မြိတ် ဘုရားကိုင်ချောင်း ပေ ၅၀၀၀ ကျောက်စီနံရံ တည်ဆောက်မည်

0
402

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြိတ် ဘုရားကိုင်ချောင်းအား ကျောက်စီ နံရံ အလျားပေ ၅၀၀၀ တည်ဆောက် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည် လှိုင်က ပြောသည်။

ဘုရားကိုင်ချောင်းအတွင်း ရေစီး ရေလာ ကောင်းမွန်စေရေးအတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံ ငွေဖြင့် လုပ်ဆောင်နိုင်ရန် လျာထားပြီး ဖြစ်ကြောင်း ဦးကြည်လှိုင်က ပြောသည်။

ယခင်နှစ်များကလည်း ယင်းချောင်း အလျားပေ ၁၅၃၀၀ အား ကျောက်စီနံရံ ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဘုရားကိုင်ချောင်းနှင့် ဆက်စပ် လျက်ရှိသော မြိတ်တောင်ကျေးရွာအုပ်စု တွင် အိမ်ခြေ ၇၅၀၀၊ လူဦးရေ ၄ သောင်း ခန့် နေထိုင်ပြီး ဒီရေအတက်အကျတွင် ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မြိတ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီချိုက ပြောသည်။