တနင်္သာရီ ရှေးဟောင်းဇုန်အတွင်းရှိ နေအိမ်များ တိုးချဲ့မဆောက်ရ

0
747

တနင်္သာရီမြို့ရှိ ရှေးဟောင်းနေရာ တည်ရှိရာ ဇုန်နှင့်ကာကွယ်ထိန်းသိမ်း ထားသော ဇုန်အတွင်းရှိ နေအိမ်များ တိုးချဲ့ဆောက်လုပ်ခွင့်မရှိကြောင်းရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပြောကြားခဲ့သည်။

မတ်လ ၂၉ ရက်က တနင်္သာရီမြို့ နယ်ခန်းမတွင် ပြုလုပ်သည့် ရှေးဟောင်း သုတေသနနှင့် ယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာတင်ပြရှင်းလင်းခြင်း အခမ်းအနား တွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။” တိုးချဲ့လာရင် ဘယ်မှာထားရမလဲ ဆိုတာ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါ တယ်၊ မြို့ဟောင်းထဲမှာတော့ ခွင့်ပြုလို့ မရတော့ဘူး မြို့ပြင်တစ်နေရာမှာ သတ် မှတ်ပြီး ဆောင်ရွက်ပေးဖို့လိုပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကို နိုင်က ပြောသည်။

ရှေးဟောင်းဇုန်အတွင်း လက်ရှိ တည်ဆောက်ပြီးသားဖြစ်သည့် နေအိမ် များနှင့် အဆောက်အအုံများအား ဖြိုဖျက် မည်မဟုတ်ဘဲ နေအိမ်များအကြား ဆောက်လုပ်ထားသည့် မြို့ရိုးကုန်း ၈ ကုန်းတို့အား တူးဖော်သွားမည်ကြောင်း ဦးကိုကိုနိုင်က ပြောသည်။တနင်္သာရီမြို့ဟောင်းအား ရှေး ဟောင်းနေရာတည်ရှိရာဇုန်နှင့် ကာကွယ် ထိန်းသိမ်းထားသော ဇုန်အဖြစ် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်က သတ်မှတ်ခဲ့သည်။

ဇုန်အဖြစ်သတ်မှတ်ပြီးဖြစ်သဖြင့် မြို့ဟောင်းကျုံးအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် နေအိမ်များအား စိစစ်ပြီး ဖယ်ရှားမည်ဆိုပါက ဖယ်ရှား နိုင်ကြောင်း အထက်ပါ ဒုတိယညွှန် ကြားရေးမှူးချူပ်က ဆိုသည်။သို့သော် လက်ရှိတွင် ဖယ်ရှားသွား မည်မဟုတ်ဘဲ တိုးချဲ့ရပ်ကွက်များကို အကောင်အထည်ဖော်မည့်အချိန်တွင် ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စာပေနှင့်ယဉ်ကျေး မှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောပြ သည်။

ကျုံးအတွင်း နေအိမ် ၂၅ အိမ်ခန့် ရှိကြောင်း ဦးသန်းစိုးဝင်းက ပြောသည်။တနင်္သာရီမြို့တွင် ချောင်းကြီးနှင့် ချောင်းငယ်ရပ်ကွက် ၂ ခု စုစုပေါင်း အိမ်ခြေ ၁၂၀၀ ဝန်းကျင်ခန့်ရှိပြီး တိုးပွား လာသည့် လူဦးရေအရ တိုးချဲ့ရပ်ကွက် များ အကောင်အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ယင်းမြို့ နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။