သမ္မတကြီးကို အတုယူပါ

0
502

ခုတစ်လော ဖြစ်ပေါ်လာတဲ့ နိုင်ငံ ရေးအ ခင်းအကျင်းကြောင့် ဗြတ်စာ တစ်ယောက် အနန္တသူရိယ အမတ်ကြီးရဲ့ “သူတည်း တစ်ယောက်၊ ကောင်းဖို့ရောက် မူ” အစချီ မျက်ဖြေလင်္ကာထဲက “ရွှေအိမ် နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်း ရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာ ထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်”ဆိုတဲ့ ကဗျာစာသား လေးကို ပြေးသတိရမိသဗျ။
ယူတတ်ရင်တော့ သင်ခန်းစာပေါ့ ခင်ဗျာ။ သို့ပေသော်ငြား လူမိုက်များက ငါနှင့်မဆိုင်လို့ မှတ်ယူထားလိုက်ရင် တော့လည်း ဗြတ်စာလည်း ဘယ်တတ် နိုင်မတုန်း။

အားလုံးသိတော်မူကြတဲ့အတိုင်း ဗြတ် စာတို့ ဒီမိုကရေစီ နိုင်ငံတော်ကြီးရဲ့ သမ္မတ ဦးထင်ကျော်တစ်ယောက် ဆန္ဒအလျောက် နုတ်ထွက်သွားတော့ နိုင်ငံသားတစ်ဦးအနေနဲ့ ဗြတ်စာလည်း အတော်လေး စိတ်မကောင်း ဖြစ်မိတယ် ခင်ဗျ။ သမ္မတကြီးကို အရင်က ရုပ်သေး သမ္မတကြီး၊ ဟန်ပြသမ္မတကြီး ရယ်လို့ တချို့တချို့သော သူတွေက ဘယ်လိုပဲ ပြောကြပါစေ။ ဗြတ်စာကတော့ စိတ်နဲ့ တောင် မထင်ခဲ့ဘူး ခင်ဗျ။ အပြစ်လည်း မဆိုရက်ခဲ့ပါဘူး။
ဟုတ်တယ်လေ။

ဗြတ်စာတို့ နိုင်ငံရဲ့ အစိမ်းရောင် စာအုပ်ကြီးရဲ့ ပေးထားချက်အရ မဖြစ် ဖြစ်အောင် လုပ်ယူခဲ့ရတာကိုး။ ဒီလို အပြစ်ပြောကြမယ်မှန်းသိသိကြီးနဲ့ ဒီလို ကြီးလေးတဲ့ တာဝန်ကိုယူရဲခဲ့တာ နည်း တဲ့သတ္တိလားဗျာ။
ဒါ . . . သစ္စာရှိခဲ့တာ ခင်ဗျ။ သစ္စာ ရှိခဲ့တာ။

ကမ္ဘာ့အလယ်မှာကို သစ္စာရှိမှုကို ပြခဲ့တဲ့ သမ္မတကြီးလို့တောင် ဗြတ်စာက ညွှန်းလိုက်ချင်ပါသဗျ။
သမ္မတတာဝန်ထမ်းဆောင် ချိန် ကစလို့ ခုနောက်ဆုံးရာထူးက အနား ယူတဲ့အချိန်ထိ ပြည်သူတွေက မျက်မုန်း ကျိုးစရာဖြစ်အောင် တစ်ခုမှလုပ်မသွား ခဲ့ဘူး။ ရာထူးအရှိန်အဝါပေါ်မှာ သာယာ မိန်းမောသွားတဲ့ အမူအရာမျိုးကိုတောင် တစ်စက်ကလေးမှ မမြင်ခဲ့ရဘူး။ စကား တစ်လုံးမှ မမှားခဲ့ဖူးဘူး။ သူတင်မက သမ္မတကြီးရဲ့ ကတော်၊ သမ္မတကြီးရဲ့ ဆွေမျိုးသားချင်း တစ်ဦးတစ်ယောက် သော်မျှ ကိုယ်ကျိုးရှာမသွားခဲ့ဘူးလို့ ဗြတ်စာတော့ ယုံကြည်တယ်ခင်ဗျ။

ဒီတော့ သမ္မတကြီး အနားယူသွား လည်း လွတ်လပ်တဲ့ ပြည်သူတစ်ဦးအနေနဲ့ ရန်ကုန်မြို့ လှည်းတန်းတစ်ဝိုက်မှာ ခါတိုင်းလိုပဲ ပုဆိုးလေး မမပြီး ခပ်ရဲရဲ လမ်းလျှောက် ရဲမှာပဲ ခင်ဗျ။ ဒီလို လျှောက်တဲ့ အခိုက်မှာလည်း လုံခြုံရေး အပြည့်နဲ့ သွားခဲ့ရတဲ့ ရွှေထီးဆောင်း ကာလတွေကို တမ်းမက်နေမှာ မဟုတ်ဘူး လို့တောင် ဗြတ်စာပြောရဲသဗျ။ ဘာကြောင့် ဆို ပြည့်တဲ့ အိုးဘ၀က လာကြသူတွေကိုး။ စာပေ အသိအမြင်၊ အတွေးအခေါ်မြင့်တဲ့ ဘ၀တွေက လာခဲ့သူကိုး။

ဒါကြောင့်လည်း ဗြတ်စာတို့ လေးစား ရတဲ့ လူထုခေါင်းဆောင်နဲ့ အဖွဲ့အစည်း အပေါ် မိမိရဲ့ဂုဏ်သိက္ခာကိုတောင် စတေးပြီး ရုပ်သေးသမ္မတ၊ ဟန်ပြ သမ္မတဆိုတဲ့ စကားလုံးတွေကို ကြံ့ကြံ့ ခံရင်ဆိုင်ပြီး သစ္စာရှိခဲ့တာပေါ့ဗျာ။
ဒီလိုသမ္မတကြီးရဲ့ စိတ်ဓာတ်မျိုး၊ သစ္စာ ရှိမှုမျိုးကို ဗြတ်စာတို့နိုင်ငံရေး လောကထဲ မှာရှိတဲ့ ဝန်ချုပ်တွေ၊ ဝန်ကြီး၊ ဝန်က လေးတွေ အတုယူကြစေချင်တယ် ဗျာ။

နိုင်ငံရေး သမ္ဘာမရှိ၊ အတွေ့အကြုံ မရှိ၊ စာပေလေ့လာမှုကလည်း အားနည်း၊ စကားပြော နည်းပညာလည်းမတတ်၊ အမူအရာ အနေအထိုင်ကလည်း ဒီပရို မေစီ မဆန်၊ ဆပ်ပြာကောင်းလို့ ခေါင်း ပေါင်းဖြူခဲ့ကြပြီးတဲ့နောက် အပြောအဆို အပြုအမူတွေက အောက်ခြေလွတ်၊ ဘ၀မေ့။ ကိုယ့်အရည်အချင်းကြောင့်ပဲ စင်ပေါ်ရောက်ခဲ့သလိုလို အချိုးချိုးပြီး လူထု ခေါင်းဆောင်ရှေ့မှာတော့ ကျိုး နွံဟန်ပြ။ လူထုခေါင်းဆောင်ရဲ့ စကား ကို အလွတ်ကျက်ပြီး ရေလဲသုံးပြ။ ပြီးတော့ လုပ်ပြန်တော့လည်း တလွဲစီ။ အဝေဖန်လည်း မခံနိုင်ကြ။ လုပ်ငန်း အကောင်အထည်ဖော်မှုကလည်း အများ အမြင်မှာ သံသယတွေဖြစ်။ တချို့များဆို ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒများ ကျင့်သုံးနေသလား ထင်ရလောက်အောင် ဖြစ်ပြီး အညှီနံ့တွေက ထွက်လာ။ ဖုံးဖိ သူက ဖုံးဖိပေးကြနဲ့။ တကယ့်ကို မြင်မ ကောင်း၊ ကြားမကောင်း။ အသက် ၇၀ ကျော် အမယ်အိုကြီးကို ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေလုပ်ပြီး မျက်စိ မှောက် အောင် မျက်လှည့်ပြနေသလား ထင်ရ တယ် ခင်ဗျ။

ဟုတ်ကဲ့။ အချိန် မနှောင်းသေးပါဘူး ခင်ဗျ။ သမ္မတကြီးဦးထင်ကျော်ကို အတုယူပြီး ပြင်ဆင်ဖို့ အချိန်ရှိပါသေး တယ်ဗျ။
သမ္မတကြီးလို လူထုခေါင်းဆောင် ကို ရော၊ ပြည်သူတွေကိုပါ ရိုရိုကျိုးကျိုး ဆက်ဆံ နိုင်ကြပါရဲ့လား။ ကမ်းနားသစ် ပင်တို့ရဲ့ သဘောသဘာဝအရ အနားယူ ခဲ့ကြရင်ကော အများပြည်သူကြားထဲ မိ မိအပါအဝင် တစ်ဆွေလုံးတစ်မျိုးလုံး ရင်ကော့ပြီး သာမန်ပြည်သူဘ၀နဲ့ လမ်း လျှောက်ရဲကြပါပြီလား။ အနားယူပြီး တဲ့နောက်ပိုင်း မိမိတို့ ဆွေမျိုးသားချင်း တွေရဲ့ စီးပွားရေး၊ ပိုင်ဆိုင်မှုတွေနဲ့ပတ် သက်ပြီး လိပ်ပြာသန့်ကြရဲ့လားဆိုတာ ကို တွေးမိစေချင်ပါတယ် ခင်ဗျ။

ဟုတ်ကဲ့ . . ကမ္ဘာကြီးဟာ ကျဉ်း ကျဉ်းကလေးပါ။ အချိန်ကာလ ဆိုတာ လည်း အင်မတန် တိုတောင်းလှပါတယ်။ ဒီကနေ့ မိမိတို့ရဲ့ ပြုမူဆောင်ရွက်နေတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံမှုတွေဟာ မကြာမတင်မှာပဲ သမိုင်းစာမျက်နှာပေါ် ရောက်သွားမှာပါ ခင်ဗျ။
ဗြတ်စာတို့ မဲပေးခဲ့တဲ့ ကိုယ်စား လှယ်တော်ကြီးတွေ သမိုင်းလှစေချင်ပါ တယ်။
တစ်ချိန်မှာ ရာထူးအရှိန်အဝါ မရှိတော့ တဲ့အချိန် ရောက်သော်လည်း ချစ်ခင်လေးစားမှုတွေနဲ့ လက်ဆွဲ နှုတ် ဆက်ချင်ပါသဗျ။

ဟုတ်ကဲ့ ခုတော့လည်း ဗြတ်စာခ မျာ…ခုတစ်လော ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခင်းအကျင်းကြောင့် ဗြတ်စာ တစ်ယောက် အနန္တသူရိယ အမတ်ကြီးရဲ့ “သူတည်း တစ်ယောက်၊ ကောင်းဖို့ ရောက်မူ” အစချီမျက် ဖြေလင်္ကာထဲက “ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက် သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်” ဆိုတဲ့ ကဗျာစာသားလေးကို ပြေးသတိရ နေမိတာပေါ့ဗျာ။

ယူတတ်ရင်တော့ သင်ခန်းစာပေါ့ ခင်ဗျာ။ သို့ပေသော်ငြား လူမိုက်များက ငါနှင့်မဆိုင်လို့ မှတ်ယူထားလိုက်ရင် တော့လည်း ဗြတ်စာလည်း ဘယ်တတ် နိုင်မတုန်း။