ခြေလေးချောင်းတော်လှန်ရေး (၂၃)

ဝက်များ ခွေးများ မမြင်ကွယ်ရာ ကျလျှင် အချို့သောတိရစ္ဆာန်တို့က အင် အားပြပွဲလုပ်ခြင်းမှာ နေပူကြဲကြဲကြီးထဲ၌ အလကား မတ်တပ်ရပ်၍ နေရခြင်းနှင့် အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု ပြောကြ သည့်အခါတွင် သိုးများက” ခြေလေး ချောင်းကောင်းတယ် ခြေနှစ်ချောင်း မ ကောင်းဘူး” ဟု ဆူညံစွာအော်၍ ပစ်ကြ သည်။ သို့ရာတွင် မည်သူက မည်ကဲ့သို့ ပြောကြသည်ဖြစ်စေကာမူ တိရစ္ဆာန်တို့ သည် အင်အားပြပွဲကျင်းပရခြင်းကို သဘောအကျကြီးကျကြသည်။

အဘယ် ကြောင့်ဆိုသော် ထိုသို့အင်အားပြပွဲ ကျင်း ပရခြင်းဖြင့် မိမိတို့သည် သခင်မရှိသူများ ဖြစ်ပြီးလျှင် မိမိတို့အလုပ်လုပ်ကြရသည် မှာ သူတပါးအကျိုးအတွက် မဟုတ်ဘဲ မိမိတို့ အလုပ်လုပ်ကြရသည်မှာ သူတပါး အကျိုးအတွက် မဟုတ်ဘဲ မိမိတို့ အကျိုး အတွက် လုပ်ရခြင်းသာ ဖြစ်သည်ကို ထင်ရှားစေသောကြောင့် ဖြစ်သည်။ ဤ နည်းဖြင့် တိရစ္ဆာန်တို့မှာ ပွဲလမ်းသဘင် ကြည့်ရှုရခြင်း စီတန်း လှည့်လည်ရခြင်း သံကြောင်၏စာရင်း အင်းများကို ကြားနာရခြင်း သေနတ် ဖေါက်သံကြားရခြင်း ဗန္ဓုလ၏ ရှေ့တော် ပြေးကြက်ဖနက်က လေးတွန်သံကြား ရခြင်း အလံဝင့်ရခြင်း ကြွေးကြော်သံအော်ရ ခြင်းတို့ဖြင့် အချိန်မအားလပ်နိုင်ကြ သောကြောင့် မိမိတို့မှာ ဝမ်းဟောင်းလောင်း ဖြစ်နေကြသည့် အဖြစ်ကို သတိမရကြ။

တန်ခူးလတွင် ခြေလေးချောင်း ကွင်းကို လွတ်လပ်သော သမတနိုင်ငံ အဖြစ် ကျေညာကြသည်။ ထိုအခါ သမတတင်မြှောက်ဖို့ လိုလာသည်။ သမတအရွေးခံမည့် ခြေလေးချောင်းမှာ ဗန္ဓုလတကောင်တည်းရှိသည်။ တိရစ္ဆာန် တို့သည် ဗန္ဓုလကို တညီတညွတ်တည်း သမထ တင်မြှောက်ကြသည်။ ဗန္ဓုလ သမထဖြစ်သည့်နေ့တွင် ဘော်ဖြူသည် ဦးသာခေါင်နှင့်ပေါင်း၍ ခြေလေးချောင်း ကွင်းကို ကြံနေသည့်အကြောင်း အကျယ် တဝင့်ဖေါ်ပြသော စာတမ်းတခုကို တွေ့ ရပြန်သည်။ ထိုစာတမ်းအရဆိုလျှင် ဘော်ဖြူ သည် နွားတင်းကုပ်တိုက်ပွဲ၌ တိရစ္ဆာန် များ အရေးရှုံးနိမ့်စေရန် ပရိယာယ်ဖြင့် ကြံရုံသာမဟုတ်။ ဦးသာခေါင်ဖက်မှ အ ထင်အရှားဝင်၍ပါနေသည်။ စင်စစ်ဆို သော် ဘော်ဖြူသည် လူသားလက်နက် ကိုင်တပ်တို့၏ ဗိုလ်ချုပ်ကြီးပင် ဖြစ်ပြီး လျှင် သူ့ပါးစပ်က “ခြေလေးချောင်းမှန် လျှင် အကုန်သတ်။ လူသားတို့က အောင် ရမည်ဟု” ကြွေးကြော်ကာ ရှေ့ဆုံးမှ နေ ၍ တိုက်ခဲ့သည်။ ဘော်ဖြူ၏ ကျောတွင် ဒဏ်ရာရသည်မှာလည်း ဦးသာခေါင်၏ သေနတ်ကျည်ဆံထိ၍မဟုတ် ဗန္ဓုလက ကိုက်လိုက်၍သာဖြစ်သည်။

တောကျီးကန်း ငအောသည် သုံး လေးနှစ်လောက်ပျောက်နေပြီးမှ နွေခေါင် ခေါင်ကြီးတွင် ခြေလေးချောင်းကွင်းသို့ ပြန်၍ ပေါ်လာသည်။ ငအောသည် ယခင် က ကဲ့သို့ပင် ပုံပန်းမပျက်။ အလုပ်လည်း မလုပ်။ သကာတောင် အကြောင်းကိုလည်း ပြောမြဲဆက်ပြောသည်။ ငအောသည် တိုင်ငုတ်ပေါ်တွင်နား၍ အတောင်နှစ်ဖက် ကို ခတ်ပြီးလျှင် နှုတ်သီးကို ကောင်းကင် သို့ချိန်၍ သူ့စကားကို နားထောင်လိုသော တိရစ္ဆာန်များအား နှစ်နာရီသုံးနာရီ မရပ် မနား တရားဟောသည်မှာ ” ရဲဘော်တို့ ကြည့်ကြလော့။ ဟိုတိမ်ပုပ်အထက်နား တွင် သကာတောင်ရှိသည်။ သကာတောင် သည်ကား ငါတို့တိရစ္ဆာန်များ၏ ဘေး ဒုက္ခအပေါင်း ထာဝရငြိမ်းရာကုန်ရာ အေးမြသော သောင်ကမ်းပင်တည်း” ဟူ၍ဖြစ်သည်။ ငအောက သကာတောင် သို့ သူကိုယ်တိုင်ပင် တခေါက်ရောက် ဘူးကြောင်း။

သကာတောင်တွင် နှမ်းဖတ် ပဲ ပြောင်း စသည်တို့ အလွန်ပေါကြောင်း။ သစ်ပင် ချုံနွယ်တို့တွင် နှမ်းဖတ်ပဲ ပြောင်း စသည်တို့ မစိုက်ပျိုးရဘဲ ဆယ့် နှစ်ရာသီ အလေ့ပေါက်သီးလျှက်ရှိ ကြောင်းကို စီကာပတ်ကုံး ပြောပြရာ အချို့သောတိရစ္ဆာန်တို့က ယုံကြည်ကြ သည်။
ဤလောကကြီး၌ နေရသည်မှာ အလုပ်လည်း မအားအောင်လုပ်ရ။ အစာ လည်း ၀အောင်မစားရ။ ဒုက္ခအင်မတန် ကြီးဘိရကား ဆင်းရဲရှိလျှင် ချမ်းသာရှိ မည်ဖြစ်သည့်အတိုင်း သကာတောင်ကဲ့ သို့ ချမ်းသာသော နေရာတခုရှိရမည်မှာ မုချဖြစ်သည်ဟုလည်း ငအောက ဟော သည်။ ငအောသည် ထိုကဲ့သို့ ဖေါက်ပြန် ရေးတရားကို အမြဲဟောနေပါလျက်နှင့် ဝက်တို့သည် ခြေလေးချောင်းတွင်း၌ င အောကို မည်သည့်အတွက် လက်ခံထား သည့်ဟု မပြောတတ်နိုင်အောင်ရှိသည်။ ငအောသည် ဖေါက်ပြန်ရေးတရားများကို သာတွင်တွင် ဟောနေသည်မဟုတ်။ အလုပ်လည်း ဘာမျှမလုပ်။ တနေ့ကို အရက်တမှုတ်လောက်လည်း မှန်မှန် သောက် လျက်နေသည်။

ဂျိုကားသည် သူ့ဒဏ်ရာပျောက် သည်နှင့်တပြိုင်နက် ယခင်ကထက် ဆ ထက်တပိုးတိုး၍ အလုပ်လုပ်သည်။ စင် စစ်အားဖြင့် ထိုနှစ်တွင် အားလုံးသော တိရစ္ဆာန်တို့သည် မခိုမကပ် အလုပ်ကြိုး စား၍ လုပ်ကြသည်။ တိရစ္ဆာန်တို့မှာ မိမိတို့လုပ်မြဲအလုပ်များပြင် ဓါတ်မီးစက် ကိုလည်း ပြန်၍တည်ရသည်။ ဝက်က လေးများအတွက် ကျောင်းကိုလည်း ဆောက်ကြရသည်။ အစာကို ၀အောင် မစားရသည့်အပေါ်တွင် အလုပ်ကို အချိန် ပို၍ လုပ်ကြရပြန်သောအခါ တိရစ္ဆာန် များမှာ မခံမရပ်နိုင်လောက်အောင် ရှိ ကြသည်။ သို့ရာတွင် ဂျိုကားသည် ညည်းညူခိုကပ်ခြင်း မရှိ။ သူပြောသံ ကြားရခြင်း သူလုပ်တာမြင်ရခြင်းအားဖြင့် ဂျိုကား၌ အင်အားဆုတ်ယုတ်သည့် လက္ခဏာကို မတွေ့ရ။ သို့ရာတွင် သူ့ ရုပ်မှာ အိုရုပ်အနည်းငယ်ပေါ်၍ လာပြီ။

သူ့အသားအရေများမှာ ယခင်ကလောက် ပြည့်ဖြိုးပြောင်လက်ခြင်းမရှိ။ တင်ပါး ရိုးများလည်း ပေါ်စပြုလာပြီ။” မိုးဦးကျ မြက်နုတွေ ထလာလျှင် ဂျိုကားကြီးဝလာ မှာဘဲ” ဟု အချို့တိရစ္ဆာန်များက ပြော ကြသည်။သို့ရာတွင် မိုးဦးကျပြီးလည်း ဂျိုကားမှာ ၀ဖြိုးလာခြင်းမရှိ။ ကမ်းပါးယံ မှာ ကျောက်တုံးကြီးများကို အောက်သို့ လိမ့်ကျမသွားစေခြင်းငှါ ဂျိုကားက နံပါး ဖြင့်ဖေး၍ ထားပြန်ပါလျှင်လည်း ဂျို ကားမှာ စိတ်သာပါ၍ ကိုယ်မပါတော့ ကြောင်းကို သိသာသည်။ ပင်ပင်ပန်းပန်း လုပ်ရသည့်အခါတွင်လည်း ဂျိုကားမှာ ” ငါပိုပြီး ကြိုးစားမယ်” ဟု အသံထွက် အောင် မပြောနိုင်တော့ဘဲ နှုတ်ခမ်းလှုပ် ရုံသာ လှုပ်နိုင်တော့သည်။ ခွါဖြူနှင့် မဟော်တို့က ဂျိုကားအား ကျန်းမာအောင် သတိထားဖို့ ပြောကြပြန်သော်လည်း ဂျိုကားသည် သူတို့နှစ်ကောင်၏ စကား ကို မနာယူ။ ဂျိုကားစိတ်ထဲ၌ သူအသက် ကြီး၍ ပင်စင်မယူခင် ကျောက်တုံးများ များ စုပုံပေးခဲ့ရလျှင် တော်ပြီ။ သည့်ပြင် ဘာဖြစ်ဖြစ်ဟု သဘောထားသည်။

နွေရာသီတနေ့သော ညနေခင်းတွင် ဂျိုကားအတွက် စိုးရိမ်စရာ သတင်း ထွက်ပေါ်လာသည်။ ထိုသတင်းမှာ သတင်းမှန်ဖြစ်၍ နေသည် ။ ဂျိုကားသည် ဓါတ်မီးစက်အတွက် ကျောက်တုံးများ သွား၍ သယ်နေစဉ် အားပြတ်၍ လဲ သွားသည်။ ထိုအကြောင်းကို ခိုနှစ်ကောင် က အမြန်ပျံလာပြီး တိရစ္ဆာန်များကို ပြောပြသည်။ ဂျိုကားမှာ လဲသည့်နေ ရာတွင် တုံးလုံးကြီးဖြစ်၍ နေသည်။

ထိုသတင်းကို ကြားရသောအခါ တိရစ္ဆာန်ထက် ဝက် ကျော်ကျော်လောက် ဂျိုကားရှိရာသို့ ပြေး၍ကြည့်ကြသည်။ ဂျိုကားမှာ ထမ်းပိုးရုန်းယင်း စင်းစင်းကြီး လဲ၍ နေသည်။ ခေါင်းလည်း မထောင် နိုင်။ မျက်စိများလည်း ပြာနေသည်။ ချွေးတွေလည်း ရွှဲ၍နေသည်။ ပါးစပ်ထဲမှ လည်း သွေးများ ထွက်နေသည်။ ထိုအခါ ခွါဖြူသည် ဂျိုကားနားသို့ ဝပ်ပြီးလျှင် ” ဂျိုကားရေ ဘာဖြစ်သလဲ ဘယ်လိုနေသ လဲ” ဟု မေးသည်။ ဂျိုကားက ” ကိစ္စမရှိ ပါဘူး။ ငါအမောလွန်သွားလို့ ဖြစ်တာ ပါ။ အခုတော့ ဓါတ်မီးစက်အတွက် ကျောက်တုံးတွေ တော်တော်များများစုမိ ပြီးလို့ ငါမရှိလဲ ကိစ္စမရှိတော့ဘူး ထင်ပါ ရဲ့။ ခွါဖြူရေ အမှန်ပြောရမယ်ဆိုယင် ငါလဲ နောက်တလလောက်ကြာယင် ပင် စင်ယူတော့မှာဘဲ။ မဟော်တကောင်လဲ ငါ့လိုဘဲ အသက်ကြီးပြီ။ သူလဲ ငါနဲ့အတူ တူဘဲ ပင်စင်ယူလိမ့်မယ်ထင်တယ်။ ငါနဲ့ တော့ အဖေါ်ရမှာဘဲ” ဟု ပြောသည်။ ခွါဖြူက ” ဟဲ့လာကြစမ်းပါဟဲ့။ သံ ကြောင်ကို အကျိုးအကြောင်း သွားပြော ကြစမ်းပါ ” ဟုဆိုသည်။

ခွါဖြူ၏စကားကို ကြားသော တိရစ္ဆာန်များသည် အကုန်လုံးပြေး၍ သံကြောင်ကို သွားပြောကြသည်။ ဂျို ကားအနား၌ ခွါဖြူနှင့်မဟော်နှစ်ကောင် သာ ကျန်ရစ်သည်။ မဟော်က ဘာ စကားမျှမပြောဘဲ ဂျိုကား၏အပါးတွင် ဝပ်၍ ဂျိုကားအား သူ့အမြီးနှင့်ယင်များကို ချောက်၍ ပေးသည်။ တဆယ့်ငါးမိနစ် ခန့်ကြာသောအခါ သံကြောင်သည် စိုး ရိမ်ပူပန်သော မျက်နှာနှင့်ပေါက်၍ လာ သည်။ သံကြောင်က ရဲဘော်ဗန္ဓုလဟာ ဂျိုကား အခုလိုဖြစ်သည့်သတင်းကို ကြား ရလို့ အင်မတန်စိတ်မချမ်းသာဖြစ်ပါ သည်။ ဂျိုကားလိုအလုပ်ကို ကြိုးစားပြီး လုပ်တဲ့ တိရစ္ဆာန်အလုပ်သမားဟာလဲ ရှာမှရှားတယ်လို့လဲ ပြောပါတယ်။ တာ ကြောင့် ဂျိုကားကို ရွာသစ်ကြီးဆေးရုံကို ပို့ဖို့လဲ စီမံပြီးပါပြီ” ဟု ပြောသည်။

ဂျို ကားအား လူသားတို့၏ဆေးရုံသို့ ပို့ မည့်အကြောင်းကို ကြားကြသောအခါ တိရစ္ဆာန်များသည် စိတ်မကောင်းကြ။ မယ်သီနှင့် ဘော်ဖြူနှစ်ကောင်ကလွဲ၍ ဘယ်တိရစ္ဆာန်မျှ ခြေလေးချောင်းကွင်း က ခွါမသွားကြဘူးသဖြင့် အခုဂျိုကား အား ဆေးကုရန်အလို့ငှါ လူသားတို့ ဆေးရုံပို့မည်ဆိုခြင်းကို ဘယ်တိရစ္ဆာန်မျှ သဘောမကျကြ။ ထိုအကြောင်းကို သံကြောင်က သိသဖြင့် တိရစ္ဆာန်များ အား စိတ်မပူဖို့ ပြောပြီးလျှင် ဂျိုကားကို ကိုယ့် ဟာကိုယ်ကုခြင်းထက် ရွာသစ် ကြီး ဆေးရုံသို့ပို့ခြင်းကကောင်းကြောင်း ပြောပြသဖြင့် တိရစ္ဆာန်တို့ ကျေနပ် ကြသည်။ နာရီဝက်လောက်ကြာသော အခါ ဂျိုကားမှာ အနည်းငယ်သက် သာလာသဖြင့် ကြိုးစားကာ သူ့နေရာ သို့သူ ယိုင်တိုင်ယိုင်တိုင်နှင့် သွားသည်။ ခွါဖြူနှင့် မဟော်တို့က ဂျိုကားအိပ်ရန် ကောက်ရိုးများခင်း၍ ပေးကြသည်။

ဂျိုကားသည် နောက်နှစ်ရက်တွင် သူ့ခြံထဲမှာပင် နေသည်။ ဝက်များက ဦးသာခေါင်၏အိမ်ခန်းတွင်းမှာ တွေ့ သော ဆေးနီမှုန့် ပုလင်းတလုံးကို ယူ၍ ဂျိုကားထံသို့ ပို့လိုက်သည်။ ခွါဖြူက ထိုဆေးကို ဂျိုကားအား အစာစားအပြီး တွင် တစ်နေ့နှစ်ကြိမ်တိုက်သည်။ ညနေ ညနေတွင် ခွါဖြူက ဂျိုကားအနားသို့ လာ၍ စကားစမြီးပြောကာနေသည်။ မဟော်က သူ့အမြီးနှင့်ယင်ကောင်များကို ချောက်၍ပေးသည်။ ဂျိုကားက သူအား ပြတ်၍ မကျန်းမမာဖြစ်ရခြင်းအတွက် ဝမ်းမနည်းကြောင်း ပြောပြပြီးလျှင် အကယ်၍ သူပြန်ပြီးကျန်းမာလာမည်ဆို လျှင် နောက်သုံးနှစ်လောက် နေရလိမ့်ဦး မည်ဖြစ်၍ ပင်စင်ယူကာ သီးသန့်ထား သော မြက်ခင်း၌ အေးချမ်းစွာနေဖို့ အာ သီသရှိကြောင်းကိုလည်း ပြောပြသည်။ အကယ်၍ ဂျိုကားသည် ကျန်းမာ၍ ပင် စင်ယူကာ အေးအေးသာသာနေရပါ မည်ဆိုလျှင် သူ့တစ်သက်တွင် ပထမ ဆုံး အနားယူရခြင်းဖြစ်သဖြင့် စာပေကို ကောင်းစွာ လေ့လာလိုသော ဆန္ဒရှိ သည်။ ” ငါမသေခင်အတွင်း သင်ပုန်း ကြီးကုန်အောင် သင်သွားချင်သေးတယ်” ဟုလည်း ဂျိုကားက ပြောသည်။

ခွါဖြူနှင့် မဟော်တို့မှာ နေ့ခင်းနေ့ ခင်းတွင် အလုပ်လုပ်နေကြရသဖြင့် ည နေညနေမှာသာ ဂျိုကားအနား၌ နေနိုင် ကြသည်။ တနေ့ မွန်းတည့်အချိန်တွင် တိရစ္ဆာန်များသည် ဝက်များ၏ အစီအမံ ကို ခံ၍ အလုပ်လုပ်နေကြစဉ် ဂျိုကားကို ရွာသစ်ကြီးဆေးရုံသို့ တင်သွားရန် ဘေး က အလုံကာထားသော မော်တော်ကား ကြီး တစီးရောက်လာသည်။ ထိုအခိုက် တွင် မဟော်သည် သံကုန်ဟစ်၍ အော်ပြီး လျှင် ခွါစုံပေါက်၍ တိရစ္ဆာန်များ အလုပ် လုပ်နေရာသို့ ပြေးလာသည်။ မဟော် သည် ဘယ်တော့မျှ ကျယ်လောင်စွာ လည်း မအော်ဘူး။ ခွါစုံပေါက်၍လည်း မပြေးဘူးသဖြင့် တိရစ္ဆာန်များမှာ အံ့အားသင့်၍နေကြ သည်။ မဟော်က ” ရဲဘော်တို့ မြန်မြန်လာကြ။ မြန်မြန်လာ ကြ။ ဂျိုကားကို ခေါ်သွားတော့မလို့။ မြန်မြန်လာကြ” ဟု ပြောသည်။ တိရစ္ဆာန် များလည်း မဟော်ခေါ်သံ ကြားသည်နှင့် တပြိုင်နက် ဝက်တို့ထံမှ အခွင့်မတောင်း ဘဲ အလုပ်ခွင်ကထွက်၍ ဝက်တို့နေသော အိမ်ဖက်ဆီသို့ အတင်းပြေး၍သွားကြ သည်။ ရောက်သောအခါ မဟော်ပြော သည့်အတိုင်း ဂျိုကားကိုတင်၍ ခေါ် သွားဖို့ ဘေးက အလုံပိတ်ထားသော မော်တော်ကားကြီးကို တွေ့ကြသည်။ ဂျို ကားလည်း သူ့ခြံထဲ၌ မရှိတော့။

တိရစ္ဆာန်တို့သည် မော်တော်ကား ကြီးဘေးက ဝိုင်း၍ ” ဂျိုကားရေ သွားပေ တော့။ ဂျိုကားရေ သွားပေတော့” ဟု နှုတ် ဆက်ကြသည်။ ထိုအခိုက်တွင် မဟော် သည် မော်တော်ကားကြီးကို အသေအချာကြည့်၍ မြေကြီးကို ခွါနှင့် ပေါက်ပြီးလျှင်” မော်တော်ကား ဘေး က စာကို သေသေချာချာ ဖတ်ကြစမ်းပါ အုံးဟ” ဟု ပြောသည်။ ထိုအခါ တိရစ္ဆာန် တို့သည် ငြိမ်၍သွားပြီးလျှင် စာကို ဖတ်ကြသည်။ မုတ်ဆိတ်က စာလုံးများ ကို တလုံးချင်းပေါင်း ၍ဖတ်နေသောအခါ မဟော်က တွန်း၍ပစ်ပြီးလျှင် ” ရွာသစ် ကြီး သားသတ်ကုမ္ပဏီ သားရေနှင့် အမဲရိုး ရောင်းသူများ” ဟု ရေးထားသော စာကို တိရစ္ဆာန်များအား ဖတ်ပြသည်။ တိရစ္ဆာန်များလည်း ” ဟာတခါဖြင့် အကျိုးနဲကုန်ပြီ” ဟု အော်ကြသည်။ ထိုအခိုက်တွင် မော်တော်ကားကြီးလည်း စက်နှိုး၍ ထွက်သွားသည်။ တိရစ္ဆာန် တို့သည် မော်တော်ကား ကြီးနောက်ဝိုင်း ၍ လိုက်ကြသည်။ ခွါဖြူက ရှေ့ဆုံး ကပြေး၍ လိုက်ပြီးလျှင် ” ဂျိုကားရေ ဟေ့ဂျိုကား ဂျိုကားရေ ဟေ့ဂျိုကား နင့်ကိုသတ်ဖို့ခေါ်သွားတာဟ ခုန်ချခုန် ချ” ဟု သံကုန်ဟစ်၍ ပြောသည်။ ဂျိုကာ လည်း ခွါဖြူ၏အော်သံကိုကြားသည် ဟန်ဖြင့် နောက်ဖက် ပြူတင်းပေါက် ကလေးမှ ခေါင်းပြူ၍ ကြည့်သည်။

တိရစ္ဆာန်တို့ကလည်း” ဂျိုကားရေ ခုန်ချ ခုန်ချ” ဟု သံပြိုင်ဝိုင်း၍ အော်ကြ သည်။ မော်တော်ကားလည်း အရှိန်ပြင်း ၍လာပြီ။ ဂျိုကားသည် တိရစ္ဆာန်များ အော်၍ ပြောသည်ကို သဲကွဲစွာ ကြားမှာ ကြားပါလေစ။ ထိုနောက် ခဏကြာသော အခါ ပြူတင်းပေါက်ကလေးမှ ဂျိုကား ခေါင်းကွယ်သွားသည် ။ထိုနောက် မော် တော်ကားအတွင်းမှာ ဗျုန်းဗျုန်း ဒိုင်းဒိုင်း အသံကြားရသည်။ ဂျိုကားသည် မော် တော်ကားနံရံကို ခွါနှင့်ပေါက်ချိုနှင့် ဝှေ့ ၍နေသည်။ ဂျိုကားသည် ယခင်ကကဲ့သို့ သာ ကျန်းမာပျိုရွယ်သည်ဖြစ်ပါမူ မော် တော်ကားနံရံများမှာ ကြေမွ၍ သွားရာ သည်။ သို့ရာတွင် ဂျိုကားမှာ အသက်က လည်းကြီး မာကလည်းမမာသဖြင့် လွတ်ရန် ကြိုးစားသော်လည်း အချည်း နှီးသာ ဖြစ်သည်။ နောက်ဆုံးတွင် ဂျိုကားမှာ အားပြတ်၍ မော်တော်ကား ထဲ၌ လဲကျသွားသည်။ တိရစ္ဆာန်တို့ လည်း အားမလျှော့ကြသေးဘဲ မော်တော် ကား နောက်ကပြေး၍ လိုက်ကြသည်။ သို့ရာတွင် မော်တော်ကား အရှိန်ပြင်း ၍လာသောအခါ ကျန်ရစ်ခဲ့ကြသည်။ ထိုအခါသည် တိရစ္ဆာန်တို့က ဂျိုကားကို နောက်ဆုံး မြင်ကြရသောအခါတည်း။
နောက်သုံးရက်ကြာသောအခါ သံ ကြောင်က တိရစ္ဆာန်များအား ” ဂျိုကား ကို ဆရာကောင်း သမားကောင်းများနှင့် ကုပါတယ်။ တာပေမဲ့ ဘယ်လိုမှကု၍ မရဘဲ ယခုဂျိုကားဟာ ရွာသစ်ကြီးဆေး ရုံမှာ အနိစ္စရောက်ရှာပါပြီ။ ဂျိုကားသေ သည့်အချိန်တွင် ငါကိုယ်တိုင် သူ့အနား မှာ ရှိပါတယ်” ဟု ပြောပြသည်။ ထို နောက် သံကြောင်က ဆက်၍ ” ဂျိုကား သေခါနီး မှာသွားတဲ့စကားများဟာ အင်မတန်ကြေကွဲစရာကောင်းပါတယ်။ ငါလဲ သူအသက်ထွက်တဲ့အချိန်အထိ သူ့အနားမှာ ရှိပါတယ်။ ဂျိုကားက ဓါတ် မီးစက်မပြီးခင် သူသေရတဲ့ အတွက် ဘဲ ဝမ်းနည်းပါတယ်တဲ့။ ပြီးတော့ ကျန်ရန်ခဲ့တဲ့ ရဲဘော်များကိုလဲ ခြေလေး ချောင်း တော်လှန်ရေးကြီးရဲ့မျက်နှာကို ထောက် ပြီး အစစကို ကြိုးစားလုပ်ကြဖို့ ပြော လိုက်ပါတဲ့။ ပြီးတော့ သူ့ပါးစပ်က မ ပြောနိုင်ပြောနိုင်နဲ့ ပြောသွားပါသေး တယ်။ ခြေလေးချောင်းကွင်းဟာလဲ ကမ္ဘာ အဓွန့်တည့်ပါစေတဲ့ ရဲဘော် ဗန္ဓုလကလဲ သက်တော်ရာကျော်ရှည် ပါစေတဲ့။ ပြီးတော့ နောက်ဆုံးပြောသွား တဲ့စကားကတော့ ဗန္ဓုလဟာ မမှားနိုင် တဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတဲ့ စကား ပါဘဲ” ဟု ပြောပြီးလျှင် မျက်ရည်များကို ရှေ့လက် ဖြင့် သုတ်ကာနေသည်။

ထို့နောက် သံကြောင်သည် မျက်နှာ ထားပြောင်း၍ ခဏစကားမပြောဘဲနေ ပြီး မယုံသင်္ကာရှိသည့်ဟန်ဖြင့် ဟိုဟို ဒီဒီ စူးစိုက်ကာ ကြည့်သည်။ ပြီးမှ” ဟို နေ့က ဂျိုကားကို ခေါ်သွားတုန်းက တချို့ခြေလေးချောင်းတွေက ဂျိုကားကို သားသတ်ကုမ္ပဏီက မော်တော်ကားနဲ့ သတ်ဖို့ ခေါ်သွားတယ်လေးဘာလေးနဲ့ ပြောကြတယ်။ ဒီစကားဟာ သက်သက်မဲ့ လုပ်ကြံ ပြီးပြောတဲ့ စကားပါ။ ခြေလေး ချောင်းထဲမှာ ဒီလိုယုတ်ယုတ်မာမာ ပြောတတ်မဲ့ အကောင်မရှိဘူးလို့ ထင်မိ တယ်။ လက်စသတ်တော့ ဒို့ခြေလေး ချောင်းထဲမှာလဲ လူသားတွေလို ယုတ်မာ တဲ့ အကောင်ရှိတာဘဲကို။ တကယ်ဆို ယင် ဒီလိုပြောချင်အုံးတော့ ဒို့ခေါင်း ဆောင်ကြီး ရဲဘော် ဗန္ဓုလရဲ့မျက်နှာကို ထောက်ဖို့ကောင်းတယ်။ ဂျိုကားတင် သွားတဲ့ မော်တော်ကားကြီးဘေးက သားသတ်ကုမ္ပဏီဆိုတဲ့ စာပါတာက တခြားကြောင့်မဟုတ်ပါဘူး။ ဒီမော်တော် ကားဟာ အစတုန်းကတော့ သားသတ် ကုမ္ပဏီပိုင်တဲ့ မော်တော်ကားပါဘဲ။

နောက်ကို ဆေးရုံကို လှူလိုက်တော့ အယင်က သားသတ်ကုမ္ပဏီဆို တဲ့စာကို မဖျက်ရသေးလို့ သားသတ် ကုမ္ပဏီက ကားလို့ထင်စရာဖြစ်နေတာပါ။ တကယ် ဆိုတော့ ဆေးရုံကားပါ။ ကိုင်းရဲဘော် တို့ ရှင်းပြီမဟုတ်လား” ဟု ဒေါနှင့်မော နှင့် ပြောပြသည်။ တိရစ္ဆာန်တို့လည်း သံကြောင်၏စကားကို ကြားရသဖြင့် စိတ်သက်သာရာရကြသည်။ ထိုနောက် သံကြောင်က ဂျိုကားသေခါနီး ဆေးရုံ သို့ သူရောက်သွားပုံ ဂျိုကားကို ဆရာဝန် နှင့် ဆရာမများက ယုယုယယ ပြုစု ကုသကြပုံ စရိတ်စကကို ပမာဏမထား ဘဲ အဖိုး ထိုက်အဖိုးတန်ဆေးများဖြင့် ဂျိုကားကို ကုစေဖို့ ဗန္ဓုလက စီမံပုံများ ကို ကွက်ကွက်ကွင်းကွင်း မြင်လောက် အောင် ထပ်၍ပြောပြသောအခါ တိရစ္ဆာန် တို့၏စိတ် ထဲတွင် ” ဪတာလောက် တောင် ဂရု တစိုက်ကုလို့မှ မရတော့လဲ ဘယ်တတ်နိုင်တော့မလဲ။ သူ့ကံပေါ့” ဟု အောက်မေ့ကာ အပူသိမ်းကြရသည်။

နောက်တနင်္ဂနွေနေ့မနက် အစည်း အဝေးတွင် ဗန္ဓုလကိုယ်တိုင်လာပြီးလျှင် ဂျိုကားကို ခြီးကျူးစကားပြောသည်မှာ ” ရဲဘော်တို့ သွားလေသူ သင်တို့၏ ရဲ ဘော်ဂျိုကား၏ရုပ်အလောင်းကို ခြေ လေးချောင်းကွင်းသို့ယူ၍ မသဂြိုFလ်နိုင် သဖြင့် ငါအင်မတန်ဝမ်းနည်းပါတယ်။ သို့သော် သူသေတဲ့နေရာမှာဘဲ သိုက် သိုက်မြိုက်မြိုက်သဂြိုFဟ်နိုင်အောင် ဒို့ ကွင်းကထွက်တဲ့ ပန်းများဖြင့် မွမ်းမံအပ် တဲ့ လွမ်းသူ့ပန်းခွေကိုလဲ ငါကိုယ်တိုင် ကြပ်မပြီး အပို့လွှတ်လိုက်ပါတယ်။ ပြီး တော့ နောက်နှစ်ရက်သုံးရက်နေယင် ဂျိုကားကို ဂုဏ်ပြုရန်အတွက် ဝက်များ က ထမင်းစားပွဲကြီး ကျင်းပပါလိမ့်မည်။ နောက်ဆုံးဝိတ် ရဲဘော်တို့ကို ငါမှာချင် တာကတော့ ဂျိုကားရဲ့ လက်သုံးကြွေး ကြော်သံနှစ်ခုကို မမေ့ကြဖို့ပါဘဲ။ ဂျို ကားရဲ့ ကြွေးကြော်သံ နှစ်ခုဟာက” ငါ အလုပ်ပိုကြိုးစားမယ်” ဆိုတာနဲ့ ” ရဲ ဘော် ဗန္ဓုလက ဘယ်တော့မှ မမှားဘူး” ဆိုတာပါဘဲ ။ အဲတာကို ရဲဘော်တို့ မမေ့ ကြပါနှင့်” ဟု ပြောသည်။

ဝက်များ၏ ထမင်းစားပွဲကြီး ကျင်းပမည့်နေ့တွင် ရွာသစ်ကြီးကုန်စုံ ဆိုင်မှအထဲတွင် ပုလင်းများပါသော ထင်းရူး သေတ္တာကြီးတလုံး ရောက်လာ သည်။ ထိုညတွင် ဝက်များနေသော အိမ်ပေါ်မှ ဖန်ခွက်သံ တချွင်ချွင်ကြား ရပြီးလျှင် အော်ကြဟစ်ကြသည့်အသံ သီချင်းသီ ဆိုကြသည့်အသံများကို ကြားရသည်။ သန်ကောင်လောက်ထိ အောင် ဖန်ခွက်သံများ မစဲဖြစ်သည်။ နောက်နေ့တွင် မွန်းတည့်ချိန်အထိ ဝက် များနေသော အိမ်မှ မည်သူမျှအိပ်ရာက မထကြ။ ထို့နောက် ဝက်များသည် တနည်းနည်းနှင့် ပိုက်ဆံရပြီး အရက် များ ဝယ်၍သောက်ကြသည်ဟု ကောဟာဟလ ပြောကြသည်။

ဆက်လက်ဖော်ပြပါမည်။

Related Posts