တနင်္သာရီတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဆေးရုံဖြေ တစ်ဆယ်ကျော်

0
448

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ဆေးရုံတက်ရောက်ဖြေ ဆိုနေသူဦးရေ တစ်ဆယ်ကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းများအရ သိရသည်။

ဆေးရုံစာစစ်ဌာနတွင် တက်ရောက် ဖြေဆိုနေသူကျောင်းသား ၄ ဦးနှင့် ကျောင်းသူ ၇ ဦးစုစုပေါင်း ၁၁ ဦးရှိ သည်။
ဆေးရုံတက်ရောက်ဖြေဆိုသူများ မှာ သာမန်မူးဝေ၊ ဗိုက်အောင့်၊ ဗိုက်နာ ရောဂါဖြစ်ပွားသူများနှင့် ယခင်ကတည်း က ရောဂါအခံရှိသည့် ကျောက်ကပ်ရော ဂါရှင်များဖြစ်ပြီး ကျောင်းသားများအား လုံးကိုယ်တိုင် စာမေးပွဲဖြေဆိုနိုင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

“သာမန်နေမကောင်းလို့ ဒီလိုပဲ ဆေးရုံတက်ဖြေတာပဲရှိတယ်။ ထိခိုက် ဒဏ်ရာရတဲ့သူတွေ မရှိဘူး” ဟု ၎င်းက ဆိုသည်။
ဆေးရုံတက်ရောက်ဖြေဆိုသူများ မှာ မြိတ်မြို့နယ်တွင် ၆ ဦး၊ သရက်ချောင်းမြို့နယ်တွင် ၂ ဦး၊ တနင်္သာရီ မြို့နယ်နှင့် ပုလောမြို့နယ်မှ ၁ဦးစီဖြစ်ကြောင်း တိုင်းပညာရေးမှူး ရုံးစာရင်းအရ သိရသည်။

တနင်္သာရီတိုင်းတွင် စုစုပေါင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ နှစ်သောင်း ကျော် (၂၁၉၂၄) ဦးရှိပြီး စာစစ်ဌာန ၄၅ ခု ဖွင့်လှစ်ခဲ့သည်။