ငါးအမှုန့်ကြိတ်စက်ရုံအချို့ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲ

0
557

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန် အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံတစ်ချို့ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) ရေးဆွဲလာကြသည်။
ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲရေးကိစ္စ ရှင်းလင်းပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်က မင်းဇာနည် ငါးအမှုန့်ကြိတ်စက်ရုံက ပြုလုပ်ခဲ့ပြီး၊ မတ်လ ၂၂ ရက်တွင် အဆောင်ကောင်း (ASK Andaman Ltd)နှင့် ဗင်းတေ့ခ်ျ (Vantage) ကုမ္ပဏီတို့က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
“စစ်ဆေးရေးအဖွဲ့တွေနဲ့ ရပ်မိရပ်ဖ တွေပူးပေါင်းပြီးတော့ ဖိဖိစီးစီးလုပ် ဆောင်လာတယ်။ ကိုယ့်ကိုကိုယ်ကိုယုံ ကြည်စိတ်ချမှုတွေရှိတာတော့ ဒါကို ချပြ ဆွေးနွေးခြင်းဖြစ်ပါတယ်”ဟု အဆောင် ကောင်း(ASK Andaman Ltd) စက်ရုံ တာဝန်ခံ မန်နေဂျာ ဦးဇော်ဝင်းကျော်က ပြောသည်။

အဆောင်ကောင်း နှင့် Vantage ကုမ္ပဏီတို့၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (Environmental Mana-gement Plan-EMP) ကိုMyanmar Environmental Sustainable Con-servation Co.Ltd က အစီရင်ခံစာကို ရေးဆွဲပေးလျက်ရှိ မင်းဇာနည်ငါးအမှုန့် ကြိတ်စက်ရုံ၏ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ကို Green Myanmar Environmental Services Co.Ltd က အစီရင်ခံစာရေး ဆွဲပေးခဲ့ကြောင်း ယင်းငါးအမှုန့်ကြိတ် စက်ရုံမှ သိရသည်။

“အစိုးရရဲ့ထိန်းကျောင်းမှုက ပိုပြီး ကောင်းလာတယ်။ ထွက်လာတဲ့ အဖြေ (result) က ပြည်သူများ လက်ခံနိုင်တဲ့ အဖြေဖြစ်ဖို့တော့ လိုဦးမယ်ပေါ့ စောင့် ကြည့်ရဦးမယ်”ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မြိတ်)မှ ဦးကျော်ကျော်နိုင်က ပြောသည်။
ငါးအမှုန့်ကြိတ်စက်ရုံများအနေ ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ကို ရေးဆွဲရန် ကြိုးစားလာကြပြီး EMP ရေးဆွဲရန် ပြည်သူများအား ချပြရှင်း လင်းသည့်ပွဲသည် အလားအလာကောင်း သည့် လက္ခဏာတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆောင်ကောင်းနှင့်Vantage ကုမ္ပဏီတို့၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအ စီအစဉ်တွင် အနံ့သက်ရောက်မှု၊ ဖုန်နှင့် မီးခိုးသက်ရောက်မှု၊ ဆူညံသံနှင့် တုန်ခါ မှုကြောင့် သက်ရောက်မှု၊ စွန့်ပစ်ပစ္စည်း များကြောင့် သက်ရောက်မှု၊ ကုန်းနေဇီ ၀မျိုးစုံမျိုးကွဲ(သစ်တော)အပေါ် သက် ရောက်မှု၊ ရေနေဇီဝမျိုးစုံမျိုးကွဲ(ငါး)အ ပေါ် သက်ရောက်မှု၊ လုပ်ငန်းခွင်ကျန်းမာ ရေးနှင့် ဘေးအန္တရာယ်၊ ဖြစ်နိုင်ခြေရှိ သော လူမှုပြဿနာတို့အား ဖြေလျော့ နိုင်မည့်နည်းလမ်းများအဖြစ် ထည့်သွင်း ထားကြောင်း သိရသည်။

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်အ တွင်းရှိ အနံ့ဆိုးများ ထွက်ရှိနေသည့် ငါးအမှုန့်ကြိတ်စက်ရုံတချို့အား တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အတွင်းက လုပ်ငန်း ၆ လ ရပ်နားခိုင်းပြီး အနံ့ဆိုးထွက်ရှိမှုများ ပပျောက်ရန် ပြင် ဆင်မှုတစ်ချို့ ပြုလုပ်စေခဲ့သည်။
ထို့ပြင် စက်ရုံထွက် အနံ့ဆိုးများ ပပျောက်ရေးအတွက်လည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက မြိတ် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်း တချို့က ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။

အဆောင်ကောင်းငါးအမှုန့်ကြိတ် စက်ရုံတွင် တစ်လလျှင် ကုန်ချောတန်ချိန် ၃၅၀ တန်ခန့်နှင့် ဗင်းတေ့ခ်ျကုမ္ပဏီငါး အမှုန့်ကြိတ်စက်ရုံတွင် တစ်လလျှင် တန်ချိန် ၄၀၀ တန်ခန့် ထုတ်လုပ်နေပြီး ထိုင်းနိုင်ငံသို့ တင်ပို့နေကြောင်း ယင်း ကုမ္ပဏီတို့မှ သိရသည်။
မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန် တွင် အဆောင်ကောင်း(ASK) Vantage၊ မင်းဇာနည်၊ ထူးထူးတိုးနှင့် မြိတ်အရှေ့ တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ် မအိုင် ကျေးရွာအုပ်စု ပထော်ကျွန်းပေါ်တွင် ငါးအမှုန့်ကြိတ်စက်ရုံတစ်ခုတို့ တည်ရှိ ကြောင်း သိရသည်။