သိန္ဒောတွင် ကလေးတစ်ဦး ရေနစ်သေဆုံး

0
415

တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာ တွင် မတ်လ ၂၆ ရက်က ကလေးနှစ်ဦးရေ ဆင်းကူးရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးဆန်းအောင်ထံမှ သိရသည်။
သိန္ဒောကျေးရွာရှိ တနင်္သာရီမြစ် အတွင်း ရေဆင်းကူးရာ ကလေးတစ် ဦးမှာ အိုင်စောင်းထဲ(ရေနက်ပိုင်း)သို့ ဆင်းမိရာမှ ရေနစ်သေဆုံးခဲ့ရခြင်းဖြစ် ကြောင်း အုပ်ချုပ်ရေးမှူး ဦးဆန်းအောင် က ပြောပြသည်။

ရေနစ်သေဆုံးခဲ့ရသည့် ကလေးငယ်မှာ အသက် ၆နှစ်ဝန်းကျင်ရှိ ယောက်ျားလေးဖြစ်ပြီး တကူကျေးရွာ တိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း ချမ်းမြေ့(တကူ)နာရေး ကူညီမှုအသင်းမှ သိရသည်။
တနင်္သာရီမြစ်နံဘေးရှိ သိန္ဒောကျေးရွာ အပါဝင် ကျေးရွာများတွင် နေထိုင်သူ များသည် ရေချိုဖြစ်သည့် တနင်္သာရီ မြစ်အတွင်းသို့ဆင်းကာ ရေချိုးလေ့ရှိသည်။