ဘုရားပွဲသွားစက်လှေ မိုးကြိုးထိမှန်

0
463

ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာ တွင် မတ်လ ၂၅ ရက်က ဘုရားပွဲ သွားသည့် စက်လှေငယ်တစ်စီးကို မိုး ကြိုးထိမှန်ခဲ့ကြောင်း ယင်းကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထိုက်ထံမှ သိရသည်။

သဲအော်ကျေးရွာမှ စခန်းသစ်ရွာရှိ ကျောက်မတ်တတ်ရေလယ်ဘုရားပွဲသို့အလာ စခန်းသစ်ရွာအဝင် ပင်လယ်အဝ တွင် မိုးကြိုးထိမှန်ခြင်းဖြစ်ကြောင်း သိရ သည်။
မိုးကြိုးထိမှန်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လှေပေါ်ပါအခြား သူများ ထိခိုက်မှုမရှိကြောင်း အုပ်ချုပ်ရေး မှူးက ဆိုသည်။

အဆိုပါ စခန်းသစ်ကျေးရွာရှိ ကျောက်မတ်တတ် ရေလယ်ဘုရားပွဲကို နှစ်စဉ် တပေါင်းလတိုင်း ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေး ပွဲနှင့် တိုက်ဆိုင်နေသည့်အတွက် တန်ခူး လအတွင်း ကျင်းပရခြင်းဖြစ်ကြောင်း ယင်းကျေးရွာသားအချို့ထံမှ သိရသည်။