နိုင်လွန်ကတ္တရာ ကီလိုမီတာ ခုနစ်ဆယ်ခန့် ထပ်ခင်းမည်

0
354

လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း နိုင်လွန်ကတ္တရာ (AC)လမ်း ၇၀ ကီလိုမီတာခန့်ခင်းမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။
တိုင်းအတွင်းရှိ ခရိုင်သုံးခုတွင် ခင်းမည်ဖြစ်ပြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင် ပိုခင်းမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။

“ရန်ပုံငွေ အတည်မပြုရသေးလို့ (AC ခင်းမည့် လမ်းအရှည်)ခရိုင်အလိုက်တော့ မခွဲရသေးဘူး”ဟု ဦးဝင်းမင်းထွဋ်က ပြောသည်။

ယခုနှစ်တွင် ထားဝယ်ခရိုင်တွင် နိုင်လွန်ကတ္တရာလမ်းအရှည် ၅၆ ကီလိုမီတာခန့်၊ မြိတ်ခရိုင်တွင် ၂၅ ကီလို မီတာခန့်နှင့် ကော့သောင်းခရိုင်တွင် ၁၁ကီလိုမီတာခန့် ခင်းခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။ နိုင်လွန်ကတ္တရာလမ်း တစ်ကီလို မီတာလျှင် ငွေကျပ်သန်း ၂၀၀ ကျော် ကုန်ကျကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။