မလိဝမ်းရွှေတောင်ဦး ဘုန်းကြီးကျောင်းတွင် ကျောင်းသားနှစ်ဆယ်ခန့် အရေပြားယားယံ

0
507

ကော့သောင်းမြို့နယ် ၊ မလိဝမ်း ကျေးရွာရှိ ရွှေတောင်ဦး အမှတ် (၅)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် ကျောင်းသား နှစ်ဆယ်ဦးခန့်သည် အရေပြား ယားယံသည့်ဝေဒနာ ခံစား နေရကြောင်း ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။

ဘုန်းတော်ကြီးကျောင်းတွင် အသုံး ပြုနေသည့် ရေကို မလိဝမ်းချောင်းအတွင်း မှ သွယ်တန်း အသုံးပြုရခြင်းဖြစ်ပြီး ကလေးများ၏ အရေပြားယားယံမှုသည် ချောင်းရေကြောင့် ဖြစ်နိုင်သကဲ့ သို့ တစ် ကိုယ်ရေသန့်ရှင်းမူကြောင့်လည်း ဖြစ်နိုင် သည်ဟု ဆရာတော်က မိန့်ကြားသည်။
စာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၇၀ ဦးနှင့် ကျောင်းနေ အရွယ်မရောက်သေးသည့် ကလေး ၃၀ဦး အနက် ကျောင်းသူ၊ ကျောင်းသား ၂၀ဦး ခန့်မှာ အရေးပြားယားယံသည့် ဝေဒနာ ခံစားနေရသည်ဟု ဆရာတော်က မိန့်သည်။

ယခင်က သတိမထားမိခဲ့ဘဲ ပြီးခဲ့ သည့် နှစ်ပတ်က ထိုင်းနိုင်ငံမှ အလှူရှင် အဖွဲ့ တစ်ဖွဲ့ အလှူပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည့်အချိန်တွင်မှ သိရ သည်ဟု ဆရာတော်က မိန့်သည်။
“အဲဒီမှာပါလာတဲ့ သူနာပြုဆရာမ တစ်ယောက်က ကလေးကိုချစ်လို့ ကောက် ချီလိုက်တယ် ချီလိုက်တဲ့ ကလေးကိုယ် မှာ ပေါက်နေတဲ့အနာက သူနာပြု ဆရာမ ရဲ့ လက်နဲ့ထိမိပြီး ကူးစက်သွားတယ်လို့ နောက်တစ်ကြိမ် (တစ်ပတ်အကြာတွင်) ကျောင်းကို လာချိန်မှာ ပြန်ပြောပြတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

လာမည့် အပတ်အတွင်း ထိုင်းနိုင်င က ကျန်းမာရေးအဖွဲ့တစ်ဖွဲ့ လာရောက် ကာ ကလေးများ၏ တစ်ကိုယ်ရေသန့် ရှင်းရေး ပညာပေး ဟောပြောခြင်းနှင့် အခမဲ့ဆေးဝါး ကုသခြင်းများလုပ်ဆောင် ပေးမည်ဟု သိရကြောင်း ဆရာတော်က မိန့်သည်။