မွန်ဘုန်းကြီးကျောင်းအချို့ နွေရာသီ မွန်စာပေနှင့်ယဉ်ကျေးမှု သင်တန်းဖွင့်

0
385

ကော့သောင်းမြို့နယ် အတွင်းရှိ မွန်ဘုန်ကြီးကျောင်းတချို့တွင် နွေရာသီ မွန်စာပေယဉ်ကျေးမူ သင်တန်းများကို ယခုလအတွင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း အဆိုပါ ဘုန်းကြီး ကျောင်းများထံမှ သိရသည်။
နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှု သင်တန်းကို မလိဝမ်းကျေးရွာရှိ ရွှေ တောင်ဦး အမှတ် (၅) ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ ဘန်းကချွန်ကျေး ရွာရှိ ပျဉ်းမတောရကျောင်းနှင့် ပိတောက် ရွှေဝါရပ်ကွက် စေတဝန်ဘုန်းကြီး ကျောင်း တို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကျောင်းအချို့မှာ မတ်လအကုန် အထိ သင်ကြားမည်ဖြစ်ပြီး စေတဝန် ကျောင်းကမူ သင်္ကြန်မတိုင်မီအထိ ဖွင့် လှစ်သင်ကြားမည်ဖြစ်ကြောင်း ယင်း ဘုန်းကြီးကျောင်းများထံမှ သိရသည်။
မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ် အလာများ တည်တံ့စေရေး ထိန်းသိမ်း စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ဖွင့်လှစ် သင်ကြားခြင်းဖြစ်ကြောင်း ငါးနှစ်မြောက် မွန်စာပေသင်တန်း ဖွင့် လှစ်ထားသည့် မလိဝမ်းကျေးရွာ ရွှေ တောင်ဦး အမှတ် (၅)ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းထိုင်ဆရာ တော်က မိန့်ကြားသည်။

“ပျူလိုမျိုးပေါ့ စာပေပျောက်တော့ လူမျိုးပါပျောက်သွားတယ်၊ လူမျိုး မပျောက်အောင် ကိုယ့်လူမျိုး ကိုယ့်ဘာ သာ စာပေကို အားလပ်နေတဲ့ နွေကျောင်း ပိတ်ရက်တွေမှာ သင်တန်းဖွင့်ပြီး သင် ကြားပေးရခြင်းဖြစ်တယ်”ဟု ဆရာတော် က မိန့်သည်။
အဆိုပါ ဘုန်းကြီးကျောင်း ၃ ကျောင်းတွင် မွန်စာပေနှင့်ယဉ်ကျေးမှု သင်တန်းတက်ရောက် သင်ကြားနေ သည့် ကျောင်းသားဦးရေ ၅၀၀ နီးပါး ရှိကြောင်း သိရသည်။