ဟိန္ဇဲချောင်းတွင် ငါးမျိုးစိတ် ၁၀ မျိုး မျိုးတုန်းပျောက်ကွယ်

0
1224

ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်နေ သည့် ရေဖြူမြို့နယ် ဟိန္ဇဲချောင်းအတွင်း ငါးမျိုးစိတ်ဆယ်မျိုး မျိုးတုန်း ပျောက် ကွယ်ခဲ့ကြောင်း ဒေသခံများပြုစုထား သည့် ငါးမျိုးစိတ်သုတေသနအရ သိရ သည်။

၂၀၀၈ ခုနှစ် မတိုင်မီက အများ အပြားဖမ်းမိခဲ့သည့် ငါးမျိုးစိတ် ၁၀ မျိုး သည် ဒေသခံများသုတေသနလုပ် ဆောင်ရာတွင် တွေ့ရခြင်းမရှိတော့ဟု ဟိန္ဇဲဒေသရေရှည်ဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။ငါးသလောက်နီ၊ ရှားထား၊ ငါးဗာ အီး၊ ကပ်သဝါးခေါင်းချွန်၊ ငါးပုဏ္ဏား၊ ငါးတံခွန်အကြီး၊ ငါးမန်းတလိုင်၊ ငါးပူ တင်းရွှေဝါ၊ ငါးမန်းကျွဲ၊ ဘလုံးဂျွန် စသည့် ငါးအမျိုးအစား ဆယ်မျိုး ပျောက်ကွယ်နေခြင်းဖြစ်သည်။

” ဒီငါးတွေ ဆိုရင် အရင်က တခြား ဒေသတွေကိုတောင် ပို့နေရတဲ့ ငါးတွေ ပါ။ အခုတောင် လုံးဝကို မတွေ့တော့ ဘူး” ဟု ဦးလှဌေးက ပြောသည်။
ဟိန္ဇဲချောင်းအတွင်း အထက်ပါ ငါးမျိုးစိတ် ၁၀ မျိုး ပျောက်ကွယ်လာ သည့်နည်းတူ အချို့ငါးများမှာ သုတေ သနတွင် တွေ့ရသော်လည်း ယခင်က ထက် လွန်စွာနည်းပါးသွားသည်ဟု ဟိန္ဇဲချောင်းတစ်လျှောက် ကျေးရွာနေသူ များက ပြောသည်။ သုတေသနကို ၂၀၁၇ ခုနှစ် ဇွန်လ မှ ဒီဇင်ဘာလအထိ လုပ်ဆောင်ခဲ့ခြင်းဖြစ် ပြီး ငါးနှင့် ရေနေသတ္တဝါ ၁၂၄ မျိုးကို တွေ့ရှိခဲ့ကြောင်း ဟိန္ဇဲဒေသရေရှည်ဖွံ့ဖြိုး ရေးအဖွဲ့ထံမှ သိရသည်။ဒေသခံများသုတေသနပြုရာက တွေ့ရသည့် ငါးမျိုးစိတ်မိတ်ဆက်ခြင်း အခမ်းအနားကို ရေဖြူမြို့နယ်၊ ကျွဲသုံး ညီမကျေးရွာရှိ ဟိန္ဇဲချောင်းနံဘေး တစ် နေရာတွင် မတ်လ ၂၇ ရက်က ကျင်းပ ခဲ့သည်။

ယင်းအခမ်းအနားတွင် ဒီရေတော အသိပညာပေးဟောပြောပွဲကိုပါ ထည့် သွင်း ကျင်းပခဲ့သည်။ငါးမျိုးစိတ်များမျိုးတုန်းပျောက် ကွယ်ခြင်းနှင့် လျော့နည်းလာရခြင်းမှာ ဒီရေတောများ ပြုန်းတီးလာခြင်းကြောင့် ဖြစ်ကြောင်း အခမ်းအနားသို့ တက် ရောက်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ဝဏ္ဏထွန်းက ပြော သည်။ငါးနှင့် ရေနေသတ္တဝါအများစုသည် ဒီရေတောတွင် ပေါက်ဖွားကြီးပြင်းကြ သည့်အတွက် ဒီရေတောပြုန်းတီး လာ ခြင်းနှင့်အတူ ငါးမျိုးစိတ်များလည်း ရှား ပါးလာခြင်းဖြစ်ကြောင်း ဦးအောင်ဝဏ္ဏ ထွန်းက ပြောသည်။

ဟိန္ဇဲချောင်းတစ်လျှောက်တွင် ဒီရေ တောပင်များကို ဒေသခံများက တစ်နိုင် တစ်ပိုင်သာ ခုတ်ယူသုံးစွဲကြသော်လည်း ဧရာဝတီတိုင်းဘက်က လှေကြီးများဖြင့် နေ့တိုင်းနီးပါး ဒီရေတောပင်များကို စီးပွားဖြစ် ခုတ်ယူ သယ်ဆောင်မှုများ ကြောင့် ပြုန်းတီးလာရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဒီရေတောကို တရားမဝင်ခုတ်ယူသူ များကို ဖမ်းဆီးနိုင်ရန် လစဉ် စီမံချက် ဖြင့် လုပ်ဆောင်နေသော်လည်း ဟိန္ဇဲ ချောင်းတစ်လျှောက် လွှမ်းခြုံမလုပ် ဆောင်နိုင်သေးကြောင်း တနင်္သာရီတိုင်း သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

ဟိန္ဇဲချောင်းသည် မွန်ပြည်နယ်တွင် ချောင်းဖျားခံကာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ကပ္ပလီပင်လယ် အတွင်း သို့ စီးဝင်သည်။