မြန်မာ-ထိုင်းချစ်ကြည်ရေး ဆွမ်း ခြောက်လောင်းလှူပွဲ ကျင်းပမည်

0
423

သံဃာအပါး ၅၀၀ ကျော်ဖြင့် ဒုတိယအကြိမ် မြန်မာ-ထိုင်း ချစ်ကြည် ရေး ဆွမ်းခြောက်လောင်းလှူပွဲကို မြိတ် မြို့ စန္ဒဝတ်ကျေးရွာ စန္ဒ၀တီ ကုန်းတော် ပေါ်ရှိ မဟာသိဒ္ဓိဇယျ စေတီတော်တွင် ဧပြီလ ၂၂၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲဖြစ်မြောက်ရေး အကျိုးတော် ဆောင် အဖွဲ့ထံမှ သိရသည်။

ဒုတိယအကြိမ် ဆွမ်းခြောက် လောင်းလှူပွဲတွင် မြိတ်မြို့မှ ပင့်သံဃာ ၂၄၀ ပါး၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းမှ ပင့်သံဃာ ၂၀၀ ပါးနှင့် ထိုင်းနိုင်ငံမှ ပင့်သံဃာ ၁၀၀ ပါး စုစုပေါင်း ၅၄၀ ပါးတို့ဖြင့် ဆွမ်းခြောက် လောင်းလှူ ပွဲပြုလုပ်မည်ဖြစ်ကြောင်း အကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။

စေတနာအလှူရှင်များအနေဖြင့် ဆွမ်းဆေးအစရှိသော လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်း၊ မတည် အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ ပင့်သံဃာများ အဆင်ပြေစွာ ကြွရောက် အလှူခံနိုင်ရန် ယာဉ်များလှူဒါန်းခြင်း၊ လုပ်အားဒါနများဖြင့် ပါဝင်ခြင်းစသဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အကျိုး ဆောင်အဖွဲ့မှ သိရသည်။

အဆိုပါ ဆွမ်းခြောက်လောင်းလှူ ပွဲကို ဩဝါဒဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် မြိတ်သူ/သားများ၊ ဘာ သာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ပရ ဟိတ လူငယ်အဖွဲ့များမှ စုပေါင်းကျင်း ပခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ-ထိုင်းချစ်ကြည်ရေးဆွမ်းခြောက်လောင်းပွဲကို ယမန်နှစ် ဇန်နဝါရီ လ ၃၁ ရက်က မဟာသိဒ္ဓိဇယျစေတီ တော်တွင် မြိတ်မြို့မှ ပင့်သံဃာအပါး ၂၅၀ ပါးနှင့် ထိုင်းနိုင်ငံမှ ပင့်သံဃာအ ပါး၂၀၀ပါး စုစုပေါင်း ၄၅၀ ပါးဖြင့် ပထမအကြိမ် ကျင်းပခဲ့သည်။