတမြမြ အကြည့်ဖြင့် တိတ်တဆိတ် နှုတ်ဆက် ခဲ့ကြပါလိမ့်မည်။