န၀မတန်းကျောင်းသားတစ်ဦး အရက်မူးကာ လူသတ်

0
749

လောင်းလုံးမြို့နယ်တွင် န၀မတန်း ကျောင်းသားတစ်ဦး အရက်မူးကာ လူ သတ်မှုဖြစ်ပွားခဲ့ကြောင်း လောင်းလုံး မြို့မရဲစခန်းထံမှ သိရသည်။
သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီ လ ၁၅ ရက်တွင် မြို့ဦးထိန်သစ် ဘုန်း ကြီးကျောင်းတွင် ဒုလ္လဘရဟန်းဝတ်နေ သည့် ညီအစ်ကိုများ၏ ဝေယျာဝစ္စ ကူညီ လုပ်ကိုင်ပေးနေသူ အသက် ၃၇ နှစ် အရွယ်အမျိုးသားကို ရန်ညှိုးရန်စမရှိဘဲ ဓားဖြင့် ဝင်ထိုးခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ စခန်းမှူးက ပြောသည်။

ဓားဖြင့်ထိုးသူမှာ အသက် ၁၆ နှစ် အရွယ် န၀မတန်းကျောင်းသားတစ်ဦးဖြစ်ကြောင်း စခန်းမှူး ဒုရဲမှူး ဝင်းလွင် က ပြောသည်။
” သူ့ပုံစံက တစ်ညလုံး အရက်သောက် ထားတဲ့ ပုံစံဖြစ်နေတယ်” ဟု ဒုရဲမှူး ဝင်းလွင်က ပြောသည်။ဓားထိုးခံရသူအမျိုးသားကို ဆေးရုံ သို့ တင်ပို့စဉ် ဆေးရုံအရောက်တွင် သေ ဆုံးခဲ့ကြောင်း လောင်းလုံးမြို့မရဲ စခန်း ထံမှ သိရသည်။

ဘုန်းကြီးကျောင်းအတွင်း အထက် ပါအမျိုးသားကို ဓားဖြင့်ထိုးပြီးနောက် ယင်းဘုန်းကြီးကျောင်းအရှေ့ရှိ လက် ဖက်ရည်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ဦး ကိုလည်း ကျောက်ခဲဖြင့် လိုက်လံပစ် ပေါက်ခဲ့သဖြင့် နှစ်ဦးစလုံး ဦးခေါင်းကွဲ ဒဏ်ရာများရရှိခဲ့ကြောင်း (က) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောသည်။
လူသတ်မှုကျူးလွန်သူအား ရာဇသတ် ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ထားကြောင်း လောင်းလုံးမြို့မ ရဲစခန်း ထံမှ သိရသည်။