ဦးအေးနေဝင်းနှင့် တွေ့ဆုံမှု တနင်္သာရီဝန်ကြီးချုပ် ပြန်ရှင်း

0
399

တနင်္သာရီတိုင်းအတွင်း မည်သည့် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ကို ဦးအေး နေဝင်းနှင့် ဆွေးနွေးခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြန်လည်ရှင်းလင်း ပြော ဆိုခဲ့သည်။
ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်း နှင့် ဒေါက်တာလဲ့လဲ့မော်တို့ တွေ့ဆုံခဲ့ပုံ ကို ဦးအေးနေဝင်းက မတ်လ ၁၂ ရက်နေ့ တွင် ၎င်း၏ Facebook စာမျက်နှာပေါ် တင်လိုက်ပြီးနောက် တနင်္သာရီတိုင်းဒေ သကြီးအတွင်းရှိ Facebook သုံးစွဲသူ များအကြား လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ သည်။
“၂ ရက်၊ ၄၈ နာရီကြာ အချိန်က ဘယ်လိုကုန်သွားလိုက်တယ် မသိဘူး။ စိတ်ထဲမှာ သီတင်းတစ်ပတ်လောက် ကြာသွားသလိုပဲ”ဟု ဦးအေးနေဝင်း၏ Facebook စာမျက်နှာပေါ်တွင် တင် လိုက်ပြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နှင့် တွေ့ဆုံနေသည့်ပုံအပါအဝင် ဓာတ်ပုံ ၅ ပုံ မျှဝေဖော်ပြခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဦးအေးနေဝင်းတို့ မတ်လ ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုင်းအတွင်း မည် သည့်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဆို သည့်အကြောင်းအရာကိုသာ ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ၎င်း၏ကိုယ်ရေးအရာရှိမှ တစ်ဆင့် ဖြေ ကြားခဲ့သည်။
“အခြားကုမ္ပဏီတွေ လာသလိုပဲ ရိုးရိုး လာတွေ့တာ။ ဒါကြောင့် လက်ခံ တွေ့တာပါ”ဟု တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်၏ ကိုယ်ရေး အရာရှိက ပြောသည်။

ဧည့်သည်ဖြစ်သူကို အိမ်ရှင်က လက်ခံတွေ့ဆုံခြင်းမှာ အပြစ်မဟုတ် သော်လည်း ဒီမိုကရေစီသွားနေသည့် လမ်းကြောင်းတွင် ဒီမိုကရေစီဘက်တော် သားများက မျက်မုန်းကျိုးသူနှင့် လက်ခံ တွေ့ဆုံသည့်အတွက် စိတ်မကောင်းဖြစ် မိကြောင်း တနင်္သာရီ မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးရဲမြင့်ဆွေက ဆိုသည်။
“တွေ့တာက ဘာအကြောင်းအရာ လဲဆိုတာ မသိဘူးပေါ့၊ ဒါပေမယ့် အကုန်လုံးက အမြင်မကြည်တဲ့သူဖြစ်နေတဲ့ အခါကျတော့ တွေ့တဲ့အခါကျတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေတယ်လေ”ဟု ဦးရဲမြင့်ဆွေက ပြောသည်။

ဦးအေးနေဝင်း၏ အဖိုးဖြစ်သူ ဗိုလ်ချုပ်နေဝင်းမှာ ၁၉၆၂ ခုနှစ်တွင် တိုင်းပြည်အာဏာ သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံကို မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်တစ်ပါတီ အာဏာရှင်စနစ်ဖြင့် အုပ် ချုပ်ခဲ့ပြီး နောက်ဆုံး မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်သွားခဲ့သည်။
လက်ရှိ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပေါ်ပေါက်စေခဲ့ သည့် ရှစ်လေးလုံး အရေးတော်ပုံတွင် လည်း ကျောင်းသားပြည်သူများကို ရက် စက်စွာ နှိမ်နင်းခဲ့မှုကြောင့်လည်း များစွာ ဖေဝန်ခံခဲ့ရသည်။
ဦးအေးနေဝင်းမှာလည်း စစ်အစိုးရ လက်ထက် ၂၀၀၂ ခုနှစ်တွင် အစိုးရကို ဖြုတ်ချရန် ကြံစည်မှုဖြင့် အခြားသူများ နှင့်အတူ သေဒဏ်ပေးခြင်း ခံရပြီး သမ္မတ ဦးသိန်းစိန်လက်ထက် လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာသည်။

ဦးနေဝင်းမှာလည်း နေအိမ်အကျယ် ချုပ်ဖြင့် နေထိုင်ခဲ့ရပြီး အသက် ၉၂ နှစ် အရွယ် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ကွယ်လွန်ခဲ့သည်။
ဦးနေဝင်းနှင့် မိသားစုများမှာ ဖမ်း ဆီးမခံရမီက တနင်္သာရီတိုင်းဒေသကြီး တွင် ဆီအုန်းစိုက်ပျိုးရေးကဲ့သို့သော လုပ်ငန်းများ ရှိခဲ့သည်။ ဦးအေးနေဝင်းမှာ လက်ရှိတွင် တပ်မတော်ထောက်ခံပွဲများ၊ အမျိုးဘာသာသာသနာ ထောက်ခံပွဲများ တွင် ပါဝင်လျက်ရှိသူ ဖြစ်သည်။

ဦးနေဝင်းက တိုင်းပြည်အပေါ် ယုတ်မာစွာ လုပ်ဆောင်မှုများရှိခဲ့သော် လည်း အမျိုးအနွယ်ကိုလိုက်ကာ အစွဲ ဖြင့်ယူဆခြင်းမျိုး မဖြစ်သင့်ကြောင်းကို ကိုးကျွန်းပြန် တစ်ဦးဖြစ်သူ ဦးလှိုင်တင် က ဆိုသည်။
“ပုဂ္ဂိုလ်ရေးအရ ဦးနေဝင်းအနေနဲ့ တိုင်းပြည်ကို ယုတ်ယုတ်မာမာ ရှိတယ် ဆိုပေမယ့် သူ့သားတွေ၊ မြေးတွေက ဘယ်လို သဘောထားရှိလည်း သူတို့ ဘာလုပ်နေလဲဆိုတာ လိုက်ဖို့လိုတယ်၊ ဝါးလုံးရှည်နဲ့ ရမ်းတာမျိုးလည်း မဖြစ် သင့်ဘူး”ဟု ဦးလှိုင်တင်က ပြောသည်။
ဦးလှိုင်တင်သည် နိုင်ငံရေးလှုပ် ရှားမှုဖြင့် စစ်အာဏာသိမ်း ဦးနေဝင်း အစိုးရလက်ထက် ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ တစ်သက်တစ်ကျွန်း ပို့ခံရပြီး ကျွန်းပေါ်တွင် ၃ နှစ်ခန့် နေထိုင်ခဲ့ရသည်။