ခမောက်ကြီးမြို့ စည်ပင်အမှိုက် စသိမ်းမည်

0
537

လူဦးရေတိုးလာခြင်းနှင့်အတူ ချောင်းထဲသို့ စည်းကမ်းမဲ့အမိုက်စွန့် ပစ်မှုများ ရှိလာသည့် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် မြို့စည်ပင်သာ ယာရေးအဖွဲ့က အမှိုက်များကို စတင် သိမ်းဆည်းမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ထံမှ သိရသည်။

ယခင်က ခမောက်ကြီးမြို့တွင် စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်း ဆည်းခြင်း မရှိခဲ့သော်လည်း မြို့လူဦးရေ များပြားလာခြင်းကြောင့် လာမည့်ဘဏ္ဍာ ရေးနှစ်မှ စတင်သိမ်းဆည်းမည်ဖြစ် ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့က ခမောက်ကြီးမြို့ တာဝန်ခံ ဦးမန်းထွန်း ယုအောင်က ပြောသည်။
“အရင်ကတော့ နေအိမ်တွေက ထွက်တဲ့ မီးဖိုချောင်အမှိုက်တွေကို တစ် နေ့စာတစ်နေ့ ကိုယ်ပိုင်တဲ့ခြံဝင်းထဲမှာ မီးပုံရှို့ပစ်ကြတာဆိုတော့ အမှိုက်က ပြဿနာ မရှိဘူး”ဟု ဦးမန်းထွန်းယု အောင်က ဆိုသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရက ခမောက်ကြီး မြို့အတွက် အမှိုက်ကားတစ်စီး ခွင့်ပြု ပေးရန်ရှိသည်ဟု ၎င်းက ဆိုသည်။

ခမောက်ကြီးမြို့တွင် ရပ်ကွက်နှစ် ခုနှင့် ကျေးရွာ ၆ ရွာရှိပြီး မြို့စည်ပင် သာယာရေးနယ်နိမိတ်ဖြစ်သည့် ရပ် ကွက် ၂ ခုတွင် အမှိုက်သိမ်းဆည်းမည် ဖြစ်ကြောင်း ဦးမန်းထွန်းယုအောင်က ဆိုသည်။
အမှိုက်သိမ်းသည့်လုပ်ငန်းမှာ စည် ပင်သာယာရေးအဖွဲ့က လုပ်သင့်သည့် အလုပ်ဖြစ်ပြီး လိုအပ်ပါက ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ခမောက် ကြီးမြို့ခံတစ်ဦးဖြစ်သူ ဦးရဲလေးက ပြော သည်။
“ချောင်းထဲကို ရွာထဲက လူတွေ အမှိုက်ပစ်တာတော့ သိပ်မရှိဘူး ၊ အနီး နားဆီအုန်းစိုက်ခင်းတွေက ဆီအုန်း လက်တွေ လာပစ်သလို ဈေးဆိုင်တွေက ထွက်တဲ့ စွန့်ပစ်အမှိုက်တွေပဲ ညဘက် လူခြေတိတ်ချိန် ချောင်းထဲပစ်ကြတာ များတယ်”ဟု ၎င်းက ဆိုသည်။

ခမောက်ကြီးမြို့(ယခင်ခမောက် ကြီးမြို့နယ်ခွဲ) မြို့ပြဧရိယာတွင် ပြီးခဲ့ သည့် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ၁၀၇၅၇ ဦးရှိ သည်။