တက္ကသိုလ်ကျောင်းသားများထံမှ စိတ်ကြွဆေးပြား လေးရာနီးပါး ဖမ်းမိ

0
602

ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် တက္ကသိုလ်ကျောင်းသားများထံမှ စိတ် ကြွဆေးပြား လေးရာနီးပါး မတ်လ ၂၄ ရက်က ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့ ရဲစခန်းထံမှ သိရသည်။

ဆန်းချီရပ်ကွက် အောင်ဇေယျ လမ်းရှိ အိမ်ခန်းငှားရမ်းသည့် လုပ်ငန်း လုပ်နေသည့် ၂ ထပ်တိုက် ၈ ခန်းတွဲရှိ အခန်းတစ်ခန်းကို ဝင်ရောက်ရှာဖွေရာ နည်းပညာ၊ ကွန်ပျူတာ နှင့် ထားဝယ် တက္ကသိုလ် ကျောင်းသား ၃ ဦးထံမှ WY စိတ်ကြွဆေးပြား ၁၈၀ ပြား ဖမ်း မိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အသက် ၂၁ နှစ်အရွယ်ရှိ နည်း ပညာတက္ကသိုလ် ကျောင်းသားတစ်ဦး၊ အသက် ၁၇ နှစ်အရွယ်ရှိ ထားဝယ် ကွန်ပျူတာတက္ကသိုလ် ကျောင်းသား တစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ်ရှိ ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦး တို့တွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

အဆိုပါ ကျောင်းသားများကို စစ်ဆေးချက်အရ ထားဝယ်နည်းပညာ တက္ကသိုလ်တွင် တတိယနှစ်တက်နေ သည့် (ပဲခူးမြို့နေသူ) အသက် ၂၀ နှစ် အရွယ်ရှိ ကျောင်းသား၏ ပစ္စည်းများဖြစ် ပြီး ၎င်းမှာ မကြာမီရောက်ရှိလာမည်ဟု ထွက်ဆိုခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ က စောင့်ဆိုင်းနေခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

မတ်လ ၂၅ ရက်တွင် (ပဲခူးမြို့နေ) နည်းပညာတက္ကသိုလ် ကျောင်းသား ဖြစ်သူက ဗျြွု-၂ ကားဖြင့်ရောက်ရှိ လာပြီး အသက် ၁၈ နှစ်အရွယ်ရှိ အခြား နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး လည်း ဆိုင်ကယ်ဖြင့် ရောက်လာကြောင်း ရဲမှတ်တမ်းတွင် ရေးသားထား သည်။
အဆိုပါ ကျောင်းသားနှစ်ဦးက ၈ ခန်းတွဲ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက် စဉ် ဖမ်းဆီးခဲ့ရာ ကားဖြင့်လာရောက်သည့် နည်းပညာ တက္ကသိုလ် ကျောင်းသားထံမှ WY စိတ်ကြွဆေးပြား ၁၉၅ ပြားကို ထပ်မံဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကွင်းဆက်စစ်ဆေးချက်များအရ မတ်လ ၂၇ ရက် နံနက် ၂ နာရီခန့်တွင် ထားဝယ်မြို့၊ အနောက်ရပ်ကွက်ရှိ ဦးကျော်ရင်လမ်းဆုံ၌ အသက် ၂၃ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို ရှာဖွေရာ ၎င်း စီးနင်းလာသည့် ဆိုင်ကယ်အတွင်းမှ WY စိတ်ကြွဆေး ၈၀ ပြား ဖမ်းမိခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းအမျိုးသား၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ WY စိတ်ကြွဆေး ၁၁၆၀ ပြား ထပ်မံဖမ်းမိခဲ့ပြီး စစ်ဆေး ချက်များအရ အဆိုပါ စိတ်ကြွဆေးပြား များကို ထားဝယ်နည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား (ပဲခူးမြို့နေသူ) က ရောင်းချရန် ပေးထားသည့် ဆေးပြား များဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။