ထားဝယ်သင်္ကြန်တွင် လူမှားဝိုင်း ရိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူရန် ယခုအပတ်အပြီး စစ်ဆေးမည်

0
546

ထားဝယ်တွင် သင်္ကြန်အကြတ်နေ့ ညနေပိုင်းက ရဲမေတစ်ဦးကို ကာယိ နြေ္ဒပျက်စေသည်အထိ ရေပက်ခဲ့သည် ဆိုသည့် လူငယ်များကို လိုက်လံဖမ်းဆီး ရာတွင် လူမှားကာ တုတ်ဖြင့်ဝိုင်းရိုက် ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူရန် ယခုအပတ်အပြီး စစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးက ဧပြီလ ၁၉ ရက်တွင် ပြောသည်။

လူမှားကာ အရိုက်ခံရသူများနှင့် ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင်များကို ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးဝင်း၏ဦးဆောင်သည့်အဖွဲ့ (စုံစမ်း စစ်ဆေးရေးခုံရုံး)က ဧပြီလ ၁၆ ရက်မှ စတင်ကာစစ်ဆေးနေပြီး အဖွဲ့ခေါင်း ဆောင်၏ သုံးသပ်ချက်ဖြင့် တင်ပြခိုင်း ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဆိုသည်။

စစ်ဆေးတွေ့ရှိချက်များကို တိုင်းရဲ တပ်ဖွဲ့၏မှတ်ချက်ဖြင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်ထံ ဆက်တင်ပြမည်ဖြစ်ပြီး ဌာနချုပ်အတည်ပြုချက်ဖြင့် အရေးယူ မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။”လောလောဆယ်တော့ ပြီးတော့ မယ်” ဟု ရဲမှူးကြီး နေမျိုးက ဆိုသည်။
ရဲမေတစ်ဦး အပြင်မိုးကာအင်္ကျီခြုံ ပြီး ယူနီဖောင်းဝတ်ကာ ဆိုင်ကယ်ဖြင့် ထားဝယ်ရဲစခန်းကိုလာစဉ် ထားဝယ်မြို့ ဥဿရံရပ်ကွက် ကမြောကင်းလမ်းတွင် ရေပက်နေသည့် လူငယ်တစ်စုက ကာယိ နြေ္ဒပျက်စေသည်အထိ ပြုမူကာ ရေပက် ခံရသည်ဟု ဆက်သွယ်လာသည့် အတွက် ရဲတပ်ဖွဲ့ဝင်ဦးရေ တစ်ဆယ်ကျော်က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ထားဝယ် ရဲစခန်းထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များက အဆိုပါ လူ ငယ်များကို သွားဖမ်းရာတွင် ” က” နေ သည့် အခြားလူငယ်အုပ်စုကို လူမှားပြီး တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြောင်း အရိုက်ခံရသည့် လူငယ်များက ဆိုသည်။ “ရေပက်ပြီးလို့ ပုခုံးချင်းဖက်ပြီး ကနေချိန်မှာ ရဲတွေဝင်လာပြီး ဘာမှန်း ကိုမသိဘဲနဲ့ ရိုက်သွားတာ၊ အိမ်ထဲထိ ဝင်ပြီး ရိုက်တယ်၊ ဂုတ်ကိုဆွဲပြီးရိုက်တယ်၊ မေးတာလည်း မပြောဘူး၊ ရိုက်ပဲရိုက်နေ တာ၊ ရှိသမျှလူတွေကို အားလုံးအနာတ ရဖြစ်အောင် လုပ်ခဲ့တာ” ဟု ကိုနေဇော်က ဆိုသည်။

ရဲတပ်ဖွဲ့က ခုံရုံးဖွဲ့ကာ စစ်ဆေး မည့်အပေါ်မူတည်ကာ တုံ့ပြန်သွားမည် ဖြစ်ပြီး ကျေနပ်မှုမရှိပါက ပြန်လည် တရားစွဲဆိုသွားမည်ဟု ၎င်းက ပြောသည်။
အရိုက်ခံရသည့် လူငယ်အများစုမှာ ဦးခေါင်း၊ ခြေထောက် အစရှိသည့် ခန္ဓာ ကိုယ်နေရာများတွင် ဒဏ်ရာရရှိခဲ့ကြသည်။ရဲတပ်ဖွဲ့ဝင်များက ၎င်းနေထိုင်ရာ နေအိမ်ခြံဝင်းအတွင်းထဲထိ ဝင်ရောက် ကာ အဆိုပါလူငယ်များကို ရိုက်နှက်ခဲ့ ကြောင်း ဦးထွန်းထွန်းလတ်က ဆိုသည်။

]]ရိုက်တာက ခြံစည်းရိုးအတွင်းထဲ ထိဝင်ရိုက်သွားတာ အတော်ဆိုးတယ်၊ ရဲကျင့်ရဲဝတ် မညီဘူးပေါ့” ဟု ဦးထွန်းထွန်း လတ်က ပြောသည်။
ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် ရဲမေ အား ကာယိနြေ္ဒပျက်စေသည်အထိ ရေ ပက် ပြုမူခဲ့သည်ဆိုသည့် အခြား လူငယ် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထားဝယ် ရဲစခန်းက ယင်းနေ့ ည ၁၀ နာရီခွဲခန့်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များ လူမှားကာ ရိုက် နှက်မှုကြောင့် စုစုပေါင်းလူငယ် ၁၅ ဦး ခန့် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ၇ ဦးကို ဆေးရုံတင်ကုသလိုက်ရကြောင်း အရိုက် ခံရသူတစ်ဦးဖြစ်သူ ကိုနေဇော်က ပြော သည်။တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင်မူ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦး ဧ ပြီလ ၁၅ ရက် ညနေ ၆ နာရီခန့်တွင် ယူနီဖောင်းဝတ်ကာ နေအိမ်မှ ထားဝယ် စခန်းကို ဆိုင်ကယ်ဖြင့်လာစဉ် အခင်း ဖြစ်နေရာအရောက်တွင် လူငယ်တစ်စုက တားဆီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ဝတ်ဆင်ထား သည့်မိုးကာအင်္ကျီကို အတင်းဆွဲချွတ်ကာ ပုခုံးကိုကိုင်ခဲ့သည့်အပြင် ဆိုင်ကယ်စီး ဦးထုပ်ကို ဆွဲလှန်၍ ရေပက်ခဲ့ကြောင်း ဖော်ပြထားသည်။
ရေလောင်းပြီးနောက် ရေပက်သူ များလက်ထဲတွင် ကိုင်ထားသည့် ပုလင်း များဖြင့် ရိုက်ရန်ပြုမူစဉ် စီးလာသည့် ဆိုင်ကယ်ကို ထားပစ်ခဲ့ကာ ထားဝယ်ရဲ စခန်းသို့ ထွက်ပြေးခဲ့ရကြောင်း ထုတ် ပြန်ချက်တွင် ရေးသားထားသည်။

ရေပက်နေသည့် လူငယ်အုပ်စုတွင် ပါဝင်သူ မစံပယ်ဦးကမူ ရဲမေစီးနင်း လာသည့် ဆိုင်ကယ်ကိုတားကာ ရေ လောင်းစဉ် ရဲမေကစိတ်ဆိုးပြီး မိုးကာ အင်္ကျီကို ကိုယ်တိုင်ချွတ်ကာ လမ်းမပေါ် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

” တစ်ယောက်မှ မထိဘူး၊ ကိုယ်ထိ လက်ရောက်ဆို လုံးဝမရှိဘူး” ဟု မစံပယ်ဦး က ပြောသည်။
ရဲမေကို ကာယိနြေ္ဒပျက်သည်အ ထိ ကိုယ်ထိလက်ရောက်လုပ်ဆောင်ခဲ့ သည်ဆိုကာ ရဲတပ်ဖွဲ့ဝင်များက အခင်း ဖြစ်နေရာတွင် တုတ်များဖြင့် ရိုက်နှက် ခဲ့ပြီး ရဲစခန်းကို ဖမ်းခေါ်လာချိန်တွင် လည်း တုတ်ဖြင့် ရိုက်နှက်ခံခဲ့ရကြောင်း ရိုက်နှက်ခံရသူ ကိုဌေးကျော်က ဆိုသည်။

ရဲမေကို ကာယိနြေ္ဒပျက်ယွင်းစေ သည်အထိ ပြုမူခဲ့သည်ဆိုသော လူငယ် ၈ ဦးကို ရာဇသတ်ကြီးပုဒ်မ- ၃၅၃ (ပြည်သူ့ဝန်ထမ်းကို ဟန့်တားရန်လက် ရောက်မှု)၊ ပုဒ်မ- ၃၅၄ (မိန်းကလေး၏ ကာယအိနြေ္ဒပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း) နှင့် ပုဒ်မ-၁၁၄(ပြစ်မှုကျူးလွန်ရာတွင် အားပေးကူ ညီမှု)များဖြင့် အမှုဖွင့်ထားကြောင်း ထား ဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများအကြား စိတ်ဝင်စားမှုမြင့် တက်နေပြီး ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့ သည့်အပေါ် ဝေဖန်ပြောဆိုမှုများ ရှိ သည်။