နွေရာသီ ကြက်ခြေနီသင်တန်း သင်တန်းသားနှစ်ရာကျော်ကို စခန်းသွင်း သင်ကြားမည်

0
543

ထားဝယ်ခရိုင် ကြက်ခြေနီကြီးကြပ် မှု ကော်မတီက ဦးဆောင်ကျင်းပမည့် နွေရာသီ ကြက်ခြေနီသင်တန်းတွင် သင် တန်းသား နှစ်ရာကျော်ကို စခန်းသွင်း သင်ကြားမည်ဖြစ်ကြောင်း ယင်း ကော်မတီ ထံမှ သိရသည်။ သင်တန်းကို ထားဝယ်မြို့ရှိ အထက ၁ ကျောင်းတွင် မတ်လ ၂၈ ရက် မှ ဧပြီလ ၄ ရက်အထိ တစ်ပတ် အကြာ စခန်းသွင်း လေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှသိရ သည်။

ထိခိုက်ဒဏ်ရာအမျိုးမျိုးကို ကုသ ခြင်း၊ ဆေးထည့်ခြင်း၊ ပတ်တီးစည်းခြင်း စသည့် အခြေခံရှေးဦးပြုစုခြင်း ဘာသာ ရပ် ၂၂ မျိုးကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း အထက် ပါကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပြောသည်။ “အရင်တုန်း ကြက်ခြေနီဆိုတာ အခမ်းအနားတက် နေတဲ့ပုံစံမျိုးကနေပြီး အခုချိန်မှာ ကြက်ခြေနီတွေဟာ ပြည်သူ လူထုကြားမှာ အမှန်တကယ်ပဲ လူမှု ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက် နိုင်တဲ့ တပ်ဖွဲ့ကြီးဖြစ်လာအောင် ရည် ရွယ်ချက်နဲ့ လုပ်တာပေါ့” ဟု ဦးကျော် ကျော်ဦးက ဆိုသည်။ လူငယ်များအနေဖြင့် အပျော်အပါး ထက် အများပြည်သူအတွက် အကျိုးရှိ သည့် သင်တန်းများ တက်ထားသင့် ကြောင်း ထားဝယ်မြို့ မြောင်းပုလဲ ရပ် ကွက်ရှိ ဦးသန်းလွင်က ပြောသည်။

“ကြက်ခြေနီသင်တန်းတွေ တက် ထားတော့ ကိုယ့်အတွက်သာမကပဲ အရေးကြုံလာရင် သူများကိုလည်း ကူညီ ပေးလို့ရတာပေ”ဟု ဦးသန်းလွင် က ဆိုသည်။ ယင်းသင်တန်းသို့ အခြေခံပညာ အလယ်တန်းအရွယ်မှ တက္ကသိုလ် ကျောင်းသားအရွယ်အထိ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် သင်ကြားနိုင် ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။ လက်ရှိအချိန်အထိ စာရင်းပေးထား သည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၅၀ ခန့် ရှိပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။

သင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ နှင့် ကြက်ခြေနီအသင်းမှ သင်တန်း ဆရာများက ပို့ချပေးမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။ သင်တန်းကို အခမဲ့သင်ကြားပေး မည်ဖြစ်ပြီး တက်ရောက်လိုသူများအနေ ဖြင့် ကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးကိုကို နိုင်၊ ဖုန်းနံပါတ် ဝ၉၇၈၈၈၇၁၄၂၅ ထံသို့ ဆက်သွယ်နိုင်ကြောင်း ထားဝယ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ထံမှ သိရသည်။