ထားဝယ် အထူးစီးပွားရေးဇုန် လျော်ကြေးနှင့်ပတ်သက်၍ ပြည်သူများ ထိခိုက်နစ်နာအောင်မလုပ်ဟု တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး အာမခံ

0
545

ထားဝယ် အထူးစီးပွားရေးဇုန် လျော်ကြေးနှင့် ပတ်သက်၍ ပြည်သူများ ထိခိုက်နစ်နာစေမည့် အလုပ်မျိုးကို လုပ် ဆောင်မည်မဟုတ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးက ပြောသည်။

ယခင်က စီမံကိန်းနှင့် ပတ်သက်၍ လျော်ကြေးငွေပေးချေရာတွင် မြေကွက် ချင်းတူသော်လည်း လျော်ကြေးငွေပမာ ဏမတူသည့်ဖြစ်စဉ်များ ရှိခဲ့ဖူးသည့် အ တွက် လက်ရှိတွင် ခွဲခြားမှုမရှိဘဲ မျှမျှတ တရရှိစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် မတ်လ ၂၈ ရက်က ပြုလုပ်သည့် စီမံ ကိန်းလုပ်ငန်းများ၏ သဘာဝပတ်ဝန်း ကျင်ဆန်းစစ်မှု အစီရင်ခံစာများ၊ လူမှု ပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံစာများ နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် များ ပြည်သူ့ကြားနာပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီး စီမံ။ဘဏ္ဍာဝန်ကြီး က ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီတွင် ဒုတိယဥက္ကဋ္ဌ(၁)အ ဖြစ် တာဝန်ယူထားသည်။

” ကျွန်တော် အာမခံနိုင်တာက ကျွန် တော်တို့ တာဝန်ယူတဲ့အချိန်မှာတော့ ပြည်သူတွေ ထိခိုက်နစ်နာမယ့်အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး” ဟု ဦးဖြိုးဝင်း ထွန်းက ပြောသည်။စီမံကိန်းနှင့် ပတ်သက်၍ ဆက်လုပ်မည့်လုပ်ငန်း(လမ်းအဆင့်မြှင့်ခြင်း)တွင် ခေတ်ကာလနှင့် လျော်ညီသည့် လျော်ကြေးငွေများ မျှမျှတတ ရရှိစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆို သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့်လမ်း ကို ထိုင်းနိုင်ငံချေးငွေဖြင့် အဆင့်မြှင့်တင် မည်ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန် – ထီးခီးလမ်းအတွက် ကျေးရွာ ၁၅ မှ ဥ ယျာဉ်ခြံမြေအချို့နှင့် အိမ်အချို့ ထိခိုက် မည်ဖြစ်ပြီး ထားဝယ် အထူးစီးပွားရေး ဇုန်ကြောင့် ထိခိုက်မည့် ကျေးရွာအရေအ တွက်ကိုမူ Masအနမ ဏူညေ ထွက်မှ သိရ မည်ဖြစ်သည်။

ယခင်က စီမံကိန်းအကောက်အ ထည်ဖော်ရာတွင် မြေယာနှင့်ပတ်သက် ပြီး လုပ်ထုံးလုပ်နည်းအမှားများ ရှိခဲ့ သည့်အတွက် လက်ရှိတွင် ယင်းကဲ့သို့ မဖြစ်စေရန် စီမံကိန်း အကောင်အထည် ဖော်မည့်သူများကို အစိုးရက ကြပ်မတ် စေချင်ကြောင်း စီမံကိန်းဧရိယာအတွင်း ကျရောက်နေသည့် နဘုလယ်အုပ်စု ပရ ဒတ်ရွာနေ ဦးသန်းလှိုင်က ဆိုသည်။

အထူးစီးပွားရေးဇုန်တွင် ကနဦးစီမံ ကိန်းအဖြစ် စီးပွားရေးဇုန် – ထီးခီးလမ်း၊ လျှပ်စစ်မီးနှင့် ဆိပ်ကမ်းငယ်အပါအ ဝင် လုပ်ငန်းအစီအစဉ် ၉ ခုကို အချိန် ၈ နှစ်အတွင်း လုပ်ရန်သတ်မှတ်ထား သော်လည်း အကောင်အထည်ဖော်နေ သည့် အီတာလျှံ-ထိုင်းကုမ္ပဏီက ငွေကြေး အခက်အခဲရှိနေကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌ-၂ ဒေါက်တာ မြင့်ဆန်းက ပြောသည်။

ဆိပ်ကမ်း၊ လမ်းနှင့် လျှပ်စစ်မီးတို့ ပြီးစီးပါက စက်မှုဇုန် အကောင်အထည် ပေါ်လာမည်ဖြစ်ပြီး စီမံကိန်းတစ်ခု လုံးကိုမူ လာမည့် ၂၀၅၀ ခုနှစ်အပြီး အ ကောင်အထည်ဖော်ရန် လုပ်ဆောင်နေ ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ပါဝင်သော စီမံကိန်း အ ကောင်အထည်ဖော်ရေး မြန်မာအစိုးရ နှင့် ထိုင်းဆောက်လုပ်ရေးကုမ္ပဏီ ITD တို့ ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရပြီး နောက်ပိုင်းတွင် ထိုင်း နှင့် မြန်မာအစိုးရချင်း ပူးတွဲအကောင် အထည်ဖော်မည့် စီမံကိန်းအဖြစ် အကောင် အထည်ဖော်ခဲ့သည်။