ကော့သောင်းရေမီတာ လျှောက်သူ သုံးဆယ်ကျော်သာရှိသေး

0
451

ကော့သောင်းမြို့နယ် စည်ပင် သာယာ ရေးအဖွဲ့က ပေးဝေမည့် ရေမီတာ လျှောက် ထားသူဦးရေ သုံးဆယ်ကျော်သာရှိ သေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ရေမီတာ လျှောက်လွှာများကို ဇန်န ဝါရီလ ကတည်းက စတင်လက်ခံခဲ့ပြီး မတ်လဒုတိယအပတ်အထိ လျှောက်ထား သူ ၃၃ ဦးသာ ရှိသေးကြောင်း ကော့သောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။
ယင်းဝါရေလှောင်ကန်တွင် သန့် စင်ထားသည့်ရေကို အေးရိပ်ငြိမ်၊ အောင် သုခ၊ ဘုရင့်နောင်၊ အဏ္ဏဝါ စသည့် ၄ ရပ်ကွက်ရှိ နေအိမ်များအား ဖြန့်ဝေပေး မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ လေးရပ်ကွက်တွင် အိမ် ခြေ ငါးထောင်နီးပါး ရှိသည်။

စည်ပင်သာယာရေးအဖွဲ့က ဖြန့်ဝေ သည့် ရေပိုက်ကြီးမှ နေအိမ်အထိ သွယ် တန်းမည့် ရေပိုက်၊ ရေမီတာ၊ လုပ်အားခ စသဖြင့် ကုန်ကျစရိတ်ကို လျှောက်ထား သူက ကျခံရမည်ဖြစ်ပြီး ကျပ်ရှစ်သောင်း ဝန်းကျင် ကုန်ကျနိုင်ကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

“ကုန်ကျစရိတ်မတတ်နိုင်သေး တော့ ယူဖို့မယူဖို့ ချိန်နေရသေးတယ်၊ လောလောဆယ် ရေကားနဲ့ကလည်း ခေါ်နေရတာ အဆင်မပြေဘူး”ဟု အောင်သုခ ရပ်ကွက်ကြေးနန်းဝင်းအတွင်း နေထိုင် သည့် အမျိုးသားတစ်ဦးက ဆိုသည်။
ယင်းဝါရေလှောင်ကန်မှာ နေအိမ် နှင့်နီးသော်လည်း သတ်မှတ်ထားသည့် ရပ်ကွက်တွင် မပါဝင်သည့်အတွက် ရေ မီတာ လျှောက်လိုသော်လည်း လျှောက် ခွင့်မရဖြစ်နေသည်ဟု ရွှေဇင်ယော်ရပ် ကွက် ပုလဲအတွင်းလမ်းတွင်နေထိုင် သည့် ဒေါ်လှိုင်က ဆိုသည်။

လက်ရှိတွင် အေးရိပ်ငြိမ်ရပ်ကွက် က ရေမီတာလျှောက်ထားသည့် နေအိမ် ၄ ဆောင်ကို စတင်စမ်းသပ်လွှတ်ပေးနေ ပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။