တိုင်းအတွင်း အကျဉ်းသား လေးရာကျော် လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်

0
414

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်ဖြင့် ဧပြီလ ၁၇ ရက် တွင် တိုင်းအတွင်းရှိ အကျဉ်းထောင်များ၊ အလုပ်စခန်းများမှ အကျဉ်းသား စုစု ပေါင်း လေးရာကျော်ကို လွှတ်ပေးခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။

ထားဝယ်အကျဉ်းထောင်တွင် ၆၄ ဦး၊ မြိတ်အကျဉ်းထောင်တွင် ၅၆ ဦး၊ ကော့သောင်းအကျဉ်းထောင်တွင် ၁၀၂ ဦး၊ ဆင်ဖြူရှင် စိုက်ပျိုးရေးစခန်းတွင် ၉၂ ဦး နှင့် ကျောက်ဖြူတောင်အလုပ်စခန်းတွင် ၁၄၅ ဦးတို့ကို သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

“လွှတ်လိုက်တဲ့အထဲမှာ ထိုင်းနိုင်ငံ သားတစ်ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတစ်ယောက် ပါတယ်” ဟု တိုင်း ဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်ဌေးက ပြောသည်။

လွှတ်လိုက်သည့် အကျဉ်းသားထဲ တွင် အမျိုးသား ၄၂၀ ဦးနှင့် အမျိုးသမီး ၃၉ ဦး ပါဝင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။