မွန်ပြည်သစ်ပါတီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရက်ရွှေ့ဆိုင်း

0
467

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ဃြဗ လက်မှတ်ရေး ထိုးထားသည့် မွန်ပြည်သစ်ပါတီ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်ရက် ရွှေ့ဆိုင်းလိုက်သည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။

မွန်လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီလ ၆ ရက်တွင် ရေးမြို့နယ်၌ ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသော်လည်း အဆို ပါဆွေးနွေးပွဲမတိုင်မီ လူထုတွေ့ဆုံပွဲများ မကျင်းပနိုင်သေးသည့်အတွက် ရွှေ့ဆိုင်း လိုက်ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီ၏ အကြိုလူထု တွေ့ဆုံပွဲ ကျင်းပသည့် အစီအစဉ်တွင် တပ်မတော်မှ ကန့်သတ်မှုရှိခဲ့သည့် အတွက် လူထုတွေ့ဆုံပွဲ ကျင်းပသည့် အစီအစဉ် ရပ်ဆိုင်းထားရပြီး ယနေ့ထိ မသေချာသေးသည့် အခြေအနေမှာ ရှိနေ သည်။” လူထုတွေ့ဆုံပွဲ မလုပ်ရသေးတဲ့ အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်တဲ့သဘော ပါ၊ ဘယ်နေ့ ပြန်လုပ်မယ်ဆိုတာ မသိ ဘူး၊ လူထုတွေ့ဆုံပွဲ လုပ်ပြီးမှ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြန် လုပ်မယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံ လုံး အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က လက် မှတ် ရေးထိုးထားခဲ့သည်။မွန်ပြည်နယ်အတွင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီတစ်ရပ်ကို အစိုးရ၊ တပ်မ တော်၊ လွှတ်တော်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ် အဖွဲ့ဝင် ၉ ဦး တို့ဖြင့် မတ်လ ၂၃ ရက်က ဖွဲ့စည်းခဲ့သည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန်အတွက် ၎င်းနှင့်ဆက်စပ်သည့် ဆွေးနွေး ပွဲများ လုပ်သင့်ကြောင်း၊ လုပ်မှသာ အဆင် ပြေမည်ဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီဝင်တစ်ဦးဖြစ်သည့် မွန်အမျိုးသားပါတီမှ မင်းကျော်ဇေယျာ ဦးက ပြောခဲ့သည်။

မွန်ပြည်နယ်အတွင်း မွန်လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲကျင်းပနိုင်ရေးအတွက် မွန်ပြည် နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲ ကြီးကြပ်မှုကော်မတီအနေနှင့် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးသွားရမည်ဖြစ်သည်။