ရွှေတောင်စားဘုရားဝင်း အတွင်း သမီးရည်းစားနှစ်ဦးအဆိပ်သောက်

0
374

ထားဝယ်မြို့ရှိ ရွှေတောင်စားစေတီ ဘုရားဝင်းအတွင်းရှိ သားဆုပန်သည့် နတ်ရုပ်အနီးတွင် မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက သမီးရည်းစားနှစ်ဦး အဆိပ် (မြေခံဆေး)သောက်ကာ သတ် သေမှု ဖြစ်ပွားခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းနှင့် ဇမ္ဗူသီရိအရေးပေါ် လူနာ ကူညီ သယ်ဆောင်ရေးအဖွဲ့ထံမှ သိရ သည်။

သမီးရည်းစားနှစ်ဦးအဆိပ် သောက်ထားသည်ဟု ဖုန်းဆက်လာ သည့်အတွက် သွားရောက်သယ်ယူရာ သားဆုပန်သည့် နတ်ရုပ်အနီးတွင် အ သက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ပါး စပ်မှ အမြှုပ်များထွက်ကာ လူးလွန့်နေ ကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုး သွင်က ဆိုသည်။
“မိန်းကလေးကတော့ စကားပြော နိုင်တယ်၊ ယောက်ျးလေးကတော့ စ ကား မပြောနိုင်ဘူး”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

၎င်းတို့ နှစ်ဦးချစ်ကြိုက်နေသည်ကို မိဘများက သဘောမတူသည့်အတွက် ယင်းကဲ့သို့ အဆိပ်သောက်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထားဝယ်ဆေးရုံကြီးတွင် တင်ပို့ကု သထားသည့် လက်ရှိ အခြေအနေအရ အမျိုးသားဖြစ်သူက သတိလစ်နေပြီး အမျိုးသမီး ဖြစ်သူက သတိလစ်သည့် အနေအထားမရှိကြောင်း ထားဝယ်မြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

“ကျွန်တော့်လုပ်သက်နှစ် နှစ်ဆယ် လောက်အတွင်းမှာ ဒီလိုအမျိုးသမီးရည်း စားနှစ်ယောက်လုံး အဆိပ်သောက်တာ ပထမဆုံး ကြုံဖူးတာပဲ”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
မတ်လ ၂၁ ရက် ညနေ ၅ နာရီခန့် အချိန်ထိ အမျိုးသားဖြစ်သူမှာ စိုးရိမ်ရ သည့် အခြေအနေရှိကြောင်း ထားဝယ်မြို့ မရဲ စခန်းထံမှ သိရသည်။

လူငယ်အမျိုးသားမှာ ထားဝယ်မြို့ နယ်မှဖြစ်ပြီး အမျိုးသမီးမှာ သရက် ချောင်းမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။