မောတောင်နယ်စပ်တွင် အလုပ်သမားယာဉ်တစ်စီး ချောက်ထဲလိမ့်ကျ

0
438

တနင်္သာရီမြို့နယ် မောတောင်နယ် စပ် အမှတ် ၆ ရပ်ကွက်အနီးတွင် မတ်လ ၂၁ ရက်က ပြည့်ဖြိုးထွန်းဆီအုန်း ကုမ္ပဏီ မှ အလုပ်သမားများ တင်ဆောင်လာ သည့် မော်တော်ယာဉ်တစ်စီး ချောက် ထဲသို့ လိမ့်ကျခဲ့ကြာင်း မောတောင် နယ်စပ် ရပ်/ကျေး အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းမှ သိရသည်။

အမှတ် ၆ ရပ်ကွက်အနီးရှိ တောင် ကုန်းအတက်တွင် မော်တော်ယာဉ်နောက် ဘီးပြုတ်ထွက်ကာ နောက်ပြန်လိမ့်ဆင်း ပြီး ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း အမှတ် ၆ ရပ်ကွက်နေသူတစ်ချို့ထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်ပါ အလုပ်သမား ၁၅ ဦးခန့် ဒဏ်ရာ များရရှိခဲ့သဖြင့် မောတောင်နယ်စပ်တစ် ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့ဆေးရုံသို့ အရေးပေါ် လူနာအဖြစ် တင်ပို့ခဲ့ပြီး ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း ပြည့်ဖြိုး ထွန်း ဆီအုန်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။