ထားဝယ်နှင့် မြိတ်တွင် အခွန်ကြွေးကျန် အများဆုံး

0
434

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် သုံးခုတွင် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင် တွင် အခွန်အကြွေးကျန် အများဆုံးဖြစ် ကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန် များဦးစီးဌာနထံမှ သိရသည်။

ခေတ်အဆက်ဆက်က ကောက်ခံ ရန် ကျန်ရှိနေသည့် အမြတ်ခွန်၊ ဝင်ငွေ ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စသည့် အခွန်အကြွေးကျန်များဖြစ်ပြီး ထားဝယ် ခရိုင်တွင် ငွေကျပ် ၆၀၂ သန်းကျော်၊ မြိတ်ခရိုင်တွင် ၆၀၂ သန်းကျော်နှင့် ကော့သောင်းခရိုင်တွင် ၃၁၅သန်းကျော် ရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

စုံစမ်း၍ မရနိုင်တော့သည့် လူ ပုဂ္ဂိုလ်နှင့် လုပ်ငန်းများ(မရှိတော့ဟု ယူဆသည့် လူပုဂ္ဂိုလ်နှင့်လုပ်ငန်းများ) တွင် ရရန်ကျန်သည့် အခွန်ကြွေးကျန် များကို လျော်ပေး(မကောက်ခံတော့ရန်) ရန် ရုံးချုပ်သို့ တင်ပြသွားမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ရဲထွန်း က ဆိုသည်။

“လူမရှိ(ပိုင်ရှင်)၊ လုပ်ငန်းမရှိ တာက အများဆုံးဖြစ်နေတယ်၊ ဘယ် လိုမှ ရှာမတွေ့တော့ဘူး” ဟု ဦးကျော်ရဲ ထွန်းက ပြောသည်။
တိုင်းအတွင်း အခွန်အကြွေးကျန် အများဆုံးမှာ ဝင်ငွေခွန်ဖြစ်ပြီး ငွေကျပ် သန်း ၇၀၀ ကျော် ရှိသည်။
ကုန်သွယ်လုပ်ငန်းခွန်မှာ ငွေကျပ် သန်း ၄၇၀ ကျော်ရှိပြီး အမြတ်ခွန်မှာ ငွေကျပ် သန်း ၃၄၀ ကျော် အကြွေး ကျန်နေကြောင်း အထက်ပါဌာန စာရင်း အရ သိရသည်။