သင်္ကြန်ရက်များတွင် မွန်ပြည်နယ်ရှိ အဝေးပြေးယာဉ်လိုင်း ၇ လိုင်း ပုံ မှန်ပြေးဆွဲမည်

0
497

ယခုနှစ် သင်္ကြန်ရက်များတွင် မွန် ပြည်နယ်ရှိ အဝေးပြေးယာဉ်လိုင်း ၇ လိုင်း ပိတ်ရက်မရှိ ပုံမှန်ပြေးဆွဲသွားမည်ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်း သိမ်းကြီးကြပ်ရေးကော်မတီထံမှ သိရ သည်။
လက်ရှိ ကောက်ခံထားသည့် စာ ရင်းအရ သင်္ကြန်ရက်များဖြစ်သည့် သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက် နေ့ထိ ပိတ်ရက်မရှိ ပုံမှန်ပြေးဆွဲသွားမည့် ယာဉ်လိုင်း ၇ လိုင်းရှိသည်ဟု ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ် ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင် က ပြောသည်။

အဆိုပါ ယာဉ်လိုင်း ၇ လိုင်းအနက် နျြွှ ဏွှ ၊ ရွှေနဒီ၊ အောင်ရတနာ၊ ယူနီဗာဆယ်၊ မန္တလာမင်း၊ မိဟာရ ယာဉ် လိုင်းတို့သည် မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-မန္တလေးခရီးစဉ်သို့ ပြေးဆွဲ သည့် လိုင်းများဖြစ်ပြီး ရွှေမေတ္တာယာဉ် လိုင်းသည် မော်လမြိုင်-ထားဝယ်ခရီးစဉ် ပြေးဆွဲသည့်လိုင်း ဖြစ်သည်။
လက်ရှိတွင် အဖြေမသိရသေးသည့် ယာဉ်လိုင်း ၅ လိုင်းခန့် ရှိသေးသည်ဟု သိရသည်။
“ဒီနှစ်က ပိတ်တဲ့ ယာဉ်လိုင်းတွေ များတယ်”ဟု ဦးကျော်ဝင်းမောင်က ပြောသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်-ရန် ကုန်၊ မော်လမြိုင်-မန္တလေးနှင့် မော်လ မြိုင်-ထားဝယ်ခရီးစဉ်သို့ ပုံမှန်ပြေးဆွဲ နေကြသည့် အဝေးပြေးယာဉ်လိုင်း ၇၀ လိုင်းခန့်ရှိသည်ဟု ၎င်းက ပြောသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ပြေးဆွဲမည့်ယာဉ်လိုင်းများ ယာဉ်စီးခ နှုန်း ပိုမိုကောက်ခံခြင်း မပြုရန်နှင့် ပိုမို ကောက်ခံသည်ကို တွေ့ရှိလျှင်ဖြစ်စေ၊ တိုင်ကြားလာလျှင်ဖြစ်စေ ထိရောက်စွာ အရေးယူသွားမည်ဟု ပြည်နယ်ယာဉ် လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း ယာဉ်စီးခနှုန်းထား ပိုမိုကောက်ခံသည့် ကိစ္စ တိုင်ကြားနိုင်ရန်အတွက် မွန်ပြည် နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးကိုလည်း ဖွင့်လှစ် သွားမည်ဟုလည်း ပြည်နယ်ယာဉ်လုပ် ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ရုံးထံမှ သိရသည်။
“သင်္ကြန်ရက်တွေမှာ ခရီးသွားတွေ နည်းတယ်လေ။ အဲဒါကြောင့် နားလိုက် တယ်၊ နှစ်ဆန်း ၂ ရက်နေ့ကနေစပြီး ပုံမှန်ပြန်ပြေးဆွဲသွားမှာပေါ့”ဟု သင်္ကြန် ကာလ မော်တော်ယာဉ်ပြေးဆွဲမှုရပ်နား မည့် ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြော သည်။

ယမန်နှစ် သင်္ကြန်ကာလက မွန် ပြည်နယ်၌ အဝေးပြေးယာဉ်လိုင်း ၆၂ လိုင်းရှိပြီး ယာဉ်လိုင်း ၉ လိုင်းတို့က ပိတ်ရက်မရှိ ပုံမှန်ပြေးဆွဲခဲ့သည်။