ကော့သောင်းသင်္ကြန် လောကနတ် ပြန်လာမည်

0
461

လာမည့်သင်္ကြန်ကာလ ကော့သောင်း မြို့တွင် လောကနတ် သံချပ်အဖွဲ့ ပြန် လည်ဖျော်ဖြေမည်ဖြစ်ကြောင်း ယင်း သံချပ်အဖွဲ့ထံမှ သိရသည်။
လောကနတ် သံချပ်အဖွဲ့သည် အခက်အခဲအမျိုးမျိုးကြောင့် ၂ နှစ် ရပ် နားထားခဲ့ပြီး ယခုနှစ်တွင် ပြန်လည် ဖျော်ဖြေနိုင်ရန် လေ့ကျင့်မှုများပြုလုပ် နေပြီဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဦးရွှေရိုးက ပြောသည်။

“မြန်မာ့ဓလေ့ မြန်မာ့ဟန်တွေကို လူငယ်တွေကိုလည်း လက်ဆင့်ကမ်း သွားချင်တယ်၊ ဒါကြောင့်လည်း အခုပွဲ မှာ လူငယ် အယောက် ၂၀လောက် ထည့် သွင်းထားတယ်”ဟု ဦးရွှေရိုးက ဆိုသည်။
လောကနတ် သံချပ်အဖွဲ့သည် ပိတောက်ရွှေဝါရပ်ကွက် သင်္ကြန် မဏ္ဍပ်တွင် အဓိက ဖျော်ဖြေမည်ဖြစ်ပြီး အခြားမဏ္ဍပ်များမှ ဖိတ်ခေါ်ပါကလည်း သွားရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သင်္ကြန်တွင် သံချပ်ကို ပြန်လည် ဖော်ဆောင်သည့်အတွက် ဝမ်းသာမိသည် ဟု ကော့သောင်းမြို့ခံတစ်ဦးဖြစ်သူ ဒေါ်ခင်ဝေက ပြောသည်။

“သင်္ကြန်ရဲ့အစဉ်အလာကလည်း ဒိုးပတ်နဲ့ သံချပ်က ခရာပဲ။ အဲလို ဖြစ် လာတာ အရမ်းဝမ်းသာမိတယ် နောက် ပိုင်း တဖြည်းဖြည်း မှေးမှိန်လာတဲ့ အတွက် လည်း စိတ်မကောင်းဖြစ်မိတယ်”ဟု ၎င်းက ဆိုသည်။
သံချပ်တွင် ဝတ်စားဆင်ယင်ထုံး ဖွဲ့မှုများ ၊အပြောင်းအလဲနှင့် အစိုးရ၊ ဌာနဆိုင်ရာများ၏ ချွတ်ချော်နေမှုများကို ဟာသနှောကာ ပြက်လုံးထုတ် အရွှန်း ဖောက် ပြောပြထောက်ပြမှုများ ပါဝင် သည့်အတွက် သံချပ်အဖွဲ့များ ခွင့်ပြု ချက် တင်ရပြီး ခွင့်မပြုသည်က များ သောကြောင့် သံချပ်အဖွဲ့များ တဖြည်း ဖြည်း မှေးမှိန်ပျောက်ကွယ်လာခြင်းဖြစ် သည်ဟု ဦးရွှေရိုးက ပြောသည်။

လောကနတ် သံချပ်အဖွဲ့သည် သင်္ကြန်ကာလတွင် ဖျော်ဖြေနိုင်ရေး မြို့နယ်အထွေအထွေအုပ်ချုပ်ရေး ဦးစီး ဌာန၏ ခွင့်ပြုချက်ရယူထားပြီးဖြစ်ကြောင်း ယင်းသံချပ်အဖွဲ့ထံမှ သိရသည်။