အောင်သုခရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ပြန်ရွေးမည်

0
760

အုပ်ချူပ်ရေးမှူးအဖြစ် ရွေးကောက် ခံရသူသည် တပ်ပြေးတစ်ဦး ဖြစ်နေ သည့်အတွက် ကော့သောင်းမြို့ အောင်သုခရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပြန်လည် ရွေးချယ်မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် အုပ်ချူပ်ရေးမှူးခံမှ သိရသည်။

လက်ရှိတွင် ဒုတိယမဲ အများဆုံး ရထားသူအား ယာယီခန့်အပ် လိုက် ကြောင်း ကော့သောင်းမြို့နယ် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနက မတ်လ ၂၀ ရက်တွင် ထုတ်ပြန်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ယာယီခန့်အပ် စာအရ သိရသည်။

အောင်သုခရပ်ကွက် အုပ်ချုပ်ရေး မှူးအဖြစ် ရွေးချယ်ခံထားရသည့် ဦးသန်းဦးသည် တပ်ပြေးတစ်ဦး ဖြစ်နေ ခြင်းကြောင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ တွင် ဒုတိယမဲအများဆုံးရရှိထားသည့် ဦးဝင်းအောင်အား ယာယီတာဝန် ပေး အပ်လိုက်ကြောင်း ယင်းစာတွင် ဖော်ပြ ထားသည်။

“အခုကိစ္စ(တပ်ပြေးဖြစ်နေခြင်း)ဖြစ်နေတာသိတော့ ဒုတိယမဲအများဆုံး ရထားတဲ့ လက်ရှိအုပ်ချုပ်ရေးမှူးကိုပဲ တစ်လ တာဝန်ထမ်းဆောင်ဖို့ ယာယီ တာဝန်ပေးထားတယ်”ဟု ကော့သောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း က ပြောသည်။
တစ်လအတွင်း အုပ်ချုပ်ရေးမှူး အသစ်ကို ပြန်လည်ရွေးချယ်မည် ဖြစ် ကြောင်း ဦးစိုးမြင့်သိန်းက ပြောသည်။