ကော့သောင်းနှင့် မြိတ်ဈေးကွက်ရှိ မှိုအဆိပ်ပါသည့် ငရုတ်သီးမှုန့် နှစ်မျိုး သိမ်းဆည်းမည်

0
447

ကော့သောင်းမြို့နှင့် မြိတ်မြို့ ဈေး ကွက်အတွင်း ရောင်းချနေသည့် ရွှေ လက်ရာ အမှတ်တံဆိပ် ငရုတ်သီး အပု မှုန့်နှင့် ငရုတ်သီး အရှည်မှုန့်များတွင် မှိုအဆိပ် သတ်မှတ်ပမာဏထက် ကျော် လွန်နေသည့်အတွက် ဈေးကွက်အတွင်းမှ သိမ်းဆည်းသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစား အသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူးက ပြောသည်။

အဆိုပါ မြို့များတွင် ရောင်းချနေ သည့် ငရုတ်သီးမှုန့်နှင့် မာဆလာ စုစု ပေါင်း ၇ မျိုးကို စားသုံးရန် သင့်/မသင့် ဓာတ်ခွဲစစ်ဆေးရာ ရွှေလက်ရာအမှတ် တံဆိပ် ငရုတ်သီးမှုန့် နှစ်မျိုးတွင် မှို အဆိပ်များ သတ်မှတ် ပမာဏထက်ကျော် လွန်နေသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက အဖြေထွက်လာကြောင်း အထက်ပါ ကော်မတီ အတွင်း ရေးမှူးက ဆိုသည်။

“မှိုအဆိပ်က အသည်းကင်ဆာကို ဖြစ်စေတယ်၊ ဒါကြောင့် ဈေးကွက်ထဲက ပစ္စည်းတွေကို သိမ်းဆည်းသွားမှာပ”ဟု အတွင်းရေးမှူးက ပြောသည်။ အဆိုပါ ငရုတ်သီးမှုန့်များကို ဈေး ကွက်အတွင်း သိမ်းဆည်းကာ ဖျက်ဆီး သွားမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။