ခရိုင်ဘော်လီဘောပြိုင်ပွဲ ထားဝယ်နှင့် မေတ္တာ ဗိုလ်စွဲ

0
426

ထားဝယ်ခရိုင် အားကစားနှင့် ကာ ယပညာကော်မတီဥက္ကဋ္ဌ ဖလား အသက် ၂၄ နှစ်အောက် လူသစ်တန်း အမျိုးသား / အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ထားဝယ်အမျိုးသားနှင့် မေတ္တာအမျိုး သမီးအသင်းတို့ ဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲကို မတ်လ ၂၀ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားဗိုလ်လု ပွဲတွင် ထားဝယ်နှင့်လောင်းလုံး၊ အမျိုး သမီးဗိုလ်လုပွဲတွင် မေတ္တာနှင့် သရက် ချောင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ် သည်။
“လူသစ်အားကစားသမားတွေ ပေါ်ထွက်လာအောင်လို့ ဒီပြိုင်ပွဲကို ကျင်းပ ပေးတာပါ”ဟု ထားဝယ်ခရိုင်အားကစား မှူး ဦးအောင်မိုးက ပြောသည်။

ပထမရရှိခဲ့ကြသည့် ထားဝယ်အ မျိုးသားအသင်းနှင့် မေတ္တာအမျိုးသမီးအ သင်းအား ဆုငွေ ကျပ် ၂ သိန်းစီ၊ ဒုတိ ယရရှိခဲ့ကြသည့် လောင်းလုံးအမျိုးသား အသင်းနှင့် သရက်ချောင်းအမျိုးသမီးအ သင်းတို့အား ဆုငွေ ကျပ် ၁ သိန်း ၅ သောင်းစီ အသီးသီးချီးမြှင့်ခဲ့ကြောင်း ဦးအောင်မိုးက ပြောသည်။

ပြိုင်ပွဲကို ထားဝယ်မြို့ရွှေဝယ်သီရိ အားကစားခန်းမတွင် မတ်လ ၁၈ ရက် နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက် ချောင်းမြို့နယ်များနှင့် မေတ္တာ၊ ကလိန် အောင်မြို့များမှ အမျိုးသား ၆ သင်း၊ အမျိုးသမီး ၆ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။