မူးယစ်ဆေးသယ်ဆောင်လာသူ လူငယ်နှစ်ဦးအနက် တစ်ဦးထွက်ပြေး လွတ်မြောက်

0
454

ကော့သောင်းမြို့နယ်တွင် မူးယစ် ဆေးဝါး သယ်ဆောင်လာသည့် လူငယ် နှစ်ဦးအနက် တစ်ဦး ထွက်ပြေးလွတ် မြောက်ခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ဧပြီလ ၁၁ ရက်က ရွှေပြည်စိုး ကျေးရွာ လမ်းမပေါ်တွင် ယာဉ်များကို ပိတ်ဆို့တားဆီးကာ ရှာဖွေနေစဉ် မြို့ထဲ ဘက်မှ မြို့ပြင်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ ဆိုင်ကယ် နောက်တွင် လိုက်ပါလာသူတစ်ဦး ထွက် ပြေးလွတ်မြောက်ခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။
ဆိုင်ကယ်မောင်းသူ အသက် ၂၃ နှစ်အရွယ် လူငယ်ထံတွင် WY စိတ်ကြွ ဆေးပြား ၁၇၇ ပြား၊ Ice ၃ ဂရမ် ကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ယင်းရဲစခန်းမှ စခန်းမှူးက ပြောသည်။

ထွက်ပြေးလွတ်မြောက်သူအား ဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယင်းလူငယ်နှစ်ဦးအား မူးယစ်ဆေးဝါး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ကော့ သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။