မေတ္တာတွင် ကြက်တိုက်သူ တစ်ဒါဇင် ဖမ်းမိ

0
398

မေတ္တာမြို့၊ မြောင်းပြိုရွာအနီး ကြက်တိုက်ပွဲတွင် အမျိုးသား တစ်ဒါဇင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြောင်းပြိုရွာအနီး၊ တောင်နှစ်လုံး ကြားတွင် ကြက်တိုက်လောင်းကစား ဝိုင်းကို မတ်လ ၁၈ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခဲ့ရာ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး အပါအဝင် အမျိုးသား ၁၂ ဦးနှင့် ဆိုင်ကယ် ၂၄ စီးကို ဖမ်းမိခဲ့ ကြောင်း အထက်ပါ ရုံးထံမှ သိရသည်။
၎င်းအပြင် တိုက်ကြက်ဖ ၂ ကောင် နှင့် လောင်းကြေးငွေ ၅ သိန်းကျော်ကို လည်း ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖမ်းဆီးခံရသူများတွင် အသက် အကြီးဆုံး ၆၁ နှစ်အရွယ်မှ အငယ်ဆုံး ၂၀နှစ်အထိ အမျိုးသားများ ပါဝင်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ကြက်တိုက် လောင်းကစားလုပ်ခဲ့ သည့် အမျိုးသား ၁၂ ဦးကို လောင်းက စားပုဒ်မ-၁၂(က) ဖြင့် မေတ္တာနယ်မြေ ရဲစခန်းတွင် အမှုဖွင့်အရေးယူထား ကြောင်း ရဲမှတ်တမ်းအရ သိရသည်။