ဆီအိုးကြီးအိပ်မက်

0
477

သို့….အမေ…ကျန်းမာချမ်းသာစေ ကြောင်း အဝေးကနေ ဆုတောင်းမေတ္တာပို့ ပါတယ်။
အသက်၇၀ကျော် အမေအိုကြီးတစ် ယောက် ဘယ်လောက်ပင်ပန်းမလဲဆိုတာ တွေးကြည့်ရင်း စိတ်မကောင်းဖြစ်ရပါ တယ်။ သန်း ၅၀ကျော်တဲ့ လူတွေအတွက် ပေးဆပ်ရင်းနဲ့ပါ။ ကျွန်တော်တို့မှာလည်း အားကိုးစရာ အမေပဲရှိနေတော့ အမေကိုပဲ တိုင်တည်စရာ ရှိပါတယ်။

“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါး တောင်လိုပုံ”ဆိုတဲ့ ဆိုရိုးလေးက ကျွန် တော်တို့ ဘိုးဘွားတွေရဲ့ ပေါကြွယ်ဝမှုကို ပြန်လည်အမှတ်ရစေပါတယ်။ အခုချိန်မှာ တော့ ဆီကိုလည်း ရေမချိုးနိုင်၊ ဆေးရိုး လည်း မီးမရှို့နိုင်၊ စပါးလည်း မထွက်လို့ ဆန်ဈေးတွေလည်း ကြီးလှပါတယ်။ အင်္ဂါနံတွေဖြစ်တဲ့ ဆီ၊ ဆေး၊ စပါးတွေ ပြန်လည်ပေါကြွယ်ဝဖို့ အိပ်မက်မက်မိပါ တယ်…အမေ။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ထုတ် Daily Eleven သတင်းစာမှာ မြန်မာနိုင်ငံ၏ဆီစား သုံးမှုနှုန်း နှစ်စဉ် တန်ချိန် ၁.၁သန်းခန့် ရှိပြီး ပြည်ပမှ စားသုံးဆီတန်ချိန် ၇၀၀၀၀ခန့် လစဉ် တင်သွင်းနေရတယ်လို့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌက ပြော ကြောင်း ဖတ်ရပါတယ်။ ဒါဆို ပြည်ပ ကနေ စားသုံးဆီတန်ချိန် ၈၄၀၀၀၀ ခန့် နှစ်စဉ်တင်သွင်းနေရတယ်လို့ တွက် ကြည့်မိတယ်။ စားသုံးဆီ တစ် တန်ကို ဒေါ်လာဘယ်လောက်ပေးရတယ်လို့ မသိ ပေမယ့် ဈေးကွက်ထဲမှာ စားအုန်းဆီ တစ်ပိဿာကို ၁၆၅၀ ကျပ် ရှိကြောင်း တွေ့ရပါတယ်။
ဆီကို ရေချိုးနိုင်ဖို့ဆိုတဲ့ အိပ်မက် ကြီးတစ်ခုကို ၁၉၉၉ခုနှစ်လောက်မှာ မက်ခဲ့ကြပါတယ်။ တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးဖြစ်ရမယ်လို့ ကြေညာခဲ့ပါတယ်။ ဆီအိုးကြီးဖြစ်၊ မဖြစ် တော့ မသိပါဘူး..အမေရယ်၊ ကျွန်တော် တို့ တနင်္သာရီတိုင်းသားတွေရဲ့ မီးဖို ချောင်မှာတော့ ထိုင်းနိုင်ငံက ထုတ်တဲ့ ဆီပုလင်းတွေ နေရာယူထားကြပါတယ်။ အခုချိန်ထိလည်း ဆီအိုးကြီးအိပ်မက်ကို မက်နေရင်းပါ။

Forest Trends ဆိုတဲ့ နိုင်ငံတကာ အဖွဲ့ကြီးက Kevin Wood ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ရေးသားချက်အရ ၂၀၁၃ ခုနှစ်အထိ တနင်္သာရီတိုင်းအတွင်း ဆီအုန်း စိုက်ပျိုးမှုကို သိရပါတယ်။ ဒီစာရင်းက စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနက ရတယ်လို့ ဖော်ပြထားတယ်။
သမ္မတကြီးဦးသိန်းစိန်လက်ထက် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကလွှတ်တော်သတင်းလွှာတွေ ထုတ်ဝေ ပါတယ်။ လွှတ်တော်သတင်းလွှာအမှတ် စဉ်(၈)မှာ ၂၀၁၁-၂၀၁၂ခု ဘဏ္ဍာရေး နှစ်မှ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး စက်မှုသီးနှံဖွံ့ဖြိုးရေးဦး စီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအ နေတင်ပြချက်ဆိုပြီး ဖတ်ရပါတယ်။ ၂၀၁၄-၂၀၁၅ခုနှစ် တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ဆီအုန်းကုမ္ပဏီများ၏ မြေ ရယူထားရှိမှုနှင့် စိုက်ပျိုးထားမှု အခြေအ နေဆိုပြီး ဖော်ပြထားပါတယ်။

အများဆုံးမြေရယူထားတဲ့ ကုမ္ပဏီ ကြီးတွေကတော့ ယုဇန၊ Auto Indu-strial Group, MSPP(Myanmar Stark Prestige Plantation)၊ ပိုကောင်း၊ မြန်မာနိုင်၊ ရွှေကမ္ဘောဇ၊ ထူးဒရေးဒင်း၊ ပြည့်ဖြိုးထွန်း၊ အဏ္ဏဝါ ထွန်း၊ ရွှေအဟုန် စတဲ့ ကုမ္ပဏီကြီးတွေလို့ တွေ့ရပါတယ်။Kevin Wood ရဲ့ စာရင်းနဲ့ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနရဲ့ စာရင်းကွာခြား ချက်ကိုတော့ ကျွန်တော်လည်း မတွေး တတ် ပါဘူး..အမေ။
၂၀၀၀ခုနှစ်လောက်မှာ မြ၀တီနဲ့ မြန်မာ့ရုပ်မြင်သံကြားကနေ ဆီအုန်းစိုက် ခင်းကြီးတွေဆီကို သင်္ဘောကြီးတွေနဲ့ ခရီးစရိတ် အခမဲ့ပို့ဆောင်ပေးကြောင်း၊ နေစရာအိမ်၊ ဆေးရုံ၊ ကျောင်း၊ ဈေးတွေ ကိုလည်း ပြသဖူးပါတယ်။ အဲဒီခေတ်ရဲ့ အတော်များတဲ့ လုပ်အားခတစ်ရက် ၁၀၀၀ ကျပ်ပေးမယ်လို့ ကြားခဲ့ရပါ တယ်။ နောက်ပိုင်းတော့ အသံတွေ၊ ရုပ် တွေ ပျောက်သွားခဲ့ပါတယ်။

အမေ…ကျွန်တော်တို့ တနင်္သာရီ တိုင်းဆိုတာ တောင်ဘက်အစွန်းဆုံးမှာပါ၊ လမ်းတွေ မကောင်းသလို၊ ဆက်သွယ် ရေးလည်း မကောင်းခဲ့ပါဘူး၊ ပြည်တွင်း စစ်ကလည်း ဟုန်းဟုန်းတောက်ခဲ့တယ်။သတင်းမီဒီယာတွေဆိုတာလည်း မရှိသ လောက်ပဲ။ ပြည်မကြီးက သတင်း ထောက်တွေဆိုတာလည်း လာခဲပါတယ်။ ဒီလိုနဲ့ ၂၀၁၀လောက်မှာ အခြေအနေ တွေ ပြောင်းလာတယ်။ အပစ်ခတ်ရပ်စဲ နိုင်ခဲ့တယ်။ လမ်းတွေ၊ ဆက်သွယ်ရေးတွေ ကောင်းလာတယ်။ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ ပေါ်လာတယ်၊ သတင်းမီဒီ ယာတွေ ပေါ်လာတယ်။ ဆီအုန်းစီမံကိန်း ကြီးရဲ့ ဇာတ်လမ်းတွေ ပေါ်လာပါတယ်။
အစိမ်းရောင်ကန္တာရ – တနင်္သာရီ တိုင်းမှ ဒေသခံများ MSPP ဆီအုန်းစိုက် ပျိုးရေးလုပ်ငန်းကို ငြင်းဆန်အံတုမှု ဆို တဲ့ စာအုပ်ကို ၂၀၁၆ခုနှစ်မှာ ဖြန့်ဝေခဲ့ တယ်။ အတော်ပြည့်စုံတဲ့ သုတေသန အစီအရင်ခံစာလေးပါ။ ကုမ္ပဏီပေါင်း ၄၀ကျော် ၅၀ကျော်ရှိတဲ့ ဆီအုန်း စီမံကိန်းရဲ့ ပြဿာနာများကို မီးမောင်း ထိုးပြထားပါတယ်။ MSPP သာမက အခြားကုမ္ပဏီကြီးများဖြစ်တဲ့ ယုဇန၊Auto Industrial Group, MSPP ( Myanmar Stark Prestige Plantation)၊ ပိုကောင်း၊ မြန်မာနိုင်၊ ရွှေကမ္ဘောဇ၊ ထူးထရေးဒင်း၊ ပြည့် ဖြိုးထွန်း၊ အဏ္ဏဝါထွန်း၊ ရွှေအဟုန်စတဲ့ ကုမ္ပဏီတစ်ခုချင်းစီကိုလည်း လေ့လာ ဖော်ထုတ်နိုင်ရင် ပိုကောင်းမှာပါ။

အစိမ်းရောင်ကန္တာရစာအုပ်အရMSPP ကုမ္ပဏီရဲ့ နောက်ခံသမိုင်း ကြောင်း၊ ငွေရေးကြေးရေး၊ မြေယာပိုင် ဆိုင်ခွင့်၊ ဒေသခံများ၏အသက်မွေးဝမ်း ကြောင်း အပေါ်ထိခိုက်မှုများ၊ သစ်ထုတ် လုပ်ခြင်း၊ သီးနှံများ ပျက်စီးခြင်း၊ ပိုးသတ်ဆေးကြောင့် တိရစ္ဆာန်များ သေဆုံးခြင်း၊ ရေများညစ်ညမ်းခြင်း၊ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးခြင်း၊ အကြွေးတင်ခြင်းစတဲ့ အကြောင်းအရာ တွေကို လေ့လာတင်ပြထားပါတယ်။

ဒေသခံတွေကြုံတွေ့နေရတဲ့ ပြဿ နာများကို ဖြေရှင်းနိုင်ဖို့ ပြည်ထောင်စု အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး၊ MSPP ရယ်၊ သူနဲ့ပတ်သက်တဲ့ ကုမ္ပဏီ၊ ငွေချေးပေးတဲ့ ဘဏ်တွေကို အကြံပြု တောင်းဆိုထားတာလည်း တွေ့ရပါ တယ်။ ဒီအကြံပြုချက်တွေကို ဘယ် လောက်လိုက်နာလဲဆိုတာတော့ အခုဖြစ် ပျက်နေတဲ့ ကိစ္စတွေက သက်သေခံမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်သတင်း လွှာ အမှတ်စဉ်(၈)အရ MSPP ကုမ္ပဏီကို အစိုးရကနေ မြေဧက မြိတ်ခရိုင်မှာ ၄၂ယ၂၀၀ ဧကနဲ့ ကော့သောင်းခရိုင်မှာ မြေ ဧက ၃၀ယ၀၀၀ စုစုပေါင်း၇၂ယ၂၀၀ ဧက ချထားပေးတာ တွေ့ရပါတယ်။ ဒီလို မြေပိုင်ခွင့်ချထားပေးတဲ့ မြိတ်ခရိုင် ရှိဧက ၄၂ယ၂၀၀ထဲမှာ လူဦးရေ ၄၄၈၀ နေထိုင်တဲ့ ကျေးရွာ (၁၃)ရွာ ရှိနေပါ တယ်။ ကော့သောင်းခရိုင်မှာ ခွင့်ပြု ထားတဲ့ မြေဧက ၃၀ယ၀၀၀ထဲမှာကော ရွာတွေ ဘယ်နှစ်ရွာ လောက်ရှိသလဲ ဆိုတာ တွေးမိတယ်။ အခြားကုမ္ပဏီတွေ ရယူထားတဲ့ မြေတွေထဲမှာ ကျေးရွာ ပေါင်း ဘယ်လောက်ပါနေလဲ ဆိုတာ… ဘယ်သူမှ မသိပါဘူး . . အမေရယ်။

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Fauna & Flora international (FFI ) က John Patrick Basket အလွတ်တန်း စိုက်ပျိုးရေးအကြံပေးက ဆီအုန်းစိုက်ခင်း တွေကို လေ့လာပြီး ၂၀၁၆ခု ဖေဖော်ဝါရီ လမှာ စာအုပ်ထုတ်ဝေတယ်။ ဒီစာအုပ်မှာ ဖော်ပြထားတာက
“စုစုပေါင်းစိုက်ခင်းနေရာ ၁၂ နေ ရာကို သွားခဲ့သည်။ စိုက်ခင်းများ၏ အကျယ်အဝန်း၊ ထုတ်လုပ်မှုနှင့် ရေရှည် ထုတ်လုပ်နိုင်သော စံနှုန်းတို့မှာ မတူညီ ကြ။ ကွာခြားမှု ကြီးမားကြသည်။ ထို ဒေသရှိ ရာသီဥတုသည် စိုက်ပျိုးသူများ အတွက် အထွက်နှုန်း အမြင့်ဆုံးရနိုင်ရန် မမျှော်မှန်းနိုင်သော်လည်း အချို့သော အစောပိုင်း စိုက်ပျိုးထားသည့် ကမ်းရိုး တန်း တစ်လျှောက်ရှိ မြေပြန့်များသော တောင် ကုန်းများရှိ မြေဆီကောင်းသော နေရာများတွင် အထွက်နှုန်း ကောင်းများ ရရှိတာ တွေ့ရသည်။ ထိုနေရာမျိုးတွေမှာ တိုးချဲ့ စိုက်သင့်သည်။”
တာဝန်ရှိသူတွေအနေနဲ့ ဒီအချက် ကို သေသေချာချာစဉ်းစားဖို့ ကောင်းပါ တယ်။
အစီရင်ခံစာက ဆက်ရေးပါတယ်။

“အစိုးရ၏ စိုက်ပျိုးမြေတိုးချဲ့ရန် မြေယာချထားမှု မူဝါဒများမှာ လုံလောက် သော မြေအသုံးချမှု အစီအစဉ်များ မရှိ သဖြင့် သစ်တောပြုန်းတီးမှုများ အလွန် အကျွံဖြစ်စေခြင်း၊ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများကို ဆိုးကျိုးများ ဖြစ်စေသည်။ ထို့အပြင်စိုက် ပျိုးရန် မသင့်တော်သောမြေများ၊ မတ် စောက်သော တောင်ကုန်းများပေါ်တွင် စိုက်ပျိုးခြင်းများသည် ရေရှည်တွင် ထွန် နှုန်းများ ကျဆင်းစေပြီး စီးပွားရေးအရ အကျိုးအမြတ်ရရှိနိုင်ချေနည်းပေသည်”တဲ့။
မှားခဲ့ပါပြီ . . အမေ။

“ယေဘုယျအားဖြင့် အနည်းငယ် သော စိုက်ခင်းများမှလွဲ၍ အများစုသည် စီမံကွပ်ကဲမှု အားနည်းကြပါသည်။ စီမံ ကွပ်ကဲမှု နည်းလမ်းများသည် စိုက်ပျိုး သီးနှံအပေါ် ပဓာနထားမှုမရှိချေ။ အဓိက အားနည်းချက်များမှာ ချမှတ် ထားသော ဝန်ထမ်းမူဝါဒအားနည်းခြင်း၊ သင်တန်း များ မပေးခြင်းနှင့် စိုက်ပျိုးရေးအတွေ့ အကြုံ နည်းခြင်းတို့ကြောင့် ဖြစ်သည်။ အချို့သောခြံများ ဆီသီးခူးသည့်လုပ်ငန်း စဉ်များတွင် အထောက်အကူပြုပစ္စည်း များမှာ စိတ်ပျက်ဖွယ်ကောင်းလောက် အောင် လုံလောက်မှု မရှိသောကြောင့် လေလွင့်ဆုံးရှုံး မှုများ ဖြစ်ပေါ်နေသည်။ ရုံးချုပ်မှ ထောက်ပံ့ ငွေပြတ်လပ်မှုကြောင့် တစ်ခါတစ်ရံတွင် စိုက်ခင်းများ ပြဿနာ ကြုံ တွေ့ရသည့် အဖြစ်လည်းရှိသည်”တဲ့။

လွန်ခဲ့ပါပြီ..အမေ။
ယူထားတဲ့မြေဧက ၁၀ သိန်းမှာ စိုက်ထားတာက ၃ သိန်းကျော် ၄ သိန်း လောက်ပေါ့။ ကျန်တဲ့မြေဧက ၆ သိန်း လောက်ကို ထပ်မစိုက်စေချင်တော့ပါ။ ဒေသနေ ပြည်သူတွေရဲ့ ဒုက္ခတွေကို လည်း ဖြေရှင်းပေးစေချင်ပါတယ်။
အခုစိုက်ပျိုးပြီးတဲ့ ဆီအုန်းတွေကို လည်း အကောင်းဆုံးဖြစ်အောင် ပြန်ကု စားဖို့ လိုနေပါတယ်။ မိအေးတို့ နာချက် ကတော့ တစ်ဘက်ကမ်း ရောက်နေပါပြီ။
အလုပ်အရမ်းများတဲ့ အမေ…ဒီ စာကို ဖတ်မိမယ်လို့ မျှော်လင့်ပါတယ်။အမေ..ကျန်းမာချမ်းသာပါစေ။ အမေက လွဲလို့မှ တစ်ပါးအခြားမရှိပါ။
အမေ…ကျန်းမာချမ်းသာပါစေ။

အမေကိုချစ်တဲ့…
အဝေးတစ်နေရာ ဆီအိုးကြီးထဲက ရွှေဝယ်ဒိုး။