မြို့ခံအချို့ ကန့်ကွက်သော်လည်း ထားဝယ်ရုံးကြီးဝင်းအတွင်း အထပ်မြင့် အဆောက်အအုံသစ် ဆက်ဆောက်မည်

0
467

ကိုလိုနီခေတ်လက်ရာ ရုံးကြီးအ ဆောက်အအုံအား ကွယ်မည်ဖြစ်သော ကြောင့် မြို့ခံအချို့က စုပေါင်းလက်မှတ် ထိုးကန့်ကွက်နေသော တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးစိုက်ရာ ထား ဝယ်မြို့လယ် ရုံးကြီးဝင်းအတွင်း အထပ် မြင့်အဆောက်အအုံသစ် တည်ဆောက် မှုအား ရပ်တန့်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

ကိုလိုနီခေတ်လက်ရာ ရုံးကြီးအ ဆောက်အအုံအား ကွယ်သင့်သလောက် ကွယ်မည်ဖြစ်သော်လည်း ပြည်ထောင် စု၏ မူဝါဒအရ မရှိမဖြစ်လုပ်ရမယ့် လုပ် ငန်းဖြစ်သော E- Government လုပ် ငန်းရုံးခန်းများအတွက် အဆောက်အအုံ လိုအပ်မှုရှိ၍ ဆောက်လုပ်ရန်အတွက် တိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံး ဖြတ်ပြီးသားဖြစ်နေကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

“ရုံးမျက်နှာစာကို ဖုံးလိုက်တာမှ မဟုတ်ဘဲ၊ ဘေးဘက်ကတော့ ဌာနဆိုင် ရာရဲ့လိုအပ်ချက်အရ လုပ်ရင်လည်း လုပ်ရမှာပဲလေ။ ရုံးကလည်း ရှေးဟောင်း အဆောက်အအုံ မဟုတ်ဘူး၊ ကိုလိုနီ ခေတ်က အဆောက်အအုံပဲ။ အဲဒီအတွက် ကြောင့်မို့လို့ ရှေးဟောင်းကိုလည်း အစ် မတို့ တစ်ခွန်းတော့ မေးထားပါတယ်။ ဆက်လုပ်မှာပါ” ဟု ဒေါက်တာလဲ့လဲ့မော် က ပြောသည်။

ထားဝယ်မြို့ခံအချို့က ယင်းနေရာ တွင် အဆောက်အအုံသစ် ဆောက်လုပ် ခြင်းကို တားမြစ်ပေးရန်အတွက် နိုင်ငံ တော်သမ္မတနှင့် တိုင်းဒေသကြီးလွှတ် တော်သို့ လက်မှတ်စုဆောင်းတင်ပြရန် ပြင်ဆင်နေကြသည်။ယင်းရုံးကြီးဝင်းအတွင်းရှိ ၂ ထပ် ရုံးအဆောက်အအုံမှာ ခေတ်အဆက်ဆက် ခန့်ညားထည်ဝါစွာရှိခဲ့သည့် ကိုလိုနီ ခေတ် ရှေးလက်ရာအဆောက်အအုံတစ် ခုဖြစ်၍ ယင်းအဆောက်အအုံ၏မြင် ကွင်းကို ဖုံးကွယ်စေမည့်အဆောက်အ ဦးသစ်ဆောက်လုပ်မှုအား မလိုလားသ ဖြင့် ဆန့်ကျင်ကန့်ကွက်ရခြင်းဖြစ် ကြောင်း မြို့ခံအချို့က ဆိုကြသည်။

လက်ရှိတွင် လက်မှတ်စုဆောင်း မှုများ ပြုလုပ်နေဆဲဖြစ်ပြီး ယခုအပတ်အ တွင်းတင်ပြနိုင်ရန် ကြိုးစားနေကြောင်း ဦးဆောင်လှုပ်ရှားသူများအနက် တစ်ဦး ဖြစ်သူ ဦးမျိုးဝင်းက ပြောသည်။“ဒီအဆောက်အအုံဆောက်တာ ကန့်ကွက်တာ မဟုတ်ဘူး၊ ဒီနေရာမှာ ဆောက်တာကို ကန့်ကွက်တာပါ။ ဒီ နေရာက ရှေးဟောင်းအမွေအနှစ်နယ်မြေ ဖြစ်နေတယ်လေ”ဟု ဦးမျိုးဝင်းက ပြောသည်။

ယင်းရုံးကြီးဝင်းသည် ထားဝယ်မြို့ လယ်ရှိ တစ်ခုတည်းသော ကုန်းမြေဖြစ် ကာ တစ်ချိန်က ဇိနသီရိဘုရားသိမ်၊ ထားဝယ်မြို့တည်မင်း မင်းနဲလှနတ်ကွန်း တို့ရှိခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် လက်ရှိ ရုံးကြီးအား အင်္ဂလိပ်အစိုးရက တည် ဆောက်ခဲ့ကြောင်း မှတ်တမ်းအချို့အရ သိရသည်။”ခေတ်အဆက်ဆက်က အကြောင်း ရှိလို့ မြေလွတ်ပဲထားခဲ့တာ အခုမှ ဆောက် မယ်ဆိုတော့ဗျာ၊ တော်တော်အသိနည်း တာပေါ့။ မဆောက်သင့်ဘူးလို့ မြင်ပါ တယ်” ဟု ထားဝယ်မြို့ခံ ကိုအောင်မိုးသူ က ပြောသည်။

ယင်းအဆောက်အအုံမှာ ရုံးကြီးအရှေ့ဘက်မြေကွက်(အစိုးရအဖွဲ့ဝင်များ ကားထားသည့်နေရာ)တွင် ရုံးကြီးနှင့် ကပ်လျက် ၃ ထပ် တည်ဆောက်မည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
” သူ့ရဲ့(ရုံးကြီး) နံဘေးနားလေးမှာ ဆောက်တာ။ ရှေးဟောင်းကိုပေါ့နော် မ ထိပါဘူး၊ ထိလို့လည်း အဆင်မပြေဘူး လေ၊ ရှေးဟောင်းအမွေအနှစ်ဖြစ်နေတဲ့ အတွက်” ဟု ဦးဖြိုးဝင်းထွန်းက ပြောသည်။

ယင်းနေရာတွင် အဆောက်အအုံ သစ်ဆောက်လုပ်မည်ဆိုက ကန့်ကွက် မည့်ဘက်မှရှိကြောင်း ထားဝယ်မြို့ခံ တစ်ဦးဖြစ်သည့် ဦးအောင်နိုင်က ပြော သည်။
” လူထုဆိုတော့ အော်ပဲအော်နိုင် တာပေါ့ဗျာ။ အစိုးရက ဆုံးဖြတ်ပေးမှ ရမှာ။ အဆောက်အအုံကြီးကိုတော့ မ ကွယ်ခိုင်းချင်ဘူး၊ ထီးထီးမားမားကြီး ဖြစ်ခိုင်းစေချင်တယ်။ ထားဝယ်မှာ ဒီ အဆောက်အအုံကြီးက ထည်ထည်ဝါ ဝါကြီးရှိနေတာကိုး” ဟု ဦးအောင်နိုင်က ပြောသည်။