ထားဝယ်သင်္ကြန်က ထားဝယ်ပုံရိပ်ကို မထိခိုက်စေချင်

0
1621

သင်္ကြန်ဆိုတာ အများပြည်သူ အေးချမ်းအောင် အတာရေနဲ့ ဖြန်းပက် ကြတဲ့ ချစ် စရာမြန်မာ့ရိုးရာဓလေ့တစ်ခုပါ။
ဒါပေမယ့် ထားဝယ်ရိုးရာ သင်္ကြန် ပွဲတော်က လူကိုထိခိုက်နာကျင်အောင် တမင်ရည်ရွယ်ပြီး လုပ်နေတာလို့ မြင်မိပါ တယ်။ အဲလိုမြင်ရတာကလည်း အကြောင်း ရှိပါတယ်။

ကျွန်မတို့မိသားစု ထားဝယ်သင်္ကြန် လာ လည်ပါတယ်။
ထားဝယ်ရိုးရာသင်္ကြန်က မြန်မာ့နှစ် ဆန်း ၁ ရက်နေ့မှာလည်း ရေလောင်းကြ တယ်။ ဒါက ဒေသတိုင်းမှာရှိတဲ့ ဓလေ့ မဟုတ်တော့ အဲဒါကိုမသိဘဲ ထားဝယ် ကို ရပ်ဝေးကနေလာလည်ကြတဲ့ ဘုရား ဖူးပြည်သူတွေ၊ ထားဝယ်မြို့ကို ခရီးဝေး ကနေ အလည်လာကြတဲ့သူတွေ အရမ်း ကိုဒုက္ခရောက်တယ်။
နှစ်ဆန်း ၁ရက်နေ့ ရေမလောင်း တော့ဘူးထင်ပြီး အဝတ်ပိုတွေလည်း အများကြီးမယူလာကြဘူးလေ။ ထည့် တာ ပြုတာ၊ ပြင်တာဆင်တာကအစ ရေလောင်းတာကို ထည့်မတွက်ထားတော့ အတော်ကသီပါတယ်။

ဒါက ရိုးရာမို့ ထားတော့။ ရေပက် တာက ပက်လို့ရပါတယ်။
အခုက လူကို နာကျင်အောင် ရေကို အိတ်နဲ့ထုပ်ပြီး ရေအိတ်တွေနဲ့ ပစ်ပေါက် တယ်။ သစ်သီး (ကနစိုသီးစမ်းဇွန်းသီး)တွေနဲ့ ပစ် ပေါက်တယ်။
ရွှေဝယ်သီရိအားကစားကွင်းအရှေ့ မှာ မျက်နှာကို စမ်းဇွန်းသီး ၃ လုံးနဲ့ ပစ် ပေါက်ခံထိတာ ကိုယ်တွေ့ပါ။
ထားဝယ်ခရိုင်စအဝင်ဘုတ် တောင် အဆင်း ကတွဲရွာရောက်တာနဲ့ရေစ လောင်းတာ။ လောင်းပါရပါတယ် စိတ် မဆိုးဘူး မေးကြည့်တော့ သူတို့ဓလေ့တဲ့။ လမ်းမှာ ကားတားတယ် ကားရပ်ပေး ထားပေမယ့် ရေနဲ့အသကုန်ပက်တယ်။

ရေနဲ့ အသကုန်ပက်ပြီး အလှူခံ တယ်။ အလှူငွေထည့်မယ့်သူက ဘယ် လိုလှူလို့ လှူရမယ်မှန်းကို မသိတာ။ အဲဒါက ဓလေ့ဆိုရင် အဲဒီဓလေ့ကို ဆင် ခြင်စေချင်ပါတယ်။အပြန်ကျတော့ ရေတွေလဲစိုလှပြီ ချမ်းလဲချမ်းလှပြီဆိုတော့ ကားရပ်ပြီး မလောင်းပါနဲ့တော့လို့ တောင်းပန်ပြီးပြော တယ် မရဘူး အသကုန်ပက်တာပဲ။

ထားဝယ်ကို အလည်လာတဲ့ ထားဝယ် က အပြန်ဧည့်သည်တွေ မင်းဒပ်ရွာက ထမင်းဆိုင်မှာဆုံတော့ ပြောလိုက်ကြတဲ့ ထားဝယ်အကြောင်း။
” နောက်တစ်ခါ ထားဝယ်ဆို “တာ့ တာ” တဲ့ လုံးဝလာမခေါ်နဲ့တဲ့ ထားဝယ်တွေ ရေပက်တာ ကြမ်းတမ်းလွန်းတယ် ကလေးကအစ လူကြီးအဆုံး ရေလောင်း တာ လက်သံအတူတူပဲ အကုန်လုံး သင်တန်း အတူတူတက်ထားလား အောင့် မေ့ရတယ်” တဲ့
အဲလိုတွေ ကိုယ်တွေ့ကြုံခဲ့ရတော့ ဒါတွေဟာ လုံးဝကိုမဖြစ်သင့်ပါဘူး။ ရေကိုအကြမ်းပတမ်းပက်တာ၊ ရေထုပ် တွေနဲ့ ပစ်တာ၊ သစ်သီးတွေနဲ့ပေါက်တာ အဲလိုလုပ်ရပ်တွေဟာ ကိုယ့်မြို့၊ ကိုယ့် ဒေသရဲ့ပုံရိပ်ကို အရမ်းကိုထိခိုက်စေ ပါတယ်။

ဒါတောင် ကျွန်မကြုံရတဲ့ဟာပဲ ရှိပါ သေးတယ်။ အခြား ကျွန်မနဲ့ပုံစံမတူပဲ ကြုံရတဲ့အဖြစ်အပျက်တွေ ဘယ်လောက် များ ရှိနေမလဲ။ သူတို့တွေရင်ထဲမှာ ဘယ် လောက်များ တနုံ့နုံ့ဖြစ်နေမလဲ။

တစ်မြို့နဲ့တစ်မြို့ တစ်နေရာနဲ့ တစ်နေရာသွားရောက်လည်ပတ်ကြ တယ်ဆိုတာ လာရောက်လည်ပတ်တဲ့ သူက ကိုယ်သွားလည်မယ့်နေရာဒေသကို ချစ်ခင်လို့ နှစ်သက်လို့ အလည်လာ တာကို အမုန်းတွေပဲ ပြန်မပေးပါနဲ့လား။

အဲဒါတွေက ကိုယ့်ဒေသရဲ့ ခရီး သွားလုပ်ငန်းတွေကို ထိခိုက်နိုင်သလို ရိုးရာယဉ်ကျေးမှုပုံရိပ်ကိုလည်း ကျဆင်း စေပါတယ်။ အကယ်၍များ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ အခုလိုပုံစံမျိုးပြုမူ မိခဲ့ရင် ဒါဟာ နိုင်ငံရဲ့ပုံရိပ်ကိုပါ ကျဆင်း စေနိုင်ပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူလူကြီး မင်းများအနေနဲ့လည်း အခုဖြစ်ရပ် တွေကို လေ့လာသုံးသပ်ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ တကယ်လို့များ ဒါဟာ ထားဝယ်ရိုးရာဓလေ့ဆိုရင်လဲ ဆင်ခြင်ပြုပြင်နိုင်စေရန် အတွက် အယ်ဒီ တာပေးစာကဏ္ဍမှတဆင့် တင်ပြပေး လိုက်ပါတယ်။

ထားဝယ် ဘုရားဖူးတစ်ဦး