တနင်္သာရီဂျာနယ်ကို တိုင်းအစိုးရ တရားစွဲထားသည့်အမှု NLD ခရိုင်တွဲဖက်အတွင်းရေးမှူးက တရားလိုပြ သက်သေအဖြစ် ထွက်ဆို

0
970

တနင်္သာရီဂျာနယ်တွင် သရော်စာ ရေးသားဖော်ပြမှုဖြင့် တနင်္သာရီတိုင်း အစိုးရက တရားစွဲဆိုထားသည့်အမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ထားဝယ်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးက တရားလိုသက် သေအဖြစ် လာရောက် ထွက်ဆိုခဲ့သည်။
အဆိုပါအမှုကို ဆယ်ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် မတ်လ ၂၂ ရက် ရုံး ချိန်းတွင် တရားလိုပြသက်သေ ဒေါ်အေး အေးမိုးကို နှစ်ဖက်ရှေ့နေများက အပြန် အလှန်မေးခွန်းများ မေးမြန်းခဲ့သည်။

ဒေါ်အေးအေးမိုးက ပြည်သူတစ်ဦး အနေဖြင့် တရားလိုပြသက်သေအဖြစ် တရားရုံးတွင် လာရောက်ထွက်ဆိုသည် ဟု ပြောဆိုခဲ့သော်လည်း အပြန်အလှန် စစ်မေးချိန်တွင် NLD ပါတီ ခရိုင်အလုပ် အမှုဆောင်အဖွဲ့၏ တွဲဖက်အတွင်းရေး မှူးဖြစ်သည်ဟု ပေါ်ပေါက်ခဲ့ကြောင်း ဂျာနယ်ဘက်က အမှုလိုက်ပါဆောင်ရွက် နေသည့် အထက်တန်းရှေ့နေ ဒေါ်အေးမွန် သူက ဆိုသည်။
“အစကတော့ NLD ပါတီနဲ့ ဘာမှပတ်သက်မှု မရှိဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ထွက်ဆိုခဲ့တယ်”ဟု ဒေါ်အေးမွန်သူက ပြောသည်။

တရားလိုပြသက်သေအဖြစ် လာ ရောက်ထွက်ဆိုခဲ့သည့် ပါတီ၏ခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်း ရေးမှူးက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရင်းနှီးမှုမ ရှိဟု ထွက်ဆိုခဲ့ကြောင်း ၎င်းက ဆက် ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် NLD ပါတီက တနင်္သာရီတိုင်းတွင် ရာနှုန်းပြည့် အနိုင်ရထားသည်။
နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ ၅ အမှတ် ၁၇ တွင် ဖော်ပြခဲ့သည့်က လောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာ သည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန်အတွက် နိုဝင်ဘာလ ၂၃ ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးလူက ထားဝယ်မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံးသရော်စာ ဖော်ပြမှုနှင့်ပတ်သက်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုသွား ရန် ဒီဇင်ဘာလ ၂၁ ရက်က မြို့နယ် တရားရုံးက ဆုံးဖြတ်ခဲ့သည်။
သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) အရ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မ ဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေ သော အရေးအသားနှင့် လူ့အခွင့်အ ရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကျဉ်ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ အနည်း ဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမည် ဖြစ်သည်။

လက်ရှိစစ်ဆေးခဲ့သည့် တရားလိုပြ သက်သေကို ဆက်လက်စစ်မေးရန် လာ မည့် ဧပြီလ ၅ ရက်တွင် ပြန်လည်ချိန်း ဆိုထားကြောင်း ထားဝယ်မြို့နယ် တရား သူကြီး ဦးကျော်မြင့်က ဆိုသည်။
“တရားလိုပြ သက်သေကို စစ်ဆေး ရန် ကျန်ရှိနေသေးလို့ ပြန်ချိန်းဆိုထား တာပါ”ဟု ဦးကျော်မြင့်က ပြောသည်။
မတ်လ ၂၂ ရက် တရားလိုပြသက် သေကို စစ်ဆေးသည့်အချိန်ထိ တရားလို ဘက်က သက်သေခံ ၃ ခုနှင့် စွပ်စွဲခံရ သည့် တနင်္သာရီဂျာနယ်ဘက်က သက် သေခံ ၈ ခု တင်သွင်းထားကြောင်း အထက် တန်းရှေ့နေ ဒေါ်အေးမွန်သူက ဆိုသည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက် ထက်အတွင်း မီဒီယာကို ပထမဆုံးတ ရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယမန်နှစ်က တနင်္သာရီအပတ်စဉ် ဂျာနယ်ပါ အောင်လွင် (ကံပေါက်သား) ရေးသားထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့်သံဆောင်းပါးကိုလည်း ဒယ်လ်ကို သတ္တုတွင်းကုမ္ပဏီက တရားစွဲဆိုခဲ့ဖူး သည်။
တပ်မတော်ကို ဝေဖန်သော သရော် စာတစ်ပုဒ် ထည့်သွင်းဖော်ပြမှုကြောင့် တပ်မတော်ကThe Voice Daily သတင်းစာကို ယခုနှစ်အတွင်း တရားစွဲ ဆိုခဲ့ဖူးပြီး နောက်ပိုင်းတွင် ပြန်လည် ကျေအေးခဲ့သည်။