ကော့သောင်းမြို့က ဆိုင်းဘုတ် ဒီဇိုင်းအသစ်ဖြင့် ကြိုဆို

0
548

ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်၊ ကော့သောင်း-ဘုတ်ပြင်းကား လမ်းဘေး တွင် WELCOME TO KAWTHAUNG စာတန်းပါ ဆိုင်းဘုတ် ဒီဇိုင်းအသစ်ကို မတ်လ ၂၇ ရက်က တပ်ဆင်ခဲ့သည်။

အဆိုပါဆိုင်းဘုတ်ကို ရွှေရောင် သံမဏိပြားဖြင့် စာလုံးပုံဖော်ပြီး စာတန်း ထိုးထားပြီး စာသားနံဘေးတွင် လင်းပိုင် ၃ ကောင်ပုံ ပုံဖော်ထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် ထားဝယ်နှင့် မြိတ်မြို့ များကဲ့သို့ ကော့သောင်းတွင် တပ်ဆင် ခြင်းဖြစ်ကြောင်း မြို့နယ် လမ်းဦးစီးဌာန အင်ဂျင်နီယာ ဒေါ်သီသီဝင်းက ပြောသည်။

ကော့သောင်းဒေသတွင် လင်းပိုင် များရှိသည့်အတွက် ဒေသကို ကိုယ်စား ပြုသည့်အနေဖြင့် လင်းပိုင်ရုပ်များဖြင့် ပုံဖော်ထားခြင်းဖြစ်ကြောင်း ကော့သောင်း မြို့နယ် လမ်းဦးစီးဌာနထံမှ သိရသည်။