တနင်္သာရီတိုင်းအတွင်း သုံးရက် လျှင် လူတစ်ဦးနှုန်း သတ်သေ

0
451

တနင်္သာရီတိုင်းအတွင်း သုံးရက် လျှင် လူတစ်ဦးနှုန်း ကြိုးဆွဲချခြင်း၊ အဆိပ်သောက်ခြင်း စသည့် နည်းအမျိုး မျိုးဖြင့် သတ်သေနေကြသည်။
တိုင်းရဲတပ်ဖွဲ့ စာရင်းများအရ ၂၀၁၃ ခုနှစ်က မိမိကိုယ်ကို သတ်သေသူ ၅၁ ဦးသာရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၁၁၀ ဦးအထိ မြင့်တက်လာပြီး ၅နှစ်တာကာလ အတွင်း နှစ်ဆကျော် တိုးလာသည်။

မိမိကိုယ်ကို အဆိုးမြင်လွန်းခြင်း၊ မျှော်လင့်ချက် ကင်းမဲ့သည့် အခြေအနေ၊ အထီးကျန် အဖော်မဲ့ခြင်း၊ အကဲဆတ် လွန်းခြင်း၊ ဝန်ထုပ်ဝန်ပိုး ကြီးမားခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် ဆေးဝါး အလွဲသုံးမှုများက မိမိကိုယ်ကို သတ် သေရန် တွန်းအားများ ဖြစ်စေကြောင်း မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာန တာဝန်ခံဆရာဝန်၊ ဒေါက်တာ တင်စိုးမိုးက ရှင်းပြသည်။

မြိတ်တွင် မိမိကိုယ်ကိုသတ်သေရန် ကြံစည်မှုနှင့် သတ်သေမှု ၈၀ ရာခိုင်နှုန်း ခန့်က မူးယစ်ဆေးနှင့် အရက်ကြောင်မှု များကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စိတ်ကြောင့် ဆေးစွဲတာ၊ ဆေးစွဲ လို့ စိတ်ရောဂါဖြစ်တာ နှစ်မျိုးအပြန် အလှန်ဆက်စပ်ပြီး မိသားစု ရပ်ရွာက ကျဉ်လာတာ(ဝိုင်းပယ်)ခံရပြီး သတ် သေတဲ့အထိ ဖြစ်လာကြရတယ်”ဟု ဒေါက်တာ တင်စိုးမိုးက ပြောသည်။
၂၀၁၇ ခုနှစ်တွင် WY စိတ်ကြွ ဆေးပြား ၅ သိန်းနီးပါး ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ စာရင်းများအရ သိရသည်။
တိုင်းအတွင်း မိမိကိုယ်ကို သတ် သေသူများအနက် အမျိုးသားဦးရေက ၉၃ ရာခိုင်နှုန်းရှိကာ အမျိုးသမီးက ၇ ရာခိုင်နှုန်းရှိကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်း တွင် ဖော်ပြသည်။

အမျိုးသားများ သတ်သေနှုန်း ပိုများ သည့်အချက်များအနက် တစ်ချက်မှာ ဇီဝကမ္မသဘောတရားအရ စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှုများကို အမျိုးသားများ က အမျိုးသမီးများထက် ခံနိုင်ရည် နည်း ပါးခြင်းကလည်း တစ်ခုအပါအဝင် ဖြစ် ကြောင်း ဒေါက်တာတင်စိုးမိုးက ပြောသည်။
တနင်္သာရီအပတ်စဉ်က တိုင်း အတွင်းနေ အမျိုးသား ၂၄ဦးနှင့် အမျိုး သမီး ၁၆ ဦးကို မေးမြန်းရာ အမျိုး သား ၈ ဦးနှင့် အမျိုးသမီး ၈ ဦးတို့က မိမိကိုယ်ကို သတ်သေရန် တွေးတောခဲ့ ဖူးပြီး ၇ ဦးက သတ်သေရန် အားထုတ်ခဲ့ ဖူးကြောင်း ဖြေဆိုကြသည်။

အလုပ်တွင် ဖိအားပေးခံရချိန်၊ မိ သားစုကိစ္စ အဆင်မပြေချိန်နှင့် စားဝတ် နေရေး မပြေလည်သည့်အချိန်များတွင် သတ်သေရန် စဉ်းစားခဲ့ဖူးပြီး သားသမီး များ အနာဂတ်ကိုတွေးကာ ဖြေသိမ့်ခဲ့ရ သည့်အချိန်များ ရှိခဲ့ဖူးကြောင်း အသက် ၃၇ နှစ်အရွယ်ရှိ ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးက ဖွင့်ဟသည်။
“ငါမရှိရင် မိသားစုကို တာဝန်ယူ မယ့်သူမရှိဘဲ အားငယ်ပြီး အဆင်မပြေ ဖြစ်နေတော့မှာပဲဆိုပြီး ပြန်ဖြေရတာ ပေါ့”ဟု အဆိုပါ အမျိုးသားက ပြောသည်။

တိုင်းအတွင်း ယမန်နှစ်က လူသေ မှု ၃၂၂ ခုရှိပြီး လူသေမှုပမာဏထဲတွင် ကြိုးဆွဲချ သေဆုံးသည့် အရေအတွက်က ၁၀၃ ဦးရှိကာ အများဆုံး ဖြစ်နေသည်။
ယင်းလူသေမှု အရေအတွက်တွင် လက်လုပ်လက်စားလူတန်းစား သေဆုံး မှုက အများဆုံးဖြစ်ပြီး ၂၄၅ ဦးအထိရှိ ကြောင်း ရဲတပ်ဖွဲ့ စာရင်းများအရ သိရသည်။

ယေဘူယျအားဖြင့် လတ်တလော အချိန်တွင် စီးပွားရေး၊ လူမှုရေး ကြပ် တည်းမှုများက သတ်သေမှုကို လှုံ့ဆော် သည့်အကြောင်းအရာတစ်ခု ဖြစ်နေသည် ဟု ထင်ကြောင်း တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက သုံးသပ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ မြိတ်မြို့ နေ အမျိုးသမီးတစ်ဦးကမူ အလုပ် လျှောက်ရာတွင် မည်သည့်အလုပ်မျှ ခန့် အပ်ခြင်း မခံရသည့်အတွက် စိတ်ဖိစီးမှု များလာပြီး သတ်သေရန် တွေးခဲ့ဖူး ကြောင်း ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ထားဝယ်မြို့ ရွှေတောင်စားစေတီ ရင်ပြင် အနီးတွင် မိဘများ သဘောမတူသည်ကို အကြောင်းပြုကာ သမီးရည်းစားနှစ်ဦး အဆိပ်သောက် သတ်သေခဲ့ကြသည်။ သို့သော် ကံကောင်းထောက်မကာ အသက် ဆုံးရှုံးမှု မဖြစ်ခဲ့ပေ။

နှစ်စဉ် ကမ္ဘာပေါ်တွင် လူပေါင်း ၈ သိန်းကျော်က မိမိကိုယ်ကို သတ်သေ ကြပြီး လူသားများ သေဆုံးမှု၏ ၁.၅ ရာခိုင်နှုန်းအထိ ရှိသည်ဟု ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခု အရ သိရကြောင်း ဒေါက်တာ တင်စိုးမိုး က ပြောသည်။
လင်ယောက်ျားဖြစ်သူကြောင့် စိတ်ဖိစီးမှုများဖြစ်လာပြီး ကြိုးဆွဲချ သတ်သေရန် တစ်ကြိမ်အားထုတ်ခဲ့ ဖူးသော်လည်း လူတွေ့သွားသည့်အတွက် အထမမြောက်ဖြစ်ခဲ့ကြောင်း အသက် ၃၃ နှစ်အရွယ်ရှိ ကံပေါက်ရွာနေ အိမ် ထောင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီနှစ်ထဲမှာကို သတ်သေဖို့ နှစ် ကြိမ်လောက် စဉ်းစားခဲ့ဖူးတယ်၊ ကိုယ့် အမျိုးသားက စိတ်ဖိစီးမှုတွေဖြစ်အောင် လုပ်တဲ့ အချိန်မျိုးတွေမှာပါ”ဟု အထက် ပါ အမျိုးသမီးက ပြောသည်။
၂၀၁၇ ခုနှစ်တွင် မိမိကိုယ်ကို သတ်သေမှု အများဆုံးမှာ ထားဝယ်ခရိုင် ဖြစ်ပြီး မြိတ်ခရိုင်က ဒုတိယ အများဆုံး ဖြစ်သည်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မြိတ်ခရိုင်က ထားဝယ်ခရိုင်ထက် လူဦးရေ ၂ သိန်းခန့် ပိုများသည်။
မိမိကိုယ်ကို သတ်သေကြရာတွင် ပထမအဆင့်အနေဖြင့် မိမိကိုယ်ကို အဆိုးမြင်လာပြီး ဘ၀အနာဂတ် မျှော် လင့်ချက်မရှိသလို ခံစားလာရကာ အထီးကျန်နေထိုင်ခြင်း၊ စိတ်အကဲ ဆတ်ခြင်း ဂဏှာမငြိမ်ဖြစ်ခြင်း မိမိကိုယ် ကို ဝန်ထုပ်ဝန်ပိုးဟု မြင်လာပြီး အပြု အမူ အပြောအဆိုများ မူမမှန်ခြင်း အစ ရှိသည့် လက္ခဏာများ ဖြစ်လာကြောင်း ဒေါက်တာတင်စိုးမိုးက ဆိုသည်။

“မိသားစုအနေနဲ့ ဒီ process (ဖြစ်စဉ်)တွေကို ကြိုတင်သိပြီး ဂရုစိုက် ပေးလို့ရတယ်၊ လူဟာတစ်ယောက်တည်း အထီးကျန် မဟုတ်ဘူးဆိုတာ မိသားစု အနေနဲ့ မေတ္တာပြလို့ရတယ်၊ အဖွဲ့ အစည်းအလိုက်လည်း ဒီလို ဖြစ်စဉ် အကြောင်း ပညာပေး ဆွေးနွေးပွဲတွေ လုပ်လို့ရတယ်”ဟု ၎င်းက အကြံပြုသည်။
မိမိကိုယ်ကိုယ် သတ်သေရန် ကြံ စည်နေပြီဆိုက နီးစပ်ရာ စိတ်ကျန်း မာရေး ဆရာဝန်ကြီးနှင့် ဆရာဝန်များ ထံတွင် ပြသသင့်ကြောင်း ဒေါက်တာ တင်စိုးမိုးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မြိတ်ဆေး ရုံကြီးတစ်ခုတွင်သာ စိတ်ကျန်းမာရေး ဆရာဝန်ကြီးတစ်ဦးရှိပြီး ကျန်သည့် ထားဝယ်နှင့် ကော့သောင်းတွင် စိတ် ကျန်းမာရေး ဆရာဝန်ကြီးများ မရှိပေ။
ထားဝယ်တွင် စိတ်ကျန်းမာရေး ဆရာဝန်ကြီးတစ်ဦး ခန့်ထားပေးရန် အတွက် ဆေးရုံအုပ်ကြီးနှင့် တိုင်ပင်ကာ ပြည်ထောင်စု အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က မတ်လအစောပိုင်းက ပြော ဆိုထားသည်။

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် ယခင်နှစ်ထက် အဆင် ၁၆ ဆင့် လျော့ကျခဲ့သည်။
ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် Sustainable Development Solutions Network- SDSN က ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံ စာအရ မြန်မာနိုင်ငံသည် အဆင့် ၁၃၀ တွင် ရှိနေသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံသည် အဆင့် ၁၁၄ တွင် ရပ်တည်နိုင်ခဲ့ သည့်အတွက် ယခင်နှစ်ထက် အဆင့် ၁၆ ဆင့် လျော့ကျခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ ပျော်ရွှင် မှု အစီရင်ခံစာကို မတ်လ ၂၀ ရက်တွင် ကျရောက်သည့် ကုလသမဂ္ဂ၏ World Hapiness Day မတိုင်မီ ကြိုတင်၍ မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာသည် ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို ဝင်ငွေ၊ လွတ် လပ်မှု၊ ယုံကြည်မှု၊ကျန်းမာသော ဘ၀နေ ထိုင်မှု၊ လူမှုရေးအထောက်အပံ့နှင့် သဘော ထားကြီးမှု စသည့် အဓိက အချက် ၆ ချက်ဖြင့် တွက်ချက် သတ်မှတ် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။