နွေရာသီ မွန်စာသင်တန်း မြို့နယ် ၁၈ ခုတွင် ဖွင့်လှစ်

0
463

နွေရာသီ မွန်စာသင်ကြားမှုသင် တန်းကို မွန်ပြည်နယ်တွင် သာမက မွန် လူမျိုးများနေထိုင်ရာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်းနှင့် မန္တလေးတိုင်းတို့ရှိမြို့နယ်၁၈ မြို့နယ်တွင် မတ်လပထမအပတ်မှစကာ ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်သည်။

နွေရာသီ မွန်စာသင်ကြားမှုသင် တန်းကို မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းအစဉ် အလာများ တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးစေလိုသည် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ဖွင့်လှစ်သင် ကြားပေးလျက်ရှိကြောင်း မွန်ဒေသလုံး ဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ် ကျေးမှုအဖွဲ့ထံမှ သိရသည်။
“ကျောင်းသူ/သားတွေရဲ့ အနေအ ထားက တစ်နှစ်ထက်တစ်နှစ်ကို ပိုပြီး တော့ များလာတယ်၊ မနှစ်ကဆိုရင် မြို့နယ် ၁၈ မှာပေါ့ မွန်စာသင်တဲ့ ကလေးက ၈ သောင်းလောက်ရှိတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ အတွင်းရေး မှူး နိုင်မွန်ရာဇာက ပြောသည်။

နွေရာသီ မွန်စာသင်ကြားမှုသင် တန်းကို သံဃာတော်များကသာ သင် ကြားပေးကြသည့်အတွက် တစ်နှစ်ထက် တစ်နှစ်ပိုများလာသည် ကျောင်းသူ ကျောင်းသားများကြောင့် သင်ကြားပေး သည့် ဆရာအခက်အခဲများ ရှိနေသည်ဟု လည်း ၎င်းက ဆက်ပြောသည်။
“ကျောင်သားတွေများတော့ အဓိက အခက်အခဲဖြစ်တာက ဆရာမလုံလောက် မှုပါ၊ ဆရာအတွက် အကူအညီပေးလာ တာရှိပေမယ့် ကျောင်းသားတွေက တစ် ရက် တစ်ရက်များများလာတော့ ဆရာအ တွက် အခက်အခဲဖြစ်နေဆဲပါပဲ”ဟု ကျောင်းသူ ကျောင်းသား ၁၅၀၀ ခန့် တက်ရောက်သင်ကြားနေသည့် မော်လ မြိုင်မြို့ပေါ်ရှိ ရာမညရဌဗုဒ္ဓတက္ကသိုလ်မှ တာဝန်ခံဆရာတော်က မိန့်ကြားသည်။

လွတ်လပ်ရေးရရှိပြီးစ ဦးနု အစိုးရ လက်ထက်က အစိုးရကျောင်းတွေမှာ မွန်စာပေကို တရားဝင် သင်ကြားခွင့် ပေးခဲ့ပေမယ့် မဆလ အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှစပြီး မွန်စာပေကို တရား ဝင် သင်ကြားခွင့် မရရှိတော့ဘဲ ကျောင်း အချို့မှာ နားလည်မှုဖြင့် အချိန်ပိုင်း သင် ကြားခွင့် ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ မွန်စာသင်ကြားခွင့်ကို လုံးဝပိတ်ပင်ခံ ခဲ့ရကာ နောက်ပိုင်းတွင် မွန်စာကို နွေရာ သီအချိန်တွင် ဘုန်းတော်ကြီးကျောင်းတွေ အစိုးရစာသင်ကျောင်းတွေမှာ သံဃာ တော်တို့က သင်ကြားပေးလာခဲ့သည်။
တဖန် ဦးသိန်းစိန် အစိုးရလက် ထက် ၂၀၁၀ နောက်ပိုင်းကာလတွင် အ စိုးကျောင်းတွေမှာ မွန်စာသင်ကြားခွင့် ပြန်လည်ရရှိလာခဲ့ပြီး အတိုင်းတာတခု အထိ အကောင်အထည်ဖော်နိုင်ခဲ့သော် လည်း လက်ရှိ NLD ဦးဆောင်အစိုးရ လက်ထက်မှာတော့ မွန်စာသင်ကြားမှု အခြေအနေသည် ထင်သလောက် အောင်မြင်မှုမရှိကြောင်း မွန်ပြည်နယ် လွှတ် တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး က ပြောခဲ့သည်။

ယမန်နှစ် နွေရာသီ မွန်စာပေသင် ကြားမှုသင်တန်းသို့ မြို့နယ်ပေါင်း ၁၈ မြို့နယ်တို့မှ ကျောင်းသူ၊ ကျောင်းသား ပေါင်း ၈ သောင်းခန့် တက်ရောက်သင် ကြားခဲ့ပြီး ဗဟိုအဆင့် စာမေးပွဲဝင်ရောက် ဖြေဆိုခဲ့သူ ၁၆၀၀ ကျော်ရှိသည်ဟု မွန် ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ရှိ စာရင်းအရ သိရသည်။