မြိတ်တွင်LED မီးအလှပြပွဲ ကျင်းပ

0
477

မြိတ်မြို့ ကမ်နားလမ်းတွင် LED ကမ္ဘာမီးအလှပြပွဲတော်ကို မတ်လ ၁၇ ရက် စပြီး ဧပြီလ ၁ ရက်အထိ ကျင်းပ မည်ဖြစ်ကြောင်း ပြပွဲတာဝန်ခံ ဦးရဲမြင့် ထံမှ သိရသည်။

အဆိုပါပြပွဲတွင်LED မီးလုံးများ ဖြင့် မြန်မာနိုင်ငံတော်မြေပုံ၊ ဖူဂျီမီး တောင်ပုံ၊ ပဲရစ်မျှော်စင်ပုံ၊ နှင်းဆီပန်း ခင်း၊ လပြည့်ဝန်းပုံ၊ အသဲပုံလျှောက်လမ်း၊ မြန်မာ့တူရိယာ စောင်း၊ ပတ္တလားပုံများ၊ ဆွမ်းအုပ်ပုံများ၊ ဂီတာ၊ မျက်မှန်၊ စန္ဒယား၊ လိပ်ပြာ၊ သင်္ဘော၊ မုတ် ကောင်နှင့်ပုလဲ၊ ရေသတ္တဝါပုံများကို ရောင်စုံမီးအလှများ ဖြင့် ပြထားသည်။
မီးအလှပြပွဲကို မြိတ်တွင် ပထမဆုံး အကြိမ် လာရောက်ပြသခြင်းဖြစ်ပြီး မြန်မာနိုင်ငံအရပ်ရပ်ရှိ မြို့များတွင်ပြသ ခဲ့ပြီးဖြစ်ကြောင်း တာဝန်ခံဦးရဲမြင့်က ပြောပြသည်။

အဆိုပါ မီးအလှပြပွဲတွင် ဝင်ကြေး အဖြစ် လူကြီးတစ်ဦးလျှင် ကျပ် ၃၀၀၀ နှင့် ကလေးတစ်ဦးလျှင် ကျပ် ၁၅၀၀ သတ်မှတ်ထားပြီး ရဟန်း၊ သီလရှင်၊ သက်ကြီးရွယ်အိုများ၊ ၅ နှစ်အောက် ကလေးငယ်များနှင့် မသန်စွမ်း ပုဂ္ဂိုလ် များအား အခမဲ့ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထားဝယ်မြို့ရှိ၊ ရပ်ခံတောင်ဘုရား ပွဲတွင်လည်း LED မီးအလှပြပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြုလုပ် ခဲ့သည်။