လူကြီးလေးတို့၏ တူးပို့သင်္ကြန်

0
537

နှစ်သစ်ကူးခါနီး သင်္ကြန်သီချင်း သံကြားလျှင် အရွယ်သုံးပါးစလုံး ရိုးရိုး ရွရွ ဖြစ်တတ်ကြပါသည်။ လက်ဖက်ရည် ဆိုင်တွင်ဖြစ်စေ၊ ထီလှည်းတွင် ဖြစ်စေ၊ အိမ်သား တစ်ဦးဦးဖြစ်စေ သင်္ကြန် သီချင်း ဖွင့်လျှင် လူတိုင်း၏စိတ်က သင်္ကြန်ဆီ ရောက်သွားတတ်သည်။

“သင်္ကြန်နွေဦး တူးပို့တူးပို့…”
“ဟေ့ဟေ့ နွေမ၊ ဟေ့ဟေ့ နွေမ..”
ဖြတ်သန်းခဲ့ပြီးသည့် ယမန်နှစ် သင်္ကြန်များကို စမြုံ့ပြန်ရင်း ယခုနှစ် ဖြတ်သန်းမည့် သင်္ကြန်အတွက် အရွယ် သုံးပါးစလုံး စိတ်ကူးပုံဖော်တတ်ကြ သည်။

ကလေးတို့က ယခုနှစ် မည်သည့် ရေကစားပစ္စည်းများကို အသုံးပြုကာ မည်သို့ ရေဆော့ကြမည်ကို တွေးဆကြ မည်။ လူငယ်တို့က မည်သူတို့နှင့် တိုင်ပင်ကာ မည်သည့်ကားဖြင့် မည် သည့်နေ့တွင် လည်ပတ်ကာ မည်သည့် နေ့တွင် ရေကစားကြမည်ကို တွေးဆ၍ သူငယ်ချင်းများနှင့် စုဝေးတိုင်ပင်ကြ လိမ့်မည်။ သက်ကြီးပိုင်းများက မည်သို့ အလှူအတန်းပြုလုပ်ကာ မည်သည့် ကျောင်းတွင် ဥပုသ်သီလ ဆောက်တည် ကြမည်ကို ကြိုတင်တွေးဆကြလိမ့်မည်။
လူငယ်အရွယ်ကို ကျော်စ၊ ဥပုသ် သီလ ဆောက်တည်ရတော့မည့် သက် ကြီးအရွယ်ဟုလည်း မိမိကိုယ်ကို မယူ ဆထားကြသော လူလတ်အပိုင်းအရွယ် အသက် ၃၅ နှစ်မှ ၅၀ ကျော်ကြား လူကြီးလေးတို့၏ သင်္ကြန်စိတ်ကူးက မည်သို့ ရှိပါအံ့။

အသက် ၄၉ နှစ်အရွယ်အထိ သင်္ကြန်ကို ရင်ခုန်ဆဲဖြစ်သည့် ဦးလှဝင်း ကတော့ သူ့၏ကား သင်္ကြန်တွင် အငှား မလိုက်ရပါက သင်္ကြန်ရက်များအတွင်း အိမ်ကပ်မည်မဟုတ်ကြောင်း ပြောလာ သည်။
“သူငယ်ချင်းတွေနဲ့ ဝိုင်းထိုင်မယ်။ အရက်သောက်မယ်၊ စားမယ်ပေါ့။ သင်္ကြန်ကတော့ နှစ်တိုင်းနီးပါး အပြင်ထွက်တယ်။ ကားမလိုက်ရဘူး ဆိုလည်း သူငယ်ချင်းတွေကို တစ်ချက် ခေါ်လိုက်ရုံပဲ။ ဟေ့ ဝိုင်းထိုင်ကြမယ်ဆို ပြီး။ သောက်ရင်း၊ စားရင်းနဲ့ ဘယ် သွားမယ်၊ ဘာလုပ်မယ်ဆိုတာ အဲခါ ကျမှ ပေါ်လာတယ်။ ပေါ်လာတာနဲ့ ချက်ချင်း ကောက်ထသွားလိုက်တယ်” ဟု သရက် ချောင်းမြို့နယ်၊ ပိန်းတော ကျေးရွာနေ ဦးလှဝင်းက ပြောသည်။
သင်္ကြန်တွင် လူငယ်ကြီးများ ဖြစ်သွားသည်မှာ ဦးလှဝင်း တစ်ဦး တည်းမဟုတ်ပါ။ ဦးလှဝင်းအရွယ် အချို့က မတ်လခန့်ကတည်းကပင် သင်္ကြန်တွင်း သောက်ရန် အရက်ပုလင်း စုထားကြလေပြီ။ သူငယ်ချင်းများကို ချိန်းဆိုထားလေပြီ။

အချို့က သူငယ်ချင်းများရှိရာ ရွာနီးစပ်များသို့ အပြန်အလှန်လည်ပတ် တတ်ကြသည်။ စိတ်လွတ် ကိုယ်လွတ် ကခုန်ပျော်ပါးတတ်ကြသည်။
အချို့လူကြီးလေးများက သင်္ကြန် မနက်ကတည်းက အိမ်မှ ထွက်သွားပြီး ည မိုးချုပ်လုလုမှ ရွာတစ်နေရာရာတွင် ကခုန်နေတတ်သည်။
သူတို့အရွယ်များသည် မြို့ပြ၊ ကျေးရွာ သင်္ကြန်မဏ္ဍပ်များနဘေးတွင် လူငယ်များနှင့် မရောနှောဘဲ အိနြေ္ဒရရ ကွေးနေအောင် ကနေတတ်သည်။

သူတို့အရွယ်များကို မိသားစုက သင်္ကြန်တွင် ‘ဘေးမဲ့’ ပေးတတ်ကြသည်။ တော်ရုံ အမှားအား ဗွေမယူတတ်ကြပေ။ သင်္ကြန်တွင် သူတို့နှင့် ဝေးကွာနေသည့် ငယ်ပေါင်းများနှင့် ဆုံတတ်ကြသည်ကို မိသားစုဝင်များက ကြည်ဖြူတတ် ကြသည်။
အချို့ကမူ သင်္ကြန်အတွင် အိမ်တွင် အနားယူရင်း မိသားစုနှင့် လျှောက် လည်ရန် စီစဉ်ထားလေသည်။
“သင်္ကြန်ကတော့ ပုံမှန်ပါပဲ၊ အလုပ် ခဏနားချိန်ဆိုတော့ အိမ်မှာမိသားစုနဲ့ ပဲနေမှာပေါ့။ ကလေးတွေ မြို့တစ်ပတ် ပို့မယ်။ သင်္ကြန်ကို အနားယူရက်လို့ပဲ သဘောထားတော့ ဘာမှထွေထွေထူးထူး မလုပ်ထားပါဘူး” ဟု ကော့သောင်းမြို့မှ အသက် ၄၀ အရွယ်ရှိ အစိုးရဌာနဝန် ထမ်းတစ်ဦးက ပြောသည်။
လူလတ်ပိုင်းတစ်ချို့အရွယ်များက နေ့ဘက်တွင် အပီကဲပြီး ညဘက်တွင် မိသားစုနှင့် မဏ္ဍပ်များကို လျှောက်လည် တတ်ကြသည်။ ထိုအခါ ဇနီးနှင့် သားသမီးတို့က ပျော်တပြုံးပြုံး။

သက်လတ်ပိုင်း အမျိုးသမီး တစ်ချို့ ကား သင်္ကြန်တွင် အလှူအတန်းပြုရန်၊ အိမ်နီးချင်းအလှူများကို ဝိုင်းကူရန်၊ သားသမီး ရှိသူများက မိမိတို့ သားသမီး များကို ထိန်းကျောင်းရန်သာ စိတ်စော နေတတ်သည်။
သရက်ချောင်းမြို့နယ်၊ သရက် နှစ်ခွ ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် မအေးအေးသီကလည်း သင်္ကြန်တွင် သင်္ကြန်ထမင်း(ရေးစီမှန်း) ကြွေးဖို့အရေး ပစ္စည်းများ ကြိုစုနေသည်။ သင်္ကြန် ထမင်းချက်ရန် ခရေပန်းကို ကြိုရှာကာ နေပူလှန်းထားသည်။ အလှူအတွက် သင်္ကြန်တွင်း ဝယ်ရခက်နိုင်သည့် ငါးခြောက် များ၊ ဟင်းထုတ် (ဘောန်းထုတ်) ထုတ် ရန် ရွှေဖရုံသီးများ ကြိုရှာဝယ်ထားသည်။

“အိမ်မှာနေပြီး သင်္ကြန်ထမင်း (ရေးစီမှန်း)လုပ်ဖို့လဲ စိတ်ကူးထားတယ်။ မုန့်ဆီကြော် ပြီးရင် ရွာမှာ အသံမစဲ ပဌာန်းပွဲမှာ ပဌာန်းရွတ်မယ်” ဟု မအေး အေးသီက ပြောသည်။
သူမတွင် သင်္ကြန်အတွင်း ရွာထဲတွင်ပင် လျှောက်လည်ရန် စိတ် ကူးမရှိဟု ဆိုသည်။ ရေကြောက်သော သူမ ငယ်ငယ်က ရေကစားဖူးသော်လည်း အိမ်ရှေ့တွင်သာ ကစားဖူးကြောင်း ပြော ပါသည်။
“ရေကြောက်လို့ ဘယ်မှကို မသွား ဘူး။ အသက် ၂၀ ကျော်လောက်က ယောက်ကျားလေးတွေရဲ့ သင်္ကြန်ကားကို လှုံးစေ့တွေနဲ့ရေပက်လို့ အတင်းဆင်း လိုက်ပြီး လိုက်စကြလို့ ကြောက်ပြီး အခုအချိန်ထိ ရေမကစားဖြစ်တော့ဘူး။ အခုခေတ်က ရေပက်ရင် အရမ်းကြမ်း တယ်”ဟု မအေးအေးသီက ပြောသည်။

အချို့အမျိုးသမီးများကား မိသားစုအလိုက် စုပေါင်းခရီးထွက်ရန် သော်လည်းကောင်း၊ ရေကစားရန် သော် လည်းကောင်း၊ သင်္ကြန်လည်ရန်သော် လည်းကောင်း ရင်းနှီးသူများနှင့် ကြိုတင်တိုင်ပင်ထားနှင့်ကြပြီ ဖြစ်သည်။
အချို့လူလတ်ပိုင်းတို့ကား သင်္ကြန် အတွင်း ဖွင့်လစ်သည့် အထူးတရားစခန်း ပွဲများတွင် ကြိုတင်စာရင်းပေးထားနှင့် ကြပြီဖြစ်သည်။

မည်သို့ဆိုစေ..၊
“မြနန္ဒာ..” ၊ “ရှာပုံတော် မင်းသား ကြီး.” စသော သီချင်းသံများကြားလျှင် လူတိုင်း အရွယ်တိုင်းရင်ကို လှုပ်ခတ်စေ ဆဲပင်။ အသက် ၃၅ နှစ်မှ အသက် ၅၀ ကျော်ကြား လူကြီးလေးတို့က သင်္ကြန် ဆို ဘွာခတ်သူ ရှားလှပါသည်။

အသက်အရွယ် မည်မျှပင်ရလာ စေကာမူ သူငယ်ချင်းများနှင့်ကား သင်္ကြန်တွင် ဆုံချင်ကြသူချည်းသာ။
“သူငယ်ချင်းတွေ စုမိမှ သောက် ဖြစ်မှာပါ၊ ဒီနှစ်တော့ အိမ်တွင်းပုန်းမလားစဉ်းစားထားတယ်၊ အသက်က ကြီးလာပြီးဆိုတော့ ပြဿနာဖြစ်နိုင်မဲ့အရာတွေရှောင်နေတယ်” ဟု ကော့သောင်းမြို့ အေးမြကန်သာရပ် တွင်နေ အသက် ၃၅ နစ်အရွယ် ကိုလွင်က ပြောသည်။
“နှစ်ဆ,န်းတစ်ရက်မှ ဘုရား သွားမယ်”